Local News

ဗိုလ္မႉးသန္းထြဋ္ႏွင့္အဖြဲ႕ကို PDF ကလွည့္စားၿပီး

စစ္ေၾကာေရးအရာရိွ ဗုိလ္မွဴးသန္းထြဋ္အဖဲြ႔ ရွင္းတဲ႔ျဖစ္စဥ္က ႏုိင္ငံျခား Spy အက္ရွင္ကားထက္ကုိ မုိက္ေနတာပဲ

PDF ေတြကုိ ဖမ္းဆီးခံ UG ေတြန႔ဲ မွ်ားေခၚျပီး သ-တ္ကြင္းထဲေခၚတာကုိ PDF ကေန သတင္းအတိအက်ရျပီး တန္ျပန္သ-တ္ကြင္းထဲ ေခၚသြင္းျပီးေတာ႔ လ-က္စ-တုံး-ေပးလုိက္တဲ႔အကြက္က ႏုိင္ငံျခားကား ၾကည့္ေနရသလုိပဲေလ

NUG ေအာက္က PDF တပ္ရင္းနဲ႔ရန္ကုန္ UG ပူးေပါင္းကြန္ယက္တုိ႔သတင္းအခ်က္အလက္ ခ်ိတ္ဆက္ဗိုလ္မွဴးသန္းထြဋ္ႏွင့္အဖြဲ႔ အသြားအလာ အစအဆုံးေစာင့္ၾကည့္ လ-က္နက္ဝယ္ခ်င္ေဆာင္ျပီး မုိင္တုိင္ ၁၄၅ မွာသ-တ္ကြင္းထဲ ေခၚသြင္းဖုိ႔ျပင္ထားတာ ၾကိဳသိျပီး မုိင္တုိင္ ၁၆၁ မွာ တန္ျပန္သ-တ္ကြင္းထဲ ျပန္ေခၚသြင္းျပီးေတာ႔လ-က္စသ-တ္လုိက္တာ မုိက္ခ်က္ကြာ

ဒီသတင္းကေန ျမင္လိုက္ရတာေတြနက္ရႈိိင္းျပီး က်ယ္ျပန္႔လြန္းပါတယ္ အထူးသျဖင့္ PDF ေတြ UG ေတြရဲ့သတင္းကြန္ယက္ခ်ိတ္ဆက္မႈပုိင္းစစ္ေရးျပင္ဆင္မႈပုိင္း ဗ်ဴဟာပုိင္းနဲ႔အတြင္းသတင္းရယူပုိင္း ဖရဲသီးအားေၾကာက္ခမန္း အားေကာင္းေနတာပဲအားအရဆုံးကေတာ႔ စစ္ေၾကာေရးနဲ႔UG ကြန္ယက္ကုိ ထိုးေဖာက္ဖုိ႔ကုိတာဝန္ယူထားတဲ႔ ရာထူးျမင့္ျပီးေတာ႔အေရးပါတဲ႔သူေတြကုိ ရွ-င္းႏုိင္ခဲ႔တာအေတာ္ေလး အားရဖုိ႔ ေကာင္းတယ္

Nway Oo Che

စစ္ဘက္ဆိုင္ရာေထာက္လွမ္းေရးတပ္ရင္းတစ္ခုမွ ဗိုလ္မႉးသန္းထြဋ္ႏွင့္ အဖြဲ႕သည္ ေသနတ္ဝယ္ယူလိုေသာ အရပ္သားမ်ားအသြင္ေဆာင္ကာ ဇန္နဝါရီ ၂၂ ရက္၊ တနဂၤေႏြေန႔ ေန႔လယ္ပိုင္းက ေနျပည္ေတာ္၏ ေတာင္ဘက္ မိုင္ ၄၀ ခန႔္အကြာ ေတာင္ငူခ႐ိုင္အတြင္းရွိ ရန္ကုန္- မႏၲေလး အျမန္လမ္းမႀကီးအနီးတစ္ဝိုက္တြင္ ေရာက္ရွိခိုက္ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရသည္။

ထိုလုပ္ႀကံမႈကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG) ၏ ေတာင္ငူခ႐ိုင္ရွိ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF) တပ္ရင္း ၃၅၀၁ က ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ပဲခူးတိုင္းေဒသႀကီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ယေန႔ (ဇန္နဝါရီ ၂၃) တြင္ သတင္းထုတ္ျပန္ခဲ့သည္။

ေသဆုံးသူတို႔မွာ ရန္ကုန္တိုင္းရွိ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားလွေသာ စစ္ေၾကာေရးစခန္းမ်ားကို အဓိကႀကီးၾကပ္ၿပီး စစ္ေကာင္စီကို ေတာ္လွန္ေနေသာ ၿမိဳ႕ေျပာက္က်ားမ်ားကို ဖိႏွိပ္ေနသည့္ ရန္ကုန္တိုင္း အမွတ္ (၁) စစ္ဘက္ေရးရာလုံၿခဳံေရးအကူတပ္ဖြဲ႕မွ အရာရွိျဖစ္သူ အသက္ ၃၈ ႏွစ္ခန႔္အ႐ြယ္ ဗိုလ္မႉးသန္းထြဋ္ႏွင့္ တပ္ၾကပ္ႀကီးျမင့္ေအာင္တို႔ ျဖစ္သည္။

