Local News

သံတမန္ေရးစေကး သေဘာက်

သံတမန္ေရးစေကး သေဘာက် !

US ကို အိမ္ထဲ ေခၚပင့္ထားၿပီးမွ တ-႐ု-တ္ကို ေခၚဖဲ ပ-စ္လိုက္ၿပီး မင္းေအာင္လႈိင္ စစ္ေကာင္စီနဲ႔ တ-႐ု-တ္အစိုးရးၾကား ပါးပါးေလးပုတ္လိုက္တဲ့ ေဒၚဇင္မာေအာင္ရဲ႕ဒီတကြက္လည္း လန္းသားေလ

UNSC ဆုံးျဖတ္ခ်က္ခ်ရာမွာစစ္ေကာင္စီဘက္ မရပ္တည္ပဲၾကားေနအျဖင့္ မဲေပးခဲ့တာေတြလန္ခ်န္း – မဲေခါင္အစည္းအေဝးစစ္ေကာင္စီ ဖိတ္ၾကားခဲ့ေပမယ့္

တ-႐ု-တ္ဖက္ အေၾကာင္းမျပန္ခဲ့တာစစ္အုပ္စုနဲ႔ အတူမရပ္တည္ခဲ့တဲတ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံကို အၿမဲအမွတ္ရေနမယ္လို႔ NUG ႏိုင္ငံျခားဝန္ႀကီး ေဒၚဇင္မာေအာင္ကတ-႐ု-တ္ႏွစ္သစ္ကူးမွာ ေပးပို႔တဲ့ သဝဏ္လႊာထဲ ေဖာ္ျပထားတယ္

Nway Oo Che

စစ္အုပ္စုနဲ႔ အတူမရပ္တည္ခဲ့တဲတ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံကို အၿမဲအမွတ္ရေနမယ္လို႔ NUG ဆို

DeltaNewsAgency

ျပည္သူကိုအၾကမ္းဖက္ ဖိႏွိပ္ေနတဲ့ စစ္အုပ္စုနဲ႔ အတူမရပ္တည္ခဲ့တဲတ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံကို အၿမဲအမွတ္ရေနမယ္လို႔ ဒီကေန႔ ဇန္နဝါရီ ၂၂ ရက္ေန႔တ႐ုတ္ႏွစ္သစ္ကူးမွာ တ႐ုတ္ႏိုင္ငံအစိုးရကိုေပးပို႔တဲ့ NUG ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေဒၚဇင္မာေအာင္ရဲ႕ သဝဏ္လႊာမွာ ေဖာ္ျပထားတာကိုေတြ႕ရပါတယ္။

ျမန္မာႏိုင္ငံနဲ႔ ျမန္မာျပည္သူေတြ ျပည္သူ႔အာဏာ ျပည္သူ႔ထံျပန္လည္အပ္ႏွံ႔ႏိုင္ေရး အတြက္ ရပ္တည္ခဲ့မႈ၊ အထူးသျဖင့္ ကုလသမဂၢ နဲ႔ လုံၿခဳံေရးေကာင္စီမ်က္ႏွာစာ တို႔မွာေထာက္ခံ ကူညီေပးေနတဲ့အတြက္ အထူးပင္ေက်းဇူးတင္ရွိအပ္တယ္လို႔ သဝဏ္လႊာမွာေရးသားထားပါတယ္။

