Local News

မပြားစိန္ အမႈ ေနာက္ဆက္တြဲ အေျခအေန

မတရားျပဳက်င့္ခံရတဲ့အေနအထားေတြနဲ႔ ေသဆုံးခဲ့ရတဲ့ အသက္ ၁၁ႏွစ္အ႐ြယ္မပြားစိန္ အမႈ ေနာက္ဆက္တြဲ အေျခအေန

စစ္ကိုင္းတိုင္း ၊ ေ႐ႊဘိုၿမိဳ႕ မွာ ၁ရက္ၾကာေပ်ာက္ဆုံးၿပီး ေနာက္႐ုပ္အေလာင္း သာျပန္ရခဲ့တဲ့ အသက္ ၁၁ ႏွစ္အ႐ြယ္ ကေလးငယ္ မပြားစိန္ ေသဆုံးခဲ့ရမႈအတြက္ အမႈဖြင့္တိုင္ၾကားထားတယ္လို႔ မိသားစုဝင္တစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

႐ုပ္အေလာင္းကိုေတြ႕ခ်ိန္မွာ ရဲ႕ ခႏၶာကိုယ္ေအာက္ပိုင္းဝတ္လစ္စလစ္အေနအထားနဲ႔ မတရားျပဳက်င့္ခံရတဲ့ ‌အေျခအေနကို ေတြ႕ရတယ္လို႔ မ်က္ျမင္ေတြ႕ခဲ့ရသူ မိသားစုဝင္ေတြနဲ႔ ပရဟိတအဖြဲ႕ေတြကေျပာပါတယ္။ ဒါ့ေၾကာင့္ မတရားျပဳက်င့္ခံရၿပီးေနာက္ ေသဆုံးတာလို႔ မိသားစုဝင္ေတြကေကာက္ခ်က္ခ်ထားပါတယ္။

လည္ပင္းညႇစ္ဒဏ္ရာ၊ ႐ိုက္ႏွက္ဒဏ္ရာေတြနဲ႔ ေသဆုံးေနတဲ့ မပြားစိန္ ရဲ႕ ႐ုပ္အေလာင္းကို ေ႐ႊဘိုက ပရဟိတအဖြဲ႕နဲ႔ မိသားစုဝင္အခ်ိဳ႕က ေ႐ႊဘိုေဆး႐ုံကိုပို႔ေဆာင္ခဲ့ၿပီးေနာက္ ေဆးစစ္ခ်က္ကိုေတာ့ ေဆး႐ုံဘက္က ေျပာတာမရွိေသးဘူးလို႔ ဆိုပါတယ္။

” ကြၽန္ေတာ္တို႔ကေတာ့ ကေလးေဇာနဲ႔ဆိုေတာ့ ေဆးစစ္ခ်က္ပါအခ်က္ေတြကိုမေမးမိဘူး။ သူတို႔(ေဆး႐ုံ)ကလည္းမေျပာဘူး။ ေသခ်ာတာကေတာ့ မုဒိမ္းက်င့္ခံရတာေသခ်ာပါတယ္။ ကေလးမွာ အဝတ္ေတြလည္းမရွိဘူးဗ်ာ။ ျမင္ရတာေတာ္‌ေတာ္ကို အဆင္မေျပတာပါ။ အခုက သူ႔ကို တေန႔ကေတာ့ သၿဂိဳလ္လိုက္ၿပီ။

၁၈ရက္ေန႔မွာ ရက္လည္လုပ္ေပးမယ္။ ေနာက္ ဒီက ၿမိဳ႕က ပရဟိတအဖြဲ႕ေတြက နာေရးအတြက္ ေငြလႉတယ္။ မိသားစုက အရမ္းဆင္းရဲတယ္။ မေန႔က ေတာ့ ရဲစခန္းက ေခၚေမးတယ္ေျပာတယ္” လို႔ ဦးေလးေတာ္စပ္သူက ေျပာျပပါတယ္။