ထိုေထာက္လွမ္းေရးႏွစ္ဦးမွာ အရပ္သားႏွစ္ဦးႏွင့္အတူ ေသနတ္ဝယ္ယူရန္ ဆိုကာ PDF အဖြဲ႕ဝင္မ်ားႏွင့္ အခ်ိန္းအခ်က္ျပဳခဲ့ေၾကာင္း၊ သို႔ရာတြင္ ၎တို႔စီးနင္းလာေသာကားကို ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္ ၁၆၁၊ ၆ ဖာလုံအနီးသို႔ အေရာက္တြင္ ေတာင္ငူ PDF တပ္ရင္းက ၾကားျဖတ္တိုက္ခိုက္ခံခဲ့ျခင္းျဖစ္သည္။

၎တို႔ႏွင့္ အတူပါလာေသာ အသက္ ၃၀ ဝန္းက်င္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတို႔မွာ ယခင္ PDF အဖြဲ႕ဝင္ေဟာင္းမ်ားျဖစ္ၿပီး စစ္ေကာင္စီထံ ဖမ္းဆီးခံရၿပီးေနာက္ ၎တို႔သေဘာအေလ်ာက္ေသာ္လည္းေကာင္း သို႔မဟုတ္ အက်ပ္ကိုင္ဖိအားေပးမႈေၾကာင့္ေသာ္လည္းေကာင္း စစ္ေထာက္လွမ္းေရးအတြက္ အလုပ္လုပ္ေပးေနသူမ်ားျဖစ္ေၾကာင္း Myanmar Now အေနျဖင့္ နားလည္ပါသည္။

ဗိုလ္မႉးသန္းထြဋ္ႏွင့္ တပ္ၾကပ္ႀကီးျမင့္ေအာင္တို႔ကို ပစ္ခတ္လုပ္ႀကံၿပီးေနာက္ ၎တို႔ႏွစ္ဦးအား ေခၚလာစဥ္ ထြက္ေျပးရန္ ျပဳသျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ပါရွိေသာ္လည္း ထိုသတင္းကိုအတည္မျပဳႏိုင္ေသးေပ။

ယခုအေျခအေနကို သိရွိေသာ ေထာက္လွမ္းေရးဆိုင္ရာသတင္းရင္းျမစ္တစ္ဦးအဆိုအရ ဗိုလ္မႉးသန္းထြဋ္ႏွင့္ PDF တို႔ ခ်ိန္းဆိုခဲ့ေသာ ေနရာမွာ အျမန္လမ္း ၁၄၅ မိုင္ျဖစ္ေၾကာင္း၊ ထို ၁၄၅ မိုင္တြင္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားက အင္အားအမ်ားအျပားျဖင့္ ေစာင့္ဆိုင္းေနသည္ဟု သိရွိရသည္။

ထို႔ျပင္ ၎တို႔ကားေနာက္တြင္ ဗိုလ္ႀကီးတစ္ဦးဦးေဆာင္သည့္ ေနာက္ထပ္တစ္ဖြဲ႕လည္း ပါရွိေၾကာင္း၊ သို႔ေသာ္ ဒုတိယကားမွာ ကားဘီးေပါက္သျဖင့္ ေရွ႕ကားႏွင့္ အဆက္ျပတ္သြားကာ မထင္မွတ္ဘဲ မိုင္တိုင္ ၁၆၁ မိုင္အနီးတြင္ တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

“အေရွ႕ကသြားတဲ့အဖြဲ႕က ကြၽံဝင္သြားတာ။ ၁၄၅ မိုင္မွာ ခ်ိန္းထားတာ အဲဒီမွာ ျပင္ဆင္ၿပီးသားေနရာပဲ၊ ဒီဘက္(စစ္တပ္) က သတ္ကြင္းေပါ့။ ဟိုဘက္က ေနရာေ႐ႊ႕လိုက္တယ္ ၁၆၁ ေရာက္ၿပီး သူတို႔ (PDF) သတ္ကြင္းထဲ ေရာက္သြားတယ္” ဟု ထိုသတင္းရင္းျမစ္က ဆိုသည္။

