Local News

ကိုဂ်င္မီနဲ႔ ကိုေဇယ်ာေသာ္တို႔ကို အသြင္ယူေထာင္ဖမ္းခဲ့သူေတြျဖစ္တဲ့

ကိုဂ်င္မီနဲ႔ ကိုေဇယ်ာေသာ္တို႔ကို အသြင္ယူေထာင္ဖမ္းခဲ့သူေတြျဖစ္တဲ့ စစ္ေၾကာေရးတာဝန္ခံနဲ႔အဖြဲ႕ သတ္ခံလိုက္ရ

ဇန္နဝါရီ ၂၃

ရန္ကုန္ – မႏၲေလး အျမန္လမ္းမွာ ဖမ္းမိၿပီး သတ္ခံလိုက္ရတဲ့ စစ္ေၾကာေရး ဗိုလ္မႉးအပါအဝင္ ၄ ဦးဟာ ကိုဂ်င္မီ၊ ကိုေဇယ်ာေသာ္တို႔ကို အသြင္ယူေထာင္ဖမ္းခဲ့သူေတြ ျဖစ္တယ္လို႔ သိရပါတယ္။

ဇန္နဝါရီ ၂၂ ရက္ ေန႔လယ္ ၂ နာရီဝန္းက်င္မွာ ရန္ကုန္ – မႏၲေလး အျမန္လမ္း မိုင္တိုင္ အမွတ္ ၁၆၁ အနီးမွာ ရန္ကုန္တိုင္း စစ္ေၾကာေရးတာဝန္ခံ ဗိုလ္မႉးသန္းထြဋ္ နဲ႔ တပ္ၾကပ္ႀကီး ျမင့္ေအာင္အပါ ၄ ဦးကို ေတာင္ငူခ႐ိုင္ PDF တပ္ရင္း ၃၅၀၁၊ တပ္ခြဲ ၃ နဲ႔ တပ္ခြဲ ၆ ပူးေပါင္းအဖြဲ႕က ပစ္ခတ္ဖမ္းဆီးခဲ့တာပါ။

ပစ္ခတ္ဖမ္းဆီးခ်ိန္မွာ ဗိုလ္မႉးသန္းထြဋ္နဲ႔ တပ္ၾကပ္ႀကီးတို႔ ၂ ဦးဟာ ပြဲခ်င္းၿပီး ေသဆုံးခဲ့ၿပီး သူတို႔နဲ႔အတူ ပါလာသူ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးကို အရွင္ဖမ္းဆီးရခဲ့ေပမယ့္ ခုခံထြက္ေျပးလို႔ ပစ္သတ္လိုက္တယ္လို႔ ဆိုပါတယ္။

“ရန္ကုန္က ကိုဂ်င္မီတို႔ ၿဖိဳးေဇယ်ာေသာ္တို႔ကို အတြင္းလူ သူလွ်ိဳဝင္ၿပီး ဝင္ဖမ္းတာ ဒီေကာင္ပဲ။ ငါတို႔က ၿဖိဳးေဇယ်ာေသာ္တို႔ ဂ်င္မီတို႔အတြက္ ကလဲ့စားေခ်တယ္ဆိုလည္း ဒီပြဲက မမွားဘူး” လို႔ တပ္ရင္း ၃၅၀၁ တပ္ခြဲ ၆ တပ္ခြဲမႉး ဗိုလ္ၾကက္သြန္က ေျပာပါတယ္။

ေသဆုံးသြားသူ ၄ ဦးလုံးဟာ ရန္ကုန္ UG အဖြဲ႕ဝင္မ်ားအျဖစ္ အသြင္ယူကာ နည္းအမ်ိဳးမ်ိဳးနဲ႔ ဖမ္းဆီးေနတဲ့ ရန္ကုန္တိုင္း ၉-မိုင္ခြဲ ျပည္လမ္း North Point – Ocean စင္တာ အနီးက အမွတ္(၁) စစ္ဘက္​ေရးရာ လုံၿခဳံ​ေရးအကူ တပ္စစ္ေၾကာေရးတာဝန္ခံ စရက (၁) တပ္မႉး ဗိုလ္မႉးသန္းထြဋ္ (ဒုဗိုလ္မႉးႀကီး အစမ္းခန႔္)နဲ႔ တပ္ၾကပ္ႀကီး ျမင့္ေအာင္တို႔ ျဖစ္တယ္လို႔ ဆိုထားပါတယ္။

သူတို႔ ၄ ဦး စီးလာတဲ့ ယာဥ္အမွတ္ YGN. 2N 6158 TOYOTA VANGUARD အမဲေရာင္ယာဥ္ဟာ ရန္ကုန္ – မႏၲေလး အျမန္လမ္းကို ထြက္လာၿပီလို႔ သတင္းရတဲ့အတြက္ ကင္းပုန္းဝပ္ကာ ေစာင့္ဖမ္းခဲ့ၾကတာ ျဖစ္ပါတယ္။

ေသဆုံးသူေတြဆီက ၉ မမ ပစၥတို ၂ လက္၊ က်ည္ ၁၂ ေတာင့္၊ ယာဥ္လိုင္စင္နဲ႔ စာ႐ြက္စာတမ္းအခ်ိဳ႕ သိမ္းဆည္းရရွိခဲ့ၿပီး ေမာ္ေတာ္ယာဥ္ကို မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ သိရပါတယ္။

