Local News
ဒီခြေနေကို ကြည့်ပြီးဆုံးဖြတ်လို့ မရပေမယ့် ရေရှည် အချက်လက်နဲ့ တွက်ကြည့်ရင် ရတယ် ဘာဖြစ်လာမလဲ လမ်းကြောင်းက သို့သော် တတ်ထောင်မစောသေးပဲ ရန်သူကို လျော့တော့မတွက်ကြသေးရန် အကြောင်းသည်ယနေ့ကို လေကြောင်းမှနေ ကျဲနေသလို ဒါဟာ (မအလ အစည်းဝေးကို အာရုံ မရောက်စေဖို့ စစ်ရေးနဲ့ လွှဲထားခြင်း)
မင်းကြည်ညိုနေ
ထိုင်းစစ်ချုပ်နဲ့ မအလတွေ့ သော-င်ခွ-က်က ဇီးရွက်လောက်ပဲရှိ မချိုမချဉ်နဲ့ အားငယ်စွာ တုန့်ပြန်နေ
အာ့ သူ့ Emotional နဲ့ Behavior ပဲ လူတယောက် သွင်ပြင်လက္ခာကို ကြည့်ပြီး သူဘာဖြစ်နေလဲ သိနိုင်တယ်
ဘွင်းရျင်းပြောရရင် ပြည်သူလိုအပ်နေတာ ဒီလို ချိန်ခါမျိုး ရန်သူ အမူယာ ပုံသဏ္ဍန်ဟာ စိတ်ပျက် အားလျော့ ကျရှုံး တုန်လှုပ်နေမှုမျိုးပဲ
ဒီခြေနေကို ကြည့်ပြီးဆုံးဖြတ်လို့ မရပေမယ့် ရေရှည် အချက်လက်နဲ့ တွက်ကြည့်ရင် ရတယ် ဘာဖြစ်လာမလဲ လမ်းကြောင်းက သိူ့သော် တတ်ထောင်မစောသေးပဲ ရန်သူကို လျော့တော့မတွက်ကြသေးရန် အကြောင်းသည်ယနေ့ကို လေကြောင်းမှနေ ကျဲနေသလို ဒါဟာ (မအလ အစည်းဝေးကို အာရုံ မရောက်စေဖို့ စစ်ရေးနဲ့ လွှဲထားခြင်း)
ထို့ပြင် လနက်များ ဝယ်ယူတပ်ဆင် ဖြည့်တင်းနေခြင်းနဲ့ ကာလုံခေါ် အကွက်ရွေ့ခြင်း အပါဝင် အရင်တခါ ယခုလို ပြည်သူဘက်မှ အားသာနေချိန် ပူတင်နဲ့ တွေ့ အကွက်ရွေ့သွား၍ တလရ ဆက်ကြာနေရသည်ဆိုတာ သိရင်
ခု တကြိမ် မအလ ထွက်ပေါက် ကြပ်နေပြီဆိုသော်ငြား ဘယ်ချောင်ကနေ ထပ်ထွက် ရွေ့သွားမလဲ မျက်ချေမပြတ်စောင့်ကြည့်ကြဖို့နဲ့ ရန်သူ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ယုတ်လျော့‌အားနည်းနေချိန်မှာ
ပြည်သူ့တော်လှန်ရေး အင်အားစုများက ဘက်စုံမှနေ ရသလောက် ဖိတွယ်ထားပြီး ဆက်လျက် ရန်သူလှုပ်မရအောင် ထိန်းချုပ် ထိုးစစ်ပြုနေဖို့ပဲ လိုသည်ဆိုတာ အထူးမှာကြား အသိပေးပါရစေလား
မင်းကြည်ညိုနေ
ထိုင်းစစ်ဦးစီးချုပ်နဲ့ မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ငပလီမှာ တွေ့ဆုံ
■ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်၊ ငပလီမှာ ကျင်းပမယ့် (၈) ကြိမ်မြောက် ထိုင်း – မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများကော်မတီအစည်းအဝေးကို တက်ရောက်လာတဲ့ ထိုင်းစစ်ဦးစီးချုပ်နဲ့ မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီနေ့ ငပလီမှာ တွေ့ဆုံခဲ့ကြတယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တစ်ခုက RFA ကို ပြောပါတယ်။
တွေ့ဆုံပွဲမှာ ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဒီအစည်းအဝေးကို သံတွဲမြို့နယ်၊ ငပလီမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပမှာလည်း ဖြစ်ပါတယ်။
ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat ဦးဆောင်တက်ရောက်တဲ့ ဒီအစည်းအဝေးမှာ နှစ်နိုင်ငံ စစ်ဘက် ပူးပေါင်းဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေးတို့ကို ဆွေးနွေးမှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်ဟာ နှစ်နိုင်ငံကြား ပုံမှန်ဆောင်ရွက်လေ့ရှိတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat တို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က Video Teleconference ဖြင့် တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ – မြဝတီ)