PDF ဘက္က ထုတ္ျပန္ခ်က္တြင္မူ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားသည္ ကင္းပုန္းဝပ္ကာ ကားတြင္ ပါလာသည့္ သတင္းေပး PDF အဖြဲ႕ဝင္ေဟာင္းႏွစ္ဦးကို ဖုန္းဆက္ကာ ကားရပ္ခိုင္းၿပီး ပစ္ခတ္ ဖမ္းဆီးခဲ့ေၾကာင္း၊ ျဖစ္စဥ္တြင္ ဗိုလ္မႉးသန္းထြဋ္ႏွင့္ တပ္ၾကပ္ႀကီးျမင့္ေအာင္က လက္နက္မ်ားျဖင့္ ျပန္လည္ပစ္ခတ္၍ ေနရာတြင္ပင္ ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း၊ ၎တို႔ထံမွ ၉ မမ ပစၥတို (၂) လက္၊ က်ည္ (၁၂) ေတာင့္၊ ယာဥ္လိုင္စင္ႏွင့္ စာ႐ြက္စာတမ္းအခ်ိဳ႕ကို သိမ္းဆည္းရရွိခဲ့ေၾကာင္းဆိုသည္။၎တို႔၏ ထုတ္ျပန္ခ်က္တြင္ မ်က္ႏွာဝါးထားေသာ အမ်ိဳးသားႏွစ္ဦး၏ ႐ုပ္အေလာင္းမ်ား ေတာတြင္းတစ္ေနရာတြင္ လဲက်ေသဆုံးေနပုံ ဓာတ္ပုံမ်ားလည္း ထုတ္ျပန္ထားသည္။

PDF က သိမ္းဆည္းရမိသည့္ ကိုဗစ္ကာကြယ္ေဆးထိုးၿပီးေၾကာင္း တပ္တြင္းထုတ္ေပးထားသည့္ စာ႐ြက္စာတမ္းတစ္ခုတြင္ ဗိုလ္မႉးသန္းထြဋ္၏ နာမည္၊ အသက္၊ ရာထူးႏွင့္ ၎သည္ စစ္ဘက္ဆိုင္ရာေထာက္လွမ္းေရးတပ္မွ ဆိုသည္ကို ျမန္မာႏွင့္ အဂၤလိပ္ ႏွစ္ဘာသာျဖင့္ ေရးသားထားသည္။

ျပည္လမ္းႏွင့္ ရန္ကုန္ေလဆိပ္လမ္းဆုံအနီး ၉ မိုင္ခြဲတြင္ တည္ရွိေသာ ရန္ကုန္တိုင္း အမွတ္ (၁) စစ္ဘက္ေရးရာလုံၿခဳံေရးအကူတပ္ဖြဲ႕ (စရက-၁) တာဝန္ခံ ဗိုလ္မႉးသန္းထြဋ္သည္ ၎တပ္ရင္းတြင္ စစ္ဆင္ေရးေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး ၎အထက္တြင္ တပ္မႉး ဗိုလ္မႉးခ်ဳပ္ေနလင္းထြန္းႏွင့္ ဒုတိယတပ္ဖြဲ႕မႉး ဗိုလ္မႉးႀကီးျမတ္ကိုတို႔ ရွိကာ ယခုျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၎တို႔ႏွစ္ဦးကို ယေန႔တြင္ ဌာနတြင္းစုံစမ္းစစ္ေဆးေရး ခုံ႐ုံးဖြဲ႕၍ စစ္ေဆးခံေနရသည္ဟု သိရွိရသည္။

၎တို႔တပ္ရင္းသည္ စစ္ဘက္ေရးရာလုံၿခဳံေရးတပ္ဖြဲ႕ (စရဖ) လက္ေအာက္ရွိ တပ္ရင္းျဖစ္ၿပီး၊ စရဖဌာနကို စစ္ေကာင္စီအဖြဲ႕တြင္ ပါဝင္ေနသူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးက ဦးေဆာင္ေနသည္။ဗိုလ္မႉးသန္းထြဋ္ႏွင့္ကား ရန္ကုန္ၿမိဳ႕မွ ထြက္ခြာသြားသည့္ ေနရာအတိအက်ကို ရန္ကုန္ၿမိဳ႕မွ ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕မ်ားပူးေပါင္းထားသည့္Yangon UG Association(YUA) က ပဲခူး PDF မ်ားကို သတင္းလွမ္းေပးျခင္းျဖစ္ေၾကာင္းလည္း သိရွိရသည္။

“ေျမေအာက္ေတာ္လွန္ေရး UG ေတြထဲ သူတို႔ အသြင္ယူစိမ့္ဝင္ေနတာလည္း သိပါတယ္။ သိေပမဲ့ သူတို႔ဆီက သတင္းအခ်က္အလက္ေတြ လိုခ်င္ေနတဲ့အတြက္ သိသိနဲ႔ က်ေနာ္တို႔ ေစာင့္ေနတာ။ က်ေနာ္တို႔လိုခ်င္တဲ့ အခ်က္အလက္အျပည့္အစုံမရေသးလို႔။ အခုက်ေတာ့ အကုန္ရေတာ့ တိတိက်က် သတင္းေပးေဆာင္႐ြက္တာပါ” ဟု Yangon UG Association (YUA) က ေျပာသည္။

