Local News













ဒီတစ်ခါတော့ ဃမ်ဘီယလိုင်း။ ရှေးလူကြီးတွေ ပြောတာ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း ဩဘာနိမိတ် ထွန်းသတဲ့။

ဒါမျိုးက ယုံတဲ့ သူတွေ အတွက် မြေကြီးလက်ခတ် မလွဲ ပိုမှန် တတ်တယ်။ မှန်ဆို မနက် ၄ နာရီ မိနစ် ၂၀ လူတကာ အိပ်ကောင်းချိန်ကြီး လွတ်တပ်ရေး အယူကောင်းတာ တစ်နိုင်ငံလုံး အရွယ်စုံ အဆင့်စုံ ဖိုးတွမ်တီးတွေ တောက်လျောက် သမကြတာ အခုထိ ခံနေကြရတာပဲ ကြည့်။

လပ်တီးရဲ့ ကြမ္မာနိမိတ်အစ ဓနုတ်က တဲ့။ ဒလက ဓနုတ် ဘုရားကြီးကို ပြုပြင်ရေး ဆိုပြီး နမ်းခင်ညွန့်ကြီး တော့တော့ ကော့တော့နဲ့ အလှူဒါန ပြုကြသူငှါ လုပ်တာ ငြိမ်ပိ တစ်သက် ပဲ။ မပြီးအောင်ပြင်တော့ ပြင်လို့ ပြီးတယ်ရယ်ကို မရှိဘူး။

နမ်းခင်ညွန့် အင်းစိန်တောရကို ဂျာလတီး ဂျောင်းသွားတော့ ဒွန်ရွှေကြီးမိသားစုက ဘုရားဒကာ ဆက်ခံတယ်ပေါ့။ ထွက်ရပ်လမ်း ဖြူးဖို့ နိုင်ငံနှင့်တူသော ရှေးစေတီကြီးကို ခြေဥကို ပမာဆောင်သော ထီးတော်တင်မှ ဆိုပြီး တားဂက်ဒိတ်အခါပေးသတဲ့။ ဒီတော့ အမွှေ ကြိုင်နဲ့ သားသမီးမြေး တစ်ပြုံတစ်မက မရမက ထီးတင်လိုက်ကြတယ်။

ထီးတင်ပွဲ ပြီး သိပ်မကြာ ငြမ်းတောင် မဖယ်ရသေးခင် စေတီကြီး လုံးတော်ပြို – တင်ထားတဲ့ ထီးတော်ကြီး မြေခ ပါလေရောလား။ လူတောင်အသေ အပျောက် ရှိတယ်။

လုပ်တော့ ယတြာ ပေါ်တော့ နိမိတ်တဲ့ ။ ဒီနိမိတ် မှန်ချက်က အခု တိုင်ပြည်လည်းပြို ခြေဥလည်း ခြေသုတ်ဖုံ ဖြစ်နေပြီ။ ဘိုတု ကလည်း ဓါးပြ မတိုက်ခင် ငှက်ပျောပွဲ အရင်ပေးတတ်တဲ့ မိုက်သွေးကျဲကျဲ ဖြီးဘဲ အစားမျိုး။

ဇီဇီအခါတော် ပေးတဲ့ အတိုင်း အာဏာလု မင်းလုပ်ဖို့ ပုဂံက ထီးလို မင်းလို ဘုရား မှာ ထီးတင်ပြီး အောင်ယတြာ လုပ်ခဲ့တယ်။ ထီးလိုမင်းလို ဆိုတာ ဘုရားဘွဲ့ အစစ် မဟုတ်ဘဲ လူတွေ ပါးစပ်ဖျားမှာ တွင်နေတဲ့ ပညတ်။

ပညတ်သွားရာ ဓါတ်သက်ပါတော့ အခု ဘိုတု ဘဝက ထီးလိုလို မင်းလိုလို နဲ့ စမုံတုံး ဂိတ်ဆုံးနေပြီ။ စေတနာ နဲ့ ယတြာ အကျိုးပေးက ကာရံသင့် နဘေဆင့်ပုံများ ကွက်တိ။

အပ်တူဒိတ် အောင်နိမိတ်က ပိုလန်း။ ချိန နှစ်သစ်ကူးပွဲကို ပရိုတိုကောလ် အပဲ့ခံပြီး ဖေါ်လံဖား ဖေါ်စီဖား ကုံးစီဖားချိုင် သွားလုပ်လိုက်တာ ဟိုက အနီရောင် ဝမ်းဆက်ကြီးတွေ ကောက်စွပ် ပေးလိုက်ပါလေရော။

လင်စုံ မယားစုံ ဒယ်ဘယ်လ် နိမိတ်ကြီး။ ကဲ.. ပိတ်သတ်ကြီးရေ ၊ ဇတ်ပေါင်းသော် လပ်တီး ထိပ်ခေါင် အစိမ်းကောင် ဂျပေါင်ကု ဘယ်လိုပဲ ကြံကြံ ဇတ်သိမ်းမှာ ကြိမ်းသေ အနီရောင် ပြည်သူ့ အောင်လံတော်ပဲ တလူလူလွင့်ရမှာ မြေကြီးလက်ခတ် မလွဲသမို့ တော်လှန်ရေး အတွက် တက်အစုံနဲ့ ရွက်ကုန်လွှင့် စက်ကုန် ဖွင့်ချီတက်ကြစို့ …..

ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (လပ်တီးဖျက်ပု ဂျပေါင်ကု ကဏ္ဍ)