Local News
စဉ်းစားကြည့်ပါ ။ အမေရိကန်နိုင်ငံက လွှတ်တော်အမတ်တွေဟာ မြန်မာနိုင်ငံကို ကူညီပေးဖို့ အတွက် ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ကျင်းပပြီး အားတက်သရော လုပ်နေကြတာဟာ အမေရိကန်က ပြဌာန်းထားတဲ့ ဥပဒေဘောင်အတွင်းကနေ မြန်မာနိုင်ငံကို ကူညီဖို့  ကြိုးစားနေတယ်ဆိုတာ မြင်တွေ့ ကြမှာပါ ။
ဘကြီးအောင် LA
20 January, 2023
” ကြားပွဲစား ထိုင်းနိုင်ငံနှင့် တုန်လှုပ်နေသော အာဏာသိမ်းအဖွဲ့ ”
ထိုင်းဘုရင့် ကာကွယ်ရေးတပ်မတော်က စစ်ဦးစီးချုပ်နဲ့ အာဏာသိမ်းခေါင်းဆောင် တွေ့ဆုံတဲ့သတင်းဟာ နိုင်ငံတကာ သတင်းတွေပေါ်မှာ ရောက်မလာခဲ့ပါဘူး ။ ကမ္ဘာကျော်သတင်းဌာနတွေကနေ ဖော်ပြတာမျိုး မလုပ်ခဲ့တာပါ ။ဒီတော့ ၊ ထိုင်းစစ်ဦးစီးချုပ်နဲ့ တွေ့ဆုံမှု့ဟာ အကြောင်း ၂ ချက်ရှိတယ်လို့ ယူဆပါတယ် ။
နံပတ် ( ၁ ) အချက်က ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ NDAA ကို ပွဲစားလုပ်ပြီး ကြားခံအနေနဲ့ လာရောက်ညှိနှိုင်းတယ်လို့ ယူဆရပါတယ် ။ဘာ့ကြောင့်လဲဆိုတော့ အမေရိကန်ရဲ့ NDAA မှာ Burma Act ပါဝင်ခွင့်ရဖို့အတွက် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေဟာ ကွန်ဂရက်မှာ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ကျင်းပခဲ့ပါတယ် ။
ကြိူးစားမှု့တွေ အကြိမ်ကြိမ်လုပ်ခဲ့ပြီးမှ အများစုရဲ့ ထောက်ခံမှု့နဲ့ သမ္မတထံ တင်ပြခဲ့ကြတာပါ ။ လွန်ခဲ့တဲ့ ဒီဇင်ဘာလမှာ အမေရိကန် သမ္မတ ဘိုင်ဒန်က Burma Act ကို အတည်ပြုပေးလိုက်ပါတယ် ။
စဉ်းစားကြည့်ပါ ။ အမေရိကန်နိုင်ငံက လွှတ်တော်အမတ်တွေဟာ မြန်မာနိုင်ငံကို ကူညီပေးဖို့အတွက် ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ကျင်းပပြီး အားတက်သရော လုပ်နေကြတာဟာ အမေရိကန်က ပြဌာန်းထားတဲ့ ဥပဒေဘောင်အတွင်းကနေ မြန်မာနိုင်ငံကို ကူညီဖို့ ကြိူးစားနေတယ်ဆိုတာ မြင်တွေ့ကြမှာပါ ။
ကျွန်တော်တို့ သတင်းလောကမှာတော့ No News is Good News ဆိုတဲ့ စကားတစ်ခွန်း ရှိပါတယ် ။ ဘာသတင်းမှ မရှိတာဟာ သတင်းကောင်းပါတဲ့ ။ ဆိုတော့ ၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေ အများစုရဲ့ ထောက်ခံမှု့ဟာ အမေရိကန်ပြည်သူတွေကို ကိုယ်စားပြုပါတယ် ။
ဘာ့ကြောင့်လဲဆိုတော့ ပြည်သူက ရွေးကောက်ထားတဲ့ ပြည်နယ်ကိုယ်စားလှယ်တွေ ဖြစ်နေလို့ပါ ။ ဒီလို တစ်ဆင့်ချင်း သွားရတဲ့ NDAA ဟာ ဒီနေ့မှာတော့ မြန်မာနိုင်ငံကို ကာကွယ်ရေးအရ တရားဝင် ကူညီဖို့ အခွင့်အလမ်းရခဲ့ပါပြီ ။
သို့ပေမဲ့ အမေရိကန်ဟာ Burma Act ကို ဘယ်လို လုပ်ငန်းတွေ စနေပြီဆိုတာကို အသိမပေးသေးပါဘူး ။ တော်လှန်ရေးအချိန်မှာ လျှို့ဝှက်သင့်တာတွေဟာ လျှို့ဝှက်ရပါတယ် ။ ဒါ့ကြောင့်လည်း ဒီရက်ပိုင်းမှာ No News is Good News ဆိုတဲ့အတိုင်း သတင်းတွေ အသိမပေးဖြစ်ပါဘူး ။
အရေးကြီးတဲ့ အချိန်ပါ ။ အာဏာသိမ်းအဖွဲ့ကလည်း ရွေးကောက်ပွဲအတွက် စတင်လှုပ်ရှားလာတော့ နိုင်ငံတကာဘက်ကလည်း တိတ်တိတ်ကလေး လှုပ်ရှားလာတော့မယ့် အရိပ်အယောင်တွေ မြင်နေရပါတယ် ။ဒါ့ကြောင့်လည်း အာဏာသိမ်းခေါင်းဆောင်ဟာ အောက်ခြေလက်နက်ကိုင်တွေကို အယုံသွင်းနိုင်ဖို့ ရွေးကောက်ပွဲစာရင်းတွေ လိုက်ကောက်နေတာပါ ။