ၿပီးခဲ့သည့္လပိုင္းက အမွတ္(၁) တပ္မေတာ္စစ္ဘက္ေရးရာလုံၿခဳံေရးအကူတပ္၏ အစီရင္ခံစာဆိုသည့္ အသံဖိုင္ႏွင့္ စာမ်က္ႏွာ ၃၃ မ်က္ႏွာပါ စာတမ္းတစ္ခု လူမႈကြန္ရက္တြင္ ျပန႔္ႏွံ႔ခဲ့ၿပီး ရန္ကုန္ၿမိဳ႕တြင္ ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕မ်ားအတြင္းအသြင္ယူလုပ္ေဆာင္ကာ ဖမ္းဆီးခဲ့သည္ဆိုသည့္ အခ်က္အလက္မ်ား ပါဝင္သည္။

ထိုအစီရင္ခံစာတြင္ ယခုလုပ္ႀကံခံရမႈတြင္ ပါဝင္သူ တပ္ၾကပ္ႀကီးျမင့္ေအာင္သည္ ကိုမဟာအမည္ျဖင့္ ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ဝင္အျဖစ္ အသြင္ယူလုပ္ေဆာင္ခဲ့သည္ဆိုေသာ အခ်က္ပါဝင္ၿပီး၊ ထိုအခ်က္ကို YUA က အတည္ျပဳသည္။၎တို႔ ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ဝင္မ်ားကို ဖမ္းဆီး၊ စစ္ေၾကာေရးလုပ္ငန္းမ်ားဦးေဆာင္လုပ္ခဲ့သူတစ္ဦးမွာ ယခုအသတ္ခံရသူ ဗိုလ္မႉးသန္းထြဋ္ျဖစ္သည္ဟုလည္း YUA က ေျပာသည္။

“သူက (ဗိုလ္မႉးသန္းထြဋ္) အသြင္ယူေတြကို ဦးေဆာင္ေနတာ စစ္ေၾကာေရးမွာ လက္ေစာင္းထက္တဲ့အျပင္ UG ေတြၾကားထဲမွာ သပ္ရႈိေသြးခြဲမႈေတြ အသြင္ယူမႈေတြကို အဓိကလုပ္ေဆာင္ေနတဲ့သူပါ ဒီၾကားထဲမွာ အထင္လြဲမႈေတြျဖစ္ေအာင္ လႈပ္လႈပ္ခတ္ခတ္ျဖစ္ေအာင္ လုပ္ေနသူပါ။ မိတဲ့သူေတြကို တန္ျပန္ေထာက္လွမ္းေရးလုပ္ေနတာလည္း သူပဲ” ဟု သူက ေျပာသည္။

အခင္းျဖစ္ပြားရာေနရာသည္ အျမန္လမ္းမႏွင့္ တစ္မိုင္ခန႔္ေဝးသည္ဟု အျမန္လမ္း မိုင္တိုင္ ၁၄၆ ရွိ ဇီးပင္သာရဲစခန္း တာဝန္ရွိသူတစ္ဦးက ေျပာသည္။“ေတာစပ္ေပါ့။ အဲဒီမွာ အမ်ိဳးသားအေလာင္း ႏွစ္ေလာင္းေတြ႕တယ္။ ကားတစ္စီးကို မီးရႈိ႕သြားတယ္” ဟု သူက ေျပာသည္။ေသဆုံးေနသူ ၂ ဦးသည္ အရပ္ဝတ္အဝတ္အစားႏွင့္ ျဖစ္ၿပီး ဦးေခါင္းနားထင္၊ ရင္ဝတို႔၌ က်ည္ဆန္ဒဏ္ရာ ၂ ခ်က္စီခန႔္ ေတြ႕ရသည္ဟု ဇီးပင္သာရဲစခန္းက ေျပာသည္။

“အေလာင္းေတြကို မီးမရႈိ႕သြားပါဘူး။ ေသနတ္ဒဏ္ရာနဲ႔ ပက္လက္ေတြ ေတြ႕ရတာ၊ ဒီအမႈကို ေရတာရွည္ရဲစခန္းက အမႈဖြင့္ေဆာင္႐ြက္ေနတယ္” ဟု တာဝန္က်ရဲ အရာရွိတစ္ဦးက Myanmar Now ကို ေျပာသည္။

အေလာင္းမ်ားကို ညေနအခ်ိန္တြင္ အမွတ္ (၃) စစ္ေျမျပင္ေဆးတပ္ရင္းသို႔ သယ္ေဆာင္သြားသလို မီးရႈိ႕ခံထားရေသာကားကို ယမန္ေန႔ ည ၉ နာရီတြင္ ကရိန္းႏွင့္ သယ္သြားသည္ဟု သိရသည္။ ထိုအေလာင္း ၂ ေလာင္းသည္ ဗိုလ္မႉးသန္းထြဋ္ႏွင့္တပ္ၾကပ္ႀကီးျမင့္ေအာင္တို႔ ဟုတ္မဟုတ္ကို ဇီးပင္သာရဲစခန္းႏွင့္ ေရတာရွည္ရဲစခန္းတို႔က မေျပာေပ။