“ရန္ကုန္မွာ UG ေတြ ဖမ္းခံေနရတာ ဒီေကာင္ေတြေၾကာင့္။ အခုအဲ့ေကာင္ေတြ ဖမ္းတာခံရတဲ့သူေတြ၊ ဘယ္ေလာက္ဖမ္းထားၿပီလဲ၊ ေဖာ္ထုတ္ထားၿပီလဲ ဆိုတာ၊ သူ႔ထဲက ပါလာတဲ့ စာတိုတခုကို ရထားတယ္။ ရန္ကုန္မွာ ဒါမ်ိဳးေတြ ေၾကာက္စရာ တအားေကာင္းတယ္။ စကစ ဒလံအႀကီးစားေကာင္ေတြက UG ေခါင္းေဆာင္ေတြ ျဖစ္ေနၾကတယ္” လို႔ ဗိုလ္ၾကက္သြန္က ေျပာပါတယ္။

စစ္ေၾကာေရးတာဝန္ခံနဲ႔ တပ္ၾကပ္ႀကီးတို႔နဲ႔အတူ ဖမ္းဆီးသတ္ျဖတ္ခံလိုက္ရသူ ၂ ဦးဟာလည္း UG သူလွ်ိဳေတြျဖစ္ၾကၿပီး ေနာက္ထပ္မစ္ရွင္ေတြ ဆက္လုပ္စရာရွိေသးတဲ့အတြက္ သူတို႔ရဲ႕ အခ်က္အလက္ကိုေတာ့ ထည့္သြင္းေျဖၾကားျခင္း မရွိခဲ့ပါဘူး။

ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို အသွင်ယူထောင်ဖမ်းခဲ့သူတွေဖြစ်တဲ့ စစ်ကြောရေးတာဝန်ခံနဲ့အဖွဲ့ သတ်ခံလိုက်ရ

ဇန်နဝါရီ ၂၃

ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ဖမ်းမိပြီး သတ်ခံလိုက်ရတဲ့ စစ်ကြောရေး ဗိုလ်မှူးအပါအဝင် ၄ ဦးဟာ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို အသွင်ယူထောင်ဖမ်းခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၁၆၁ အနီးမှာ ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် နဲ့ တပ်ကြပ်ကြီး မြင့်အောင်အပါ ၄ ဦးကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။

ပစ်ခတ်ဖမ်းဆီးချိန်မှာ ဗိုလ်မှူးသန်းထွဋ်နဲ့ တပ်ကြပ်ကြီးတို့ ၂ ဦးဟာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး သူတို့နဲ့အတူ ပါလာသူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို အရှင်ဖမ်းဆီးရခဲ့ပေမယ့် ခုခံထွက်ပြေးလို့ ပစ်သတ်လိုက်တယ်လို့ ဆိုပါတယ်။

“ရန်ကုန်က ကိုဂျင်မီတို့ ဖြိုးဇေယျာသော်တို့ကို အတွင်းလူ သူလျှိုဝင်ပြီး ဝင်ဖမ်းတာ ဒီကောင်ပဲ။ ငါတို့က ဖြိုးဇေယျာသော်တို့ ဂျင်မီတို့အတွက် ကလဲ့စားချေတယ်ဆိုလည်း ဒီပွဲက မမှားဘူး” လို့ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၆ တပ်ခွဲမှူး ဗိုလ်ကြက်သွန်က ပြောပါတယ်။

သေဆုံးသွားသူ ၄ ဦးလုံးဟာ ရန်ကုန် UG အဖွဲ့ဝင်များအဖြစ် အသွင်ယူကာ နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးနေတဲ့ ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးက အမှတ်(၁) စစ်ဘက်ရေးရာ လုံခြုံရေးအကူ တပ်စစ်ကြောရေးတာဝန်ခံ စရက (၁) တပ်မှူး ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

သူတို့ ၄ ဦး စီးလာတဲ့ ယာဉ်အမှတ် YGN. 2N 6158 TOYOTA VANGUARD အမဲရောင်ယာဉ်ဟာ ရန်ကုန် – မန္တလေး အမြန်လမ်းကို ထွက်လာပြီလို့ သတင်းရတဲ့အတွက် ကင်းပုန်းဝပ်ကာ စောင့်ဖမ်းခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးသူတွေဆီက ၉ မမ ပစ္စတို ၂ လက်၊ ကျည် ၁၂ တောင့်၊ ယာဉ်လိုင်စင်နဲ့ စာရွက်စာတမ်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“ရန်ကုန်မှာ UG တွေ ဖမ်းခံနေရတာ ဒီကောင်တွေကြောင့်။ အခုအဲ့ကောင်တွေ ဖမ်းတာခံရတဲ့သူတွေ၊ ဘယ်လောက်ဖမ်းထားပြီလဲ၊ ဖော်ထုတ်ထားပြီလဲ ဆိုတာ၊ သူ့ထဲက ပါလာတဲ့ စာတိုတခုကို ရထားတယ်။ ရန်ကုန်မှာ ဒါမျိုးတွေ ကြောက်စရာ တအားကောင်းတယ်။ စကစ ဒလံအကြီးစားကောင်တွေက UG ခေါင်းဆောင်တွေ ဖြစ်နေကြတယ်” လို့ ဗိုလ်ကြက်သွန်က ပြောပါတယ်။

စစ်ကြောရေးတာဝန်ခံနဲ့ တပ်ကြပ်ကြီးတို့နဲ့အတူ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသူ ၂ ဦးဟာလည်း UG သူလျှိုတွေဖြစ်ကြပြီး နောက်ထပ်မစ်ရှင်တွေ ဆက်လုပ်စရာရှိသေးတဲ့အတွက် သူတို့ရဲ့ အချက်အလက်ကိုတော့ ထည့်သွင်းဖြေကြားခြင်း မရှိခဲ့ပါဘူး။