သို့ပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ အမေရိကန်ရဲ့ Burma Act ဟာ စစ်ကောင်စီကို အဆုံးသတ်ပေးလိမ့်မယ်ဆိုတာ သိနေပြီး တော်တော်လေးကို အာရုံနောက်နေမှာပါ ။
ဒီအချိန်မှာ အမေရိကန်ရဲ့ မွေးစားသားကြီး ထိုင်းဟာ အာဏာသိမ်းခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ရောက်လာခဲ့ပါတယ် ။ မြန်မာစစ်တပ်ဘက်က ထိုင်းဘုရင့်တပ်မတော်ရဲ့ စစ်ဦးစီးချုပ်နဲ့ တွေ့ရတာကို ဂုဏ်ယူဖော်ပြနေကြပေမဲ့ နိုင်ငံတကာသတင်းတွေကတော့ လျှို့ဝှက်ကိစ္စ ဖြစ်နေတဲ့အတွက် ဖော်မပြခဲ့ကြပါဘူး ။ ဒီတွေ့ဆုံမှု့ဟာ ဆက်ဒမ်ဟူစိန်နဲ့ ကဒါဖီကို နှိမ်နင်းခဲ့တုန်းကလို ကြားခံပွဲစားနဲ့ နောက်ဆုံးညှိနှိုင်းမှု့လို့ ယူဆရပါတယ် ။
နံပတ် ( ၂ ) အချက်ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အာဏာသိမ်းခေါင်းဆောင်နဲ့ မိသားစုဝင်တွေကို မူးယစ်ရာဇာအဖြစ်နဲ့ စွပ်စွဲလိုက်တာပါ ။ ဒီလို စွပ်စွဲနိုင်မှု့ကလည်း စစ်ကောင်စီအတွက်တော့ အားကိုးရင်းနှီးတဲ့ မိတ်ဆွေက နောက်ကျော ဓားနဲ့ထိုးလိုက်သလိုပါပဲ ။
သက်သေခိုင်မာပြီး တရားခံကိုယ်တိုင်က မူးယစ်အမှု့မှာ ပါဝင်သူတွေနဲ့ အဓိက ကြိူးကိုင်သူတွေကို ဖွင့်ဟ ဝန်ခံလိုက်တာပါ ။ ဒီအမှု့ကို ကမ္ဘာသိအောင် ချပြလိုက်တဲ့ နိုင်ငံကလည်း အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ အားကိုးနေရတဲ့ မိတ်ဆွေအရင်းကြီး ထိုင်းနိုင်ငံပါဘဲ ။
နိုင်ငံတကာ အသိုင်းအဝိုင်းဟာ စစ်ရေးကို ရှောင်ရှားလိုတဲ့အတွက် မူးယစ်ရာဇာဘွဲ့နဲ့ နိုင်ငံတကာ ခုံရုံးအထိ တင်နိုင်ဖို့ ကြိူးစားခဲ့ဟန်တူပါတယ် ။ ဒီအမှု့ကတော့ ပေါ့သေးသေးမဟုတ်ပါဘူး ။ နိုင်ငံတကာ ရဲတပ်ဖွဲ့က အချိန်မရွေး ဝင်ဖမ်းလို့ရသလို ၊ တင်းခံနေရင်လည်း စစ်ရေးနဲ့ အရေးယူချင်တဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံတွေကို လမ်းဖွင့်ပေးလိုက်တာပါ ။
ထိုင်းဘက်က ကြည့်မယ်ဆိုရင်လည်း မြန်မာအဏာသိမ်း စစ်ဗိုလ်ချုပ်တွေကို ဘယ်လောက်ပဲ ကာကွယ်ပေးချင်ပေမဲ့ ၊ အမေရိကန်ကိုတော့ မလွန်ဆန်နိုင်ပါဘူး ။ ဒီတော့လည်း ကြားခံပွဲစားကြီး ထိုင်းစစ်ဦးစီးချုပ်ဟာ အခြေအနေကို သူမလုပ်ခဲ့သလိုလို ပုံစံမျိုးနဲ့ မြန်မာစစ်အာဏာရှင်တွေနဲ့ လာရောက် ဆွေးနွေးတယ်လို့ ယူဆရပါတယ် ။
ဒီသတင်းကို မြန်မာစစ်တပ်ဘက်က ကြွားဝါဖို့ အသိပေးခဲ့ပေမဲ့ ၊ ဘာကိစ္စအတွက် ဆွေးနွေးတယ်ဆိုတာကိုတော့ လျှို့ဝှက်ထားပါတယ် ။ မြန်မာစစ်တပ်ပိုင် ရုပ်မြင်သံကြားကနေ နိုင်ငံတကာနဲ့ ပတ်သက်လာတဲ့အခါတိုင်း လေတစ်လုံး မိုးတစ်လုံး ကြွားဝါတတ်တဲ့ စစ်ကောင်စီဟာ ထိုင်းစစ်ဦးစီးချုပ် ရောက်လာတဲ့ အသေးစိပ်သတင်းကိုတော့ မထုတ်ပြန်ခဲ့ပါဘူး ။
လျှို့ဝှက်သတင်းတစ်ခုကို ပါးပါးလေး အစဖော်ရရင် Burma Act ဟာ နည်းပညာ အကူအညီတွေ လျှို့ဝှက်စွာ စတင်နေပြီလို့လည်း သတင်းအစအနလေးတွေ ရထားပါတယ် ။ ဒါကတော့ အသေးစိပ်ကို ထုတ်ဖော်လို့ မရသေးပါဘူး ။
ဘကြီးအောင် LA
20 January, 2023