ဗိုလ္မႉးသန္းထြဋ္ႏွင့္ အတူပါလာေသာ စာ႐ြက္စာတမ္းမ်ားကို ပဲခူးျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ထုတ္ျပန္ထားၿပီး ေမာ္ေတာ္ကားအေရာင္းအဝယ္စာခ်ဳပ္၊ လႈိင္သာယာအေရွ႕ပိုင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးက စရက-၁ ထံသို႔ ဆိုင္ခန္းခ်ိပ္ပိတ္ထားမႈ ျပန္လည္စိစစ္ေပးရန္ တင္ျပစာ၊ ကားလိုင္စင္ႏွင့္ ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးၿပီးေၾကာင္း စစ္တပ္ေထာက္ခံစာတို႔ ေတြ႕ရသည္။

ေသဆုံးသူ ဗိုလ္မႉးသန္းထြဋ္သည္ ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူျဖစ္ၿပီး ေထာက္လွမ္းေရးႏွင့္ စစ္ေၾကာေရးတြင္ အဓိကတာဝန္ရွိသူတစ္ဦးဟု Myanmar Now ၏ေနာက္ထပ္ တပ္တြင္းသတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“သူက ဒုတိယဗိုလ္မႉးႀကီးျဖစ္ေနၿပီ။ အပြင့္မတင္ရေသးတာေပါ့။ သူတို႔က ေထာက္လွမ္းေရးပိုင္းကို တာဝန္ယူရတာ UG ကြန္ရက္ေတြ၊ ဆႏၵျပသူေတြကို ေထာက္လွမ္းတာတို႔ အဓိကလုပ္ရတယ္။ စစ္ေၾကာေရးကေတာ့ ေရၾကည္အိုင္က အဖြဲ႕ေတြ လုပ္ၾကတာ ပိုမ်ားတယ္။ ဒါေပမဲ့ သူတို႔လည္း လုပ္ၾကတယ္” ဟု ထိုတပ္တြင္းသတင္းရင္းျမစ္တစ္ဦးက ဆိုသည္။

ေနျပည္ေတာ္တြင္ တာဝန္ထမ္းေဆာင္ဆဲ အမည္မေဖာ္လိုေသာ ရဲအရာရွိတစ္ဦးကလည္း ဗိုလ္မႉးသန္းထြဋ္၏ စရက-၁ သည္ ယမန္ႏွစ္က စစ္တပ္က ႀကိဳးေပးသတ္ျဖတ္လိုက္ေသာ NLD ပါတီလႊတ္ေတာ္အမတ္၊ ဟစ္ေဟာ့ပ္အဆိုေတာ္ ကိုေဇယ်ာေသာ္ကို ၂၀၀၇ ခုႏွစ္တြင္ မုံ႐ြာၿမိဳ႕၌ ဖမ္းဆီးခဲ့သည့္ တပ္ဖြဲ႕ျဖစ္သည္ဟု ေျပာသည္။

Myanmar Now

စစ်ကြောရေးအရာရှိ ဗိုလ်မှူးသန်းထွဋ်အဖွဲ့ ရှင်းတဲ့ဖြစ်စဉ်က နိုင်ငံခြား Spy အက်ရှင်ကားထက်ကို မိုက်နေတာပဲ

PDF တွေကို ဖမ်းဆီးခံ UG တွေနဲ့ မျှားခေါ်ပြီး သ-တ်ကွင်းထဲခေါ်တာကို PDF ကနေ သတင်းအတိအကျရပြီး တန်ပြန်သ-တ်ကွင်းထဲ ခေါ်သွင်းပြီးတော့ လ-က်စ-တုံး-ပေးလိုက်တဲ့အကွက်က နိုင်ငံခြားကား ကြည့်နေရသလိုပဲလေ

NUG အောက်က PDF တပ်ရင်းနဲ့ရန်ကုန် UG ပူးပေါင်းကွန်ယက်တို့သတင်းအချက်အလက် ချိတ်ဆက်ဗိုလ်မှူးသန်းထွဋ်နှင့်အဖွဲ့ အသွားအလာ အစအဆုံးစောင့်ကြည့် လ-က်နက်ဝယ်ချင်ဆောင်ပြီး မိုင်တိုင် ၁၄၅ မှာသ-တ်ကွင်းထဲ ခေါ်သွင်းဖို့ပြင်ထားတာ ကြိုသိပြီး မိုင်တိုင် ၁၆၁ မှာ တန်ပြန်သ-တ်ကွင်းထဲ ပြန်ခေါ်သွင်းပြီးတော့လ-က်စသ-တ်လိုက်တာ မိုက်ချက်ကွာ

ဒီသတင်းကနေ မြင်လိုက်ရတာတွေနက်ရှိုင်းပြီး ကျယ်ပြန့်လွန်းပါတယ် အထူးသဖြင့် PDF တွေ UG တွေရဲ့သတင်းကွန်ယက်ချိတ်ဆက်မှုပိုင်းစစ်ရေးပြင်ဆင်မှုပိုင်း ဗျူဟာပိုင်းနဲ့အတွင်းသတင်းရယူပိုင်း ဖရဲသီးအားကြောက်ခမန်း အားကောင်းနေတာပဲအားအရဆုံးကတော့ စစ်ကြောရေးနဲ့UG ကွန်ယက်ကို ထိုးဖောက်ဖို့ကိုတာဝန်ယူထားတဲ့ ရာထူးမြင့်ပြီးတော့အရေးပါတဲ့သူတွေကို ရှ-င်းနိုင်ခဲ့တာအတော်လေး အားရဖို့ ကောင်းတယ်