မပြားစိန္ဟာ ေ႐ႊဘိုၿမိဳ႕ ပန္းၿခံေတာင္ဘက္ လမ္းေဘးမွာ ကန္စြန္းဥျပဳတ္၊ ငုံးဥျပဳတ္ ေရာင္းတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၂ရက္က အိမ္ျပန္မေရာက္ဘဲ ‌ေပ်ာက္ဆုံးခဲ့ၿပီး ေနာက္တစ္ေန႔ ဇန္နဝါရီ ၁၃ရက္မွာေတာ့ ေ႐ႊဘို ၿမိဳ႕ေရွာင္လမ္းေဘးက လယ္ကြင္းထဲမွာ မတရားျပဳက်င့္ခံရတဲ့ အေနအထားနဲ႔အသတ္ခံထားရတဲ့ ႐ုပ္အေလာင္းကိုေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕ မွာ အခုဇန္နဝါရီလ ႏွစ္ပတ္အတြင္း အသက္မျပည့္ေသးတဲ့ မိန္းခေလးငယ္အပါဝင္ အမ်ိဳးသမီးႏွစ္ဦး မတရားျပဳက်င့္ခံရတဲ့အေျခအေနနဲ႔ အသတ္ခံရတယ္လို႔ ေ႐ႊဘိုၿမိဳ႕နယ္လြတ္လပ္ေသာေထာက္ပို႔ေရးအဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၇ရက္ကလည္း ေ႐ႊဘိုၿမိဳ႕၊ သက္သာပန္းေတာင္းရပ္က စိတ္မႏွံ႔တဲ့ အသက္၃၀ေက်ာ္ အမ်ိဳးသမီးတစ္ဦး ႏွစ္ရက္ခန္႔ေပ်ာက္ဆုံးၿပီးေနာက္ ေ႐ႊဘိုအေနာက္ဘက္ ေညာင္ပင္သာေက်း႐ြာဘက္မွာ အဓမၼျပဳက်င့္ခံရၿပီး အသတ္ခံထားရတဲ့ ႐ုပ္အေလာင္းျပန္လည္ေတြ႕ရွိခဲ့တာပါ။

ေ႐ႊဘိုၿမိဳ႕ မွာေပၚမွာ ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာလည္း လုယက္လူသတ္မႈျဖစ္စဥ္ အမ်ားအျပားရွိခဲ့ၿပီးနဲ႔ အမ်ိဳးသမီးနဲ႔ LGBT တခ်ိဳ႕ မတရားျပဳက်င့္ခံရၿပီး အသတ္ခံရတဲ့ျဖစ္စဥ္တခ်ိဳ႕လည္းျဖစ္ခဲ့တဲ့ အမႈေဖာ္ထုတ္ႏိုင္တာမ်ိဳးမရွိတဲ့အေျခအေနလို႔ ေဒသခံတခ်ိဳ႕ကေျပာပါတယ္။

” ေ႐ႊဘိုမွာၿပီးခဲ့တဲ့ႏွစ္ထဲမွာ လုယက္လူသတ္တဲ့အမႈေတြေတာ္ေတာ္မ်ားတယ္။ ၿမိဳ႕ေပၚမွာလည္း စစ္ေကာင္စီက ပဲ အုပ္စီးထားတာ၊ ဒါေပမဲ့ သူတို႔က PDF ေတြနဲ႔ သူတို႔ကိုဆန႔္က်င္သူေတြေလာက္ပဲဖမ္းတာ၊က်န္တဲ့သူေတြကိုလုံးဝဖမ္းတာမေတြ႕ရဘူး ” လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ‌ေမးျမန္းဖို႔ ဘီဘီစီက ေ႐ႊဘိုရဲစခန္းကိုဖုန္းေခၚခဲ့ေပမဲ့ ဆက္သြယ္လို႔မရခဲ့ပါဘူး။

ဓာတ္ပုံ – သိဃၤဂုဏ္ရည္လူမႈကူညီေရး

ပုံစာ – စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕ မွာ အဓမၼျပဳက်င့္ခံရၿပီးေသဆုံးခဲ့တဲ့ အသက္ ၁၁ ႏွစ္အ႐ြယ္ မပြားစိန္ ရဲ႕ နာေရးစ်ာပနျမင္ကြင္းေတြျဖစ္ပါတယ္။

မတရားပြုကျင့်ခံရတဲ့အနေအထားတွေနဲ့ သေဆုံးခဲ့ရတဲ့ အသက် ၁၁နှစ်အရွယ်မပွားစိန် အမှု နောက်ဆက်တွဲ အခြေအနေ

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ မှာ ၁ရက်ကြာပျောက်ဆုံးပြီး နောက်ရုပ်အလောင်း သာပြန်ရခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ် မပွားစိန် သေဆုံးခဲ့ရမှုအတွက် အမှုဖွင့်တိုင်ကြားထားတယ်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရုပ်အလောင်းကိုတွေ့ချိန်မှာ ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းဝတ်လစ်စလစ်အနေအထားနဲ့ မတရားပြုကျင့်ခံရတဲ့ ‌အခြေအနေကို တွေ့ရတယ်လို့ မျက်မြင်တွေ့ခဲ့ရသူ မိသားစုဝင်တွေနဲ့ ပရဟိတအဖွဲ့တွေကပြောပါတယ်။ ဒါ့ကြောင့် မတရားပြုကျင့်ခံရပြီးနောက် သေဆုံးတာလို့ မိသားစုဝင်တွေကကောက်ချက်ချထားပါတယ်။

