“ခွင့်သာခိုက်”
ခေါဘဏီ ထောဘီအထင်နဲ့
တောအလီလီ သူပြာချ
လူတကာ က ငုံ့မခံ
“ခွင့်သာခိုက်”
အင်ဒိုက ဖျင်ပိတ်ကန်တယ် အံကြိတ်ခံ ကြင်စိုး
ပြန်ဟိတ်ဟန် သူမထုတ်သာ လူယုတ်မာ ဖြစ်အင်၊
ကြံသမျှ စမုံတုံးတော့ တပြုံလုံး ဒိုးလိမ့် ကြိုးစင်..။
ရွေးကောက်ပွဲ အဖိုးတန်အောင်
တမျိုးဟန် သူဆင် သူခိုးဉာဏ် မူပြင်လို့
လူမြင် ကိုက်ချင်၊ မိုက်နင့်ပြင် လောင်လိုကီးရေ
ဗျောင်ဆိုတီး ဗျင်းချင်။
ခေါဘဏီ ထောဘီအထင်နဲ့
တောအလီလီ သူပြာချ
လူတကာ က ငုံ့မခံ
တုန့်ပြန်တော့ သူမုန်း၊
စုညီညာ တွန်းလှန်တိုက်လို့
ခွင့်သာခိုက် လိုက်ကြစို့လေး။ ။
ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (“ကြင်စိုး၏ မရဏလမ်း” တေးထပ်ပေါင်းချုပ် ကဏ္ဍ)