Nway Oo Che

စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးတပ်ရင်းတစ်ခုမှ ဗိုလ်မှူးသန်းထွဋ်နှင့် အဖွဲ့သည် သေနတ်ဝယ်ယူလိုသော အရပ်သားများအသွင်ဆောင်ကာ ဇန်နဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက နေပြည်တော်၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာ တောင်ငူခရိုင်အတွင်းရှိ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးအနီးတစ်ဝိုက်တွင် ရောက်ရှိခိုက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ထိုလုပ်ကြံမှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ တောင်ငူခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၃၅၀၁ က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၃) တွင် သတင်းထုတ်ပြန်ခဲ့သည်။

သေဆုံးသူတို့မှာ ရန်ကုန်တိုင်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားလှသော စစ်ကြောရေးစခန်းများကို အဓိကကြီးကြပ်ပြီး စစ်ကောင်စီကို တော်လှန်နေသော မြို့ပြောက်ကျားများကို ဖိနှိပ်နေသည့် ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့မှ အရာရှိဖြစ်သူ အသက် ၃၈ နှစ်ခန့်အရွယ် ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ ဖြစ်သည်။

ထိုထောက်လှမ်းရေးနှစ်ဦးမှာ အရပ်သားနှစ်ဦးနှင့်အတူ သေနတ်ဝယ်ယူရန် ဆိုကာ PDF အဖွဲ့ဝင်များနှင့် အချိန်းအချက်ပြုခဲ့ကြောင်း၊ သို့ရာတွင် ၎င်းတို့စီးနင်းလာသောကားကို ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၁၊ ၆ ဖာလုံအနီးသို့ အရောက်တွင် တောင်ငူ PDF တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခံခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှင့် အတူပါလာသော အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့မှာ ယခင် PDF အဖွဲ့ဝင်ဟောင်းများဖြစ်ပြီး စစ်ကောင်စီထံ ဖမ်းဆီးခံရပြီးနောက် ၎င်းတို့သဘောအလျောက်သော်လည်းကောင်း သို့မဟုတ် အကျပ်ကိုင်ဖိအားပေးမှုကြောင့်သော်လည်းကောင်း စစ်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးနေသူများဖြစ်ကြောင်း Myanmar Now အနေဖြင့် နားလည်ပါသည်။

ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို ပစ်ခတ်လုပ်ကြံပြီးနောက် ၎င်းတို့နှစ်ဦးအား ခေါ်လာစဉ် ထွက်ပြေးရန် ပြုသဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသော်လည်း ထိုသတင်းကိုအတည်မပြုနိုင်သေးပေ။

ယခုအခြေအနေကို သိရှိသော ထောက်လှမ်းရေးဆိုင်ရာသတင်းရင်းမြစ်တစ်ဦးအဆိုအရ ဗိုလ်မှူးသန်းထွဋ်နှင့် PDF တို့ ချိန်းဆိုခဲ့သော နေရာမှာ အမြန်လမ်း ၁၄၅ မိုင်ဖြစ်ကြောင်း၊ ထို ၁၄၅ မိုင်တွင် စစ်ကောင်စီတပ်ဖွဲ့များက အင်အားအများအပြားဖြင့် စောင့်ဆိုင်းနေသည်ဟု သိရှိရသည်။

ထို့ပြင် ၎င်းတို့ကားနောက်တွင် ဗိုလ်ကြီးတစ်ဦးဦးဆောင်သည့် နောက်ထပ်တစ်ဖွဲ့လည်း ပါရှိကြောင်း၊ သို့သော် ဒုတိယကားမှာ ကားဘီးပေါက်သဖြင့် ရှေ့ကားနှင့် အဆက်ပြတ်သွားကာ မထင်မှတ်ဘဲ မိုင်တိုင် ၁၆၁ မိုင်အနီးတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အရှေ့ကသွားတဲ့အဖွဲ့က ကျွံဝင်သွားတာ။ ၁၄၅ မိုင်မှာ ချိန်းထားတာ အဲဒီမှာ ပြင်ဆင်ပြီးသားနေရာပဲ၊ ဒီဘက်(စစ်တပ်) က သတ်ကွင်းပေါ့။ ဟိုဘက်က နေရာရွှေ့လိုက်တယ် ၁၆၁ ရောက်ပြီး သူတို့ (PDF) သတ်ကွင်းထဲ ရောက်သွားတယ်” ဟု ထိုသတင်းရင်းမြစ်က ဆိုသည်။