” ျမန္မာျပည္သူမ်ားႏွင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရတို႔ လက္ရွိဆင္ႏႊဲေနသည့္ ေတာ္လွန္ေရး၏ ေအာင္ျမင္မႈ အသီးအပြင့္မ်ားသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၏ အက်ိဳးစီးပြါးအပါအဝင္ ေဒသတြင္းႏိုင္ငံမ်ား၏ အက်ိဳးစီးပြါးႏွင့္ ေရရွည္ တည္ၿငိမ္ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ မည္သည့္ နည္းနဲ႔မွ မထိခိုက္မႈရွိေစလိမ့္မည္ မဟုတ္ဘဲ ပိုမိုအက်ိဳးရွိေစလိမ့္မည္သာျဖစ္ေၾကာင္း မိမိ တို႔ ယုံၾကည္စြာအာမခံႏိုင္ပါ သည္” လို႔ သဝဏ္လႊာမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလ၂၁ ရက္ေန႔မွာက်င္းပခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ႏိုင္ငံေရးအက်ဥ္းသားအားလုံးကိုလြတ္ေပးၿပီး လူသားခ်င္းစာနာမူအေထာက္အကူေတြေပးဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီက မဲခြဲဆုံးျဖတ္တာမွာ တ႐ုတ္ႏိုင္ငံဟာ ၾကားေနႏိုင္ငံအျဖစ္ရပ္တည္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ၂၀၂၂ ခုႏွစ္ ပုဂံမွာက်င္းပခဲ့တဲ့ လန္ခ်န္း – မဲေခါင္အစည္းအေဝးကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးတက္ေရာက္ခဲ့ေပမယ့္ ေနာက္တႀကိမ္က်င္းပမယ့္ လန္ခ်န္း – မဲေခါင္အစည္းအေဝးကို စစ္ေကာင္စီက ဖိတ္ၾကားခဲ့ေပမယ့္ တ႐ုတ္ဘ​က္က အေၾကာင္းမျပန္ခဲ့ပါဘူး။

တ႐ုတ္အစိုးရဟာ ကမာၻ႔အၾကမ္းဖက္ သမားတဦးျဖစ္သူ မင္းေအာင္လႈိင္နဲ႔ အတူရွိေနတဲ့ ပုံေတြကို ကမာၻ႔သတင္းမွာေဖာ္ျပခံမွာမဟုတ္ဘူးလို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူေတြက ေျပာဆိုၾကပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ရဲ႕သဝဏ္လႊာထဲမွာကုန္လြန္ခဲ့တဲ့ (၂၀၂၂) ခုႏွစ္ကာလဟာ တ႐ုတ္ျပည္သူ၊ တ႐ုတ္ကြန္ျမဴနစ္ ပါတီႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံေတာ္ တို႔ အတြက္ ေအာင္ျမင္မႈ အသီးအပြင့္မ်ား စြာ ရရွိခဲ့သည့္ ကာလတခုျဖစ္တယ္ေဖာ္ျပထားၿပီး

အႀကိမ္ ၂၀ ေျမာက္ တ႐ုတ္ကြန္ျမဴနစ္ ပါတီ ကြန္ဂရက္ကို ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့မူ၊ေဒသတြင္း ကိစၥရပ္ေတြမွာ တ႐ုတ္ႏိုင္ငံရဲ႕ အေရးပါမႈကို ျပသႏိုင္ခဲ့တာေတြအတြက္ အမ်ိဳးသားညီၫြတ္ေရးအစိုးရအေနႏွင့္ မ်ားစြာဂုဏ္ယူမိတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ တ႐ုတ္သမၼတ Xi Jinping ရဲ႕ တတိယသက္တမ္း ထမ္းေဆာင္ခြင့္ ရရွိမႈနဲ႔ အေဆြေတာ္ Mr. Qin Gang ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရမႈကို မိမိတို႔ အေနႏွင့္ လႈိက္လွဲစြာႀကိဳဆိုတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

သံတမန်ရေးစကေး သဘောကျ !

US ကို အိမ်ထဲ ခေါ်ပင့်ထားပြီးမှ တ-ရု-တ်ကို ခေါ်ဖဲ ပ-စ်လိုက်ပြီး မင်းအောင်လှိုင် စစ်ကောင်စီနဲ့ တ-ရု-တ်အစိုးရးကြား ပါးပါးလေးပုတ်လိုက်တဲ့ ဒေါ်ဇင်မာအောင်ရဲ့ဒီတကွက်လည်း လန်းသားလေ

UNSC ဆုံးဖြတ်ချက်ချရာမှာစစ်ကောင်စီဘက် မရပ်တည်ပဲကြားနေအဖြင့် မဲပေးခဲ့တာတွေလန်ချန်း – မဲခေါင်အစည်းအဝေးစစ်ကောင်စီ ဖိတ်ကြားခဲ့ပေမယ့်

