Local News









ဝက်မဲကလည်း ဖီးလ်တွေတက်ပြီး ကပျာကယာ စာကောက်ထုတ်နေ

မြန်မာ့အရေး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်အပေါ် စစ်ကောင်စီ တုံ့ပြန်

မြန်မာ့အရေးဖြေရှင်းဖို့ အဓိကသက်ဆိုင်သူအားလုံးနဲ့တွေ့ခွင့်ရဖို့ကြိုးစားမယ်လို့ အင်ဒိုနီးရှားကပြောနေချိန် အကြမ်းဖက်အဖွဲ့၊ မတရားအသင်းတွေနဲ့ မဆက်ဆံဖို့ စစ်ကောင်စီက အာဆီယံကို ထပ်လောင်းသတိပေး

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆုဒီက မြန်မာ့အရေးနဲ့ပတ်သက်လို့ ဇန်နဝါရီ ၁၁ ရက်မှာ ပြောကြားခဲ့တဲ့အချက်တွေအပေါ် မြန်မာစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက အချက် ၃ ချက်ထုတ်ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။

မြန်မာဟာ အာဆီယံဘုံသဘောထားငါးရပ်ကို အမျိုးသားအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုက မစွက်ဖက်ရေး စတဲ့ အခြေခံမူတွေနဲ့အကောင်အထည်ဖော်မှာဖြစ်ပြီး မြန်မာမှာ ပါတီစုံဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာဆီယံအဖွဲ့အနေနဲ့ အာဆီယံ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်၊

အာဆီယံအခြေခံမူတွေနဲ့အညီ တိတိကျကျ လေးစားလိုက်နာဖို့ လိုအပ်ပြီး မြန်မာအစိုးရက ကြေညာ ထားသည့် မည်သည့်အကြမ်းဖက်အဖွဲ့ ၊ မတရားအသင်းတွေနဲ့ ထိတွေ့ဆက်ဆံခြင်း မပြုဖို့ လိုအပ်တယ်လို့လည်းထပ်လောင်းသတိပေးလိုက်တယ်လို့ ပါရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ အာဆီယံအထူး ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး ဦးဆောင်မယ်လို့ ပြောလိုက်ပြီး သူဟာ တတိယမြောက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ တမန်ဖြစ်လာဖွယ်ရှိနေပါတယ်။

ဒါဟာ မြန်မာမှာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့အရေးအာဆီယံက ဖြေရှင်းဖို့သံတမန်တစ်ဦးတည်း ခန့်အပ်ပြီးဖြေရှင်းတာကနေ အဖွဲ့အစည်းလိုက် စုစည်းပြီး ဖြေရှင်းဖို့နည်းလမ်းရှာလာတာလည်းဖြစ်ပါတယ်။