PDF ဘက်က ထုတ်ပြန်ချက်တွင်မူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကင်းပုန်းဝပ်ကာ ကားတွင် ပါလာသည့် သတင်းပေး PDF အဖွဲ့ဝင်ဟောင်းနှစ်ဦးကို ဖုန်းဆက်ကာ ကားရပ်ခိုင်းပြီး ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း၊ ဖြစ်စဉ်တွင် ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ်ကြီးမြင့်အောင်က လက်နက်များဖြင့် ပြန်လည်ပစ်ခတ်၍ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ၎င်းတို့ထံမှ ၉ မမ ပစ္စတို (၂) လက်၊ ကျည် (၁၂) တောင့်၊ ယာဉ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းဆိုသည်။၎င်းတို့၏ ထုတ်ပြန်ချက်တွင် မျက်နှာဝါးထားသော အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများ တောတွင်းတစ်နေရာတွင် လဲကျသေဆုံးနေပုံ ဓာတ်ပုံများလည်း ထုတ်ပြန်ထားသည်။

PDF က သိမ်းဆည်းရမိသည့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း တပ်တွင်းထုတ်ပေးထားသည့် စာရွက်စာတမ်းတစ်ခုတွင် ဗိုလ်မှူးသန်းထွဋ်၏ နာမည်၊ အသက်၊ ရာထူးနှင့် ၎င်းသည် စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးတပ်မှ ဆိုသည်ကို မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည်။

ပြည်လမ်းနှင့် ရန်ကုန်လေဆိပ်လမ်းဆုံအနီး ၉ မိုင်ခွဲတွင် တည်ရှိသော ရန်ကုန်တိုင်း အမှတ် (၁) စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ဖွဲ့ (စရက-၁) တာဝန်ခံ ဗိုလ်မှူးသန်းထွဋ်သည် ၎င်းတပ်ရင်းတွင် စစ်ဆင်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်းအထက်တွင် တပ်မှူး ဗိုလ်မှူးချုပ်နေလင်းထွန်းနှင့် ဒုတိယတပ်ဖွဲ့မှူး ဗိုလ်မှူးကြီးမြတ်ကိုတို့ ရှိကာ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးကို ယနေ့တွင် ဌာနတွင်းစုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့၍ စစ်ဆေးခံနေရသည်ဟု သိရှိရသည်။

၎င်းတို့တပ်ရင်းသည် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) လက်အောက်ရှိ တပ်ရင်းဖြစ်ပြီး၊ စရဖဌာနကို စစ်ကောင်စီအဖွဲ့တွင် ပါဝင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဦးဆောင်နေသည်။ဗိုလ်မှူးသန်းထွဋ်နှင့်ကား ရန်ကုန်မြို့မှ ထွက်ခွာသွားသည့် နေရာအတိအကျကို ရန်ကုန်မြို့မှ မြို့ပြပြောက်ကျားတပ်ဖွဲ့များပူးပေါင်းထားသည့်Yangon UG Association(YUA) က ပဲခူး PDF များကို သတင်းလှမ်းပေးခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

“မြေအောက်တော်လှန်ရေး UG တွေထဲ သူတို့ အသွင်ယူစိမ့်ဝင်နေတာလည်း သိပါတယ်။ သိပေမဲ့ သူတို့ဆီက သတင်းအချက်အလက်တွေ လိုချင်နေတဲ့အတွက် သိသိနဲ့ ကျနော်တို့ စောင့်နေတာ။ ကျနော်တို့လိုချင်တဲ့ အချက်အလက်အပြည့်အစုံမရသေးလို့။ အခုကျတော့ အကုန်ရတော့ တိတိကျကျ သတင်းပေးဆောင်ရွက်တာပါ” ဟု Yangon UG Association (YUA) က ပြောသည်။

ပြီးခဲ့သည့်လပိုင်းက အမှတ်(၁) တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်၏ အစီရင်ခံစာဆိုသည့် အသံဖိုင်နှင့် စာမျက်နှာ ၃၃ မျက်နှာပါ စာတမ်းတစ်ခု လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့ပြီး ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျားတပ်ဖွဲ့များအတွင်းအသွင်ယူလုပ်ဆောင်ကာ ဖမ်းဆီးခဲ့သည်ဆိုသည့် အချက်အလက်များ ပါဝင်သည်။

ထိုအစီရင်ခံစာတွင် ယခုလုပ်ကြံခံရမှုတွင် ပါဝင်သူ တပ်ကြပ်ကြီးမြင့်အောင်သည် ကိုမဟာအမည်ဖြင့် မြို့ပြပြောက်ကျားအဖွဲ့ဝင်အဖြစ် အသွင်ယူလုပ်ဆောင်ခဲ့သည်ဆိုသော အချက်ပါဝင်ပြီး၊ ထိုအချက်ကို YUA က အတည်ပြုသည်။၎င်းတို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များကို ဖမ်းဆီး၊ စစ်ကြောရေးလုပ်ငန်းများဦးဆောင်လုပ်ခဲ့သူတစ်ဦးမှာ ယခုအသတ်ခံရသူ ဗိုလ်မှူးသန်းထွဋ်ဖြစ်သည်ဟုလည်း YUA က ပြောသည်။