တ-ရု-တ်ဖက် အကြောင်းမပြန်ခဲ့တာစစ်အုပ်စုနဲ့ အတူမရပ်တည်ခဲ့တဲတရုတ်ပြည်သူ့သမ္မတနိုင်ငံကို အမြဲအမှတ်ရနေမယ်လို့ NUG နိုင်ငံခြားဝန်ကြီး ဒေါ်ဇင်မာအောင်ကတ-ရု-တ်နှစ်သစ်ကူးမှာ ပေးပို့တဲ့ သဝဏ်လွှာထဲ ဖော်ပြထားတယ်

Nway Oo Che

စစ်အုပ်စုနဲ့ အတူမရပ်တည်ခဲ့တဲတရုတ်ပြည်သူ့သမ္မတနိုင်ငံကို အမြဲအမှတ်ရနေမယ်လို့ NUG ဆို

DeltaNewsAgency

ပြည်သူကိုအကြမ်းဖက် ဖိနှိပ်နေတဲ့ စစ်အုပ်စုနဲ့ အတူမရပ်တည်ခဲ့တဲတရုတ်ပြည်သူ့သမ္မတနိုင်ငံကို အမြဲအမှတ်ရနေမယ်လို့ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်နေ့တရုတ်နှစ်သစ်ကူးမှာ တရုတ်နိုင်ငံအစိုးရကိုပေးပို့တဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှံ့နိုင်ရေး အတွက် ရပ်တည်ခဲ့မှု၊ အထူးသဖြင့် ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီမျက်နှာစာ တို့မှာထောက်ခံ ကူညီပေးနေတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိအပ်တယ်လို့ သဝဏ်လွှာမှာရေးသားထားပါတယ်။

” မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေး၏ အောင်မြင်မှု အသီးအပွင့်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျိုးစီးပွါးအပါအဝင် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွါးနှင့် ရေရှည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မည်သည့် နည်းနဲ့မှ မထိခိုက်မှုရှိစေလိမ့်မည် မဟုတ်ဘဲ ပိုမိုအကျိုးရှိစေလိမ့်မည်သာဖြစ်ကြောင်း မိမိ တို့ ယုံကြည်စွာအာမခံနိုင်ပါ သည်” လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ၂၁ ရက်နေ့မှာကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွတ်ပေးပြီး လူသားချင်းစာနာမူအထောက်အကူတွေပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်တာမှာ တရုတ်နိုင်ငံဟာ ကြားနေနိုင်ငံအဖြစ်ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ် ပုဂံမှာကျင်းပခဲ့တဲ့ လန်ချန်း – မဲခေါင်အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခဲ့ပေမယ့် နောက်တကြိမ်ကျင်းပမယ့် လန်ချန်း – မဲခေါင်အစည်းအဝေးကို စစ်ကောင်စီက ဖိတ်ကြားခဲ့ပေမယ့် တရုတ်ဘက်က အကြောင်းမပြန်ခဲ့ပါဘူး။

တရုတ်အစိုးရဟာ ကမ္ဘာ့အကြမ်းဖက် သမားတဦးဖြစ်သူ မင်းအောင်လှိုင်နဲ့ အတူရှိနေတဲ့ ပုံတွေကို ကမ္ဘာ့သတင်းမှာဖော်ပြခံမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့သဝဏ်လွှာထဲမှာကုန်လွန်ခဲ့တဲ့ (၂၀၂၂) ခုနှစ်ကာလဟာ တရုတ်ပြည်သူ၊ တရုတ်ကွန်မြူနစ် ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် တို့ အတွက် အောင်မြင်မှု အသီးအပွင့်များ စွာ ရရှိခဲ့သည့် ကာလတခုဖြစ်တယ်ဖော်ပြထားပြီး

အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ် ပါတီ ကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မူ၊ဒေသတွင်း ကိစ္စရပ်တွေမှာ တရုတ်နိုင်ငံရဲ့ အရေးပါမှုကို ပြသနိုင်ခဲ့တာတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် များစွာဂုဏ်ယူမိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်သမ္မတ Xi Jinping ရဲ့ တတိယသက်တမ်း ထမ်းဆောင်ခွင့် ရရှိမှုနဲ့ အဆွေတော် Mr. Qin Gang ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရမှုကို မိမိတို့ အနေနှင့် လှိုက်လှဲစွာကြိုဆိုတယ်လို့လည်း ဖော်ပြထားပါတယ်။