လည်ပင်းညှစ်ဒဏ်ရာ၊ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မပွားစိန် ရဲ့ ရုပ်အလောင်းကို ရွှေဘိုက ပရဟိတအဖွဲ့နဲ့ မိသားစုဝင်အချို့က ရွှေဘိုဆေးရုံကိုပို့ဆောင်ခဲ့ပြီးနောက် ဆေးစစ်ချက်ကိုတော့ ဆေးရုံဘက်က ပြောတာမရှိသေးဘူးလို့ ဆိုပါတယ်။

” ကျွန်တော်တို့ကတော့ ကလေးဇောနဲ့ဆိုတော့ ဆေးစစ်ချက်ပါအချက်တွေကိုမမေးမိဘူး။ သူတို့(ဆေးရုံ)ကလည်းမပြောဘူး။ သေချာတာကတော့ မုဒိမ်းကျင့်ခံရတာသေချာပါတယ်။ ကလေးမှာ အဝတ်တွေလည်းမရှိဘူးဗျာ။ မြင်ရတာတော်‌တော်ကို အဆင်မပြေတာပါ။ အခုက သူ့ကို တနေ့ကတော့ သဂြိုလ်လိုက်ပြီ။

၁၈ရက်နေ့မှာ ရက်လည်လုပ်ပေးမယ်။ နောက် ဒီက မြို့က ပရဟိတအဖွဲ့တွေက နာရေးအတွက် ငွေလှူတယ်။ မိသားစုက အရမ်းဆင်းရဲတယ်။ မနေ့က တော့ ရဲစခန်းက ခေါ်မေးတယ်ပြောတယ်” လို့ ဦးလေးတော်စပ်သူက ပြောပြပါတယ်။

မပွားစိန်ဟာ ရွှေဘိုမြို့ ပန်းခြံတောင်ဘက် လမ်းဘေးမှာ ကန်စွန်းဥပြုတ်၊ ငုံးဥပြုတ် ရောင်းတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ရက်က အိမ်ပြန်မရောက်ဘဲ ‌ပျောက်ဆုံးခဲ့ပြီး နောက်တစ်နေ့ ဇန်နဝါရီ ၁၃ရက်မှာတော့ ရွှေဘို မြို့ရှောင်လမ်းဘေးက လယ်ကွင်းထဲမှာ မတရားပြုကျင့်ခံရတဲ့ အနေအထားနဲ့အသတ်ခံထားရတဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မှာ အခုဇန်နဝါရီလ နှစ်ပတ်အတွင်း အသက်မပြည့်သေးတဲ့ မိန်းခလေးငယ်အပါဝင် အမျိုးသမီးနှစ်ဦး မတရားပြုကျင့်ခံရတဲ့အခြေအနေနဲ့ အသတ်ခံရတယ်လို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ရက်ကလည်း ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်က စိတ်မနှံ့တဲ့ အသက်၃၀ကျော် အမျိုးသမီးတစ်ဦး နှစ်ရက်ခန့်ပျောက်ဆုံးပြီးနောက် ရွှေဘိုအနောက်ဘက် ညောင်ပင်သာကျေးရွာဘက်မှာ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံထားရတဲ့ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့တာပါ။

ရွှေဘိုမြို့ မှာပေါ်မှာ ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း လုယက်လူသတ်မှုဖြစ်စဉ် အများအပြားရှိခဲ့ပြီးနဲ့ အမျိုးသမီးနဲ့ LGBT တချို့ မတရားပြုကျင့်ခံရပြီး အသတ်ခံရတဲ့ဖြစ်စဉ်တချို့လည်းဖြစ်ခဲ့တဲ့ အမှုဖော်ထုတ်နိုင်တာမျိုးမရှိတဲ့အခြေအနေလို့ ဒေသခံတချို့ကပြောပါတယ်။

” ရွှေဘိုမှာပြီးခဲ့တဲ့နှစ်ထဲမှာ လုယက်လူသတ်တဲ့အမှုတွေတော်တော်များတယ်။ မြို့ပေါ်မှာလည်း စစ်ကောင်စီက ပဲ အုပ်စီးထားတာ၊ ဒါပေမဲ့ သူတို့က PDF တွေနဲ့ သူတို့ကိုဆန့်ကျင်သူတွေလောက်ပဲဖမ်းတာ၊ကျန်တဲ့သူတွေကိုလုံးဝဖမ်းတာမတွေ့ရဘူး ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ‌မေးမြန်းဖို့ ဘီဘီစီက ရွှေဘိုရဲစခန်းကိုဖုန်းခေါ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ဓာတ်ပုံ – သိင်္ဃဂုဏ်ရည်လူမှုကူညီရေး

ပုံစာ – စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မှာ အဓမ္မပြုကျင့်ခံရပြီးသေဆုံးခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် မပွားစိန် ရဲ့ နာရေးဈာပနမြင်ကွင်းတွေဖြစ်ပါတယ်။