“သူက (ဗိုလ်မှူးသန်းထွဋ်) အသွင်ယူတွေကို ဦးဆောင်နေတာ စစ်ကြောရေးမှာ လက်စောင်းထက်တဲ့အပြင် UG တွေကြားထဲမှာ သပ်ရှိုသွေးခွဲမှုတွေ အသွင်ယူမှုတွေကို အဓိကလုပ်ဆောင်နေတဲ့သူပါ ဒီကြားထဲမှာ အထင်လွဲမှုတွေဖြစ်အောင် လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လုပ်နေသူပါ။ မိတဲ့သူတွေကို တန်ပြန်ထောက်လှမ်းရေးလုပ်နေတာလည်း သူပဲ” ဟု သူက ပြောသည်။

အခင်းဖြစ်ပွားရာနေရာသည် အမြန်လမ်းမနှင့် တစ်မိုင်ခန့်ဝေးသည်ဟု အမြန်လမ်း မိုင်တိုင် ၁၄၆ ရှိ ဇီးပင်သာရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။“တောစပ်ပေါ့။ အဲဒီမှာ အမျိုးသားအလောင်း နှစ်လောင်းတွေ့တယ်။ ကားတစ်စီးကို မီးရှို့သွားတယ်” ဟု သူက ပြောသည်။သေဆုံးနေသူ ၂ ဦးသည် အရပ်ဝတ်အဝတ်အစားနှင့် ဖြစ်ပြီး ဦးခေါင်းနားထင်၊ ရင်ဝတို့၌ ကျည်ဆန်ဒဏ်ရာ ၂ ချက်စီခန့် တွေ့ရသည်ဟု ဇီးပင်သာရဲစခန်းက ပြောသည်။

“အလောင်းတွေကို မီးမရှို့သွားပါဘူး။ သေနတ်ဒဏ်ရာနဲ့ ပက်လက်တွေ တွေ့ရတာ၊ ဒီအမှုကို ရေတာရှည်ရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေတယ်” ဟု တာဝန်ကျရဲ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

အလောင်းများကို ညနေအချိန်တွင် အမှတ် (၃) စစ်မြေပြင်ဆေးတပ်ရင်းသို့ သယ်ဆောင်သွားသလို မီးရှို့ခံထားရသောကားကို ယမန်နေ့ ည ၉ နာရီတွင် ကရိန်းနှင့် သယ်သွားသည်ဟု သိရသည်။ ထိုအလောင်း ၂ လောင်းသည် ဗိုလ်မှူးသန်းထွဋ်နှင့်တပ်ကြပ်ကြီးမြင့်အောင်တို့ ဟုတ်မဟုတ်ကို ဇီးပင်သာရဲစခန်းနှင့် ရေတာရှည်ရဲစခန်းတို့က မပြောပေ။

ဗိုလ်မှူးသန်းထွဋ်နှင့် အတူပါလာသော စာရွက်စာတမ်းများကို ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပြီး မော်တော်ကားအရောင်းအဝယ်စာချုပ်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက စရက-၁ ထံသို့ ဆိုင်ခန်းချိပ်ပိတ်ထားမှု ပြန်လည်စိစစ်ပေးရန် တင်ပြစာ၊ ကားလိုင်စင်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း စစ်တပ်ထောက်ခံစာတို့ တွေ့ရသည်။

သေဆုံးသူ ဗိုလ်မှူးသန်းထွဋ်သည် ရန်ကုန်မြို့တွင် နေထိုင်သူဖြစ်ပြီး ထောက်လှမ်းရေးနှင့် စစ်ကြောရေးတွင် အဓိကတာဝန်ရှိသူတစ်ဦးဟု Myanmar Now ၏နောက်ထပ် တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သူက ဒုတိယဗိုလ်မှူးကြီးဖြစ်နေပြီ။ အပွင့်မတင်ရသေးတာပေါ့။ သူတို့က ထောက်လှမ်းရေးပိုင်းကို တာဝန်ယူရတာ UG ကွန်ရက်တွေ၊ ဆန္ဒပြသူတွေကို ထောက်လှမ်းတာတို့ အဓိကလုပ်ရတယ်။ စစ်ကြောရေးကတော့ ရေကြည်အိုင်က အဖွဲ့တွေ လုပ်ကြတာ ပိုများတယ်။ ဒါပေမဲ့ သူတို့လည်း လုပ်ကြတယ်” ဟု ထိုတပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

နေပြည်တော်တွင် တာဝန်ထမ်းဆောင်ဆဲ အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးကလည်း ဗိုလ်မှူးသန်းထွဋ်၏ စရက-၁ သည် ယမန်နှစ်က စစ်တပ်က ကြိုးပေးသတ်ဖြတ်လိုက်သော NLD ပါတီလွှတ်တော်အမတ်၊ ဟစ်ဟော့ပ်အဆိုတော် ကိုဇေယျာသော်ကို ၂၀၀၇ ခုနှစ်တွင် မုံရွာမြို့၌ ဖမ်းဆီးခဲ့သည့် တပ်ဖွဲ့ဖြစ်သည်ဟု ပြောသည်။

Myanmar Now