Local News

“ႏိုင္ငံတကာ တရားစီရင္ခြင့္ရွိတဲ့ ဂ်ာမနီတရား႐ုံးမွာ စစ္အာဏာရွင္ေတြကို တရားစြဲေတာ့မယ္ “

“ႏိုင္ငံတကာ တရားစီရင္ခြင့္ရွိတဲ့ ဂ်ာမနီတရား႐ုံးမွာ စစ္အာဏာရွင္ေတြကို တရားစြဲေတာ့မယ္ ”

ျမန္မာႏိုင္ငံမွာ ရက္စက္ၾကမ္းၾကဳတ္မႈ႕ေတြ က်ဴးလြန္ေနတဲ့ ျမန္မာအာဏာသိမ္းေခါင္းေဆာင္ေတြကို ဂ်ာမဏီႏိုင္ငံက တရား႐ုံးမွာ တရားစြဲလိုက္ပါတယ္ ။ စစ္အာဏာသိမ္းၿပိးခ်ိန္မွာ က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈ႕ေတြနဲ႔ ႐ိုဟင္ဂ်ာကိစၥမွာ က်ဴးလြန္ထားတဲ့ ရာဇဝတ္မႈ႕ေတြအတြက္ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕ေတြက ဦးေဆာင္ၿပီး တရားစြဲလိုက္တာပါ ။ ျမန္မာစစ္တပ္က က်ဴးလြန္ထားတဲ့ ရာဇဝတ္မႈ႕ေတြကို တာဝန္ခံဖို႔အတြက္ ႏိုင္ငံတကာ တရားစီရင္ေရးနဲ႔ တရားစြဲဖို႔ ႀကိဳးပမ္းမႈ႕ပါ။

တရားစြဲမႈ႕မွာ ဦးေဆာင္ခဲ့တဲ့ Fortify Rights အဖြဲ႕ဟာ အျပည္ျပည္ဆိုင္ရာ တရားစီရင္ခြင့္ နိယာမကို အသိအမွတ္ျပဳထားတဲ့ ဂ်ာမနီႏိုင္ငံကို ေ႐ြးခ်ယ္ခဲ့ပါတယ္ ။ ဒီအမႈ႕ကို ဂ်ာမနီ အမ်ိဳးသားတရား႐ုံးကလည္း စစ္ေဆးခြင့္ရွိတယ္လို႔ ဆိုပါတယ္ ။

ဒီတိုင္ၾကားမႈ႕မွာ ျမန္မာစစ္တပ္က က်ဴးလြန္ထားတဲ့ စနစ္တက် သတ္ျဖတ္ျခင္း ၊ မီးရႈိ႕ဖ်က္စီးျခင္း ၊ အဓမၼျပဳျခင္း ၊ ညႇဥ္းပန္းႏွိပ္စက္ျခင္း ၊ မတရား ေထာင္ခ်ျခင္း ၊ ဖမ္းဆီးခံရရာမွ ေပ်ာက္သြားျခင္း ၊ လူမ်ိဳးတုံးသတ္ျဖတ္ျခင္း ၊ စိတ္ဒဏ္ရာရေအာင္ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈ႕နဲ႔ စစ္ရာဇဝတ္မႈ႕ေတြကို ကိုယ္ေတြ႕ႀကဳံခဲ့ရသူေတြ ၊ အေထာက္အထားေတြနဲ႔ စြဲဆိုထားတာပါ ။

ဂ်ာမနီမွာ တိုင္ၾကားထားတဲ့ တိုင္ၾကားခ်က္နဲ႔ပတ္သက္ၿပီး ႐ိုက္တာသတင္းဌာနက ျမန္မာစစ္တပ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူကို ဘယ္လိုတုံ႔ျပန္မလဲဆိုတာ ေမးျမန္းခဲ့ေပမဲ့ ေျဖၾကားျခင္း မရွိခဲ့ပါဘူး ။

” ဂ်ာမနီအစိုးရဟာ ဒီတိုင္ၾကားခ်က္ကို လက္ခံၿပီး စုံစမ္းမႈ႕တစ္ခု စတင္လိမ့္မယ္လို႔ ယူဆပါတယ္ “လို႔ Fortify Rights အဖြဲ႕ရဲ႕ အမႈ႕ေဆာင္အရာရွိခ်ဳပ္ Matthew Smith က ေျပာၾကားထားပါတယ္ ။

ဂ်ာမနီတရား႐ုံးကို တိုင္ၾကားခဲ့တဲ့ ဆီးရီးယားျပည္တြင္းစစ္အတြင္းက ရက္စက္ၾကမ္းၾကဳတ္မႈ႕ေတြကို ျပစ္ဒဏ္ေပးႏိုင္ခဲ့တဲ့ သာဓကလည္း ရွိေနခဲ့ေတာ့ ဂ်ာမနီတရား႐ုံးဟာ ဘက္လိုက္မႈ႕မရွိပဲ ႏိုင္ငံတကာတရားဥပေဒအရ တရားစီရင္ခြင့္လည္း ရွိပါတယ္ ။

ဂ်ာမနီတရား႐ုံးကေန ပထမဆုံး ႏိုင္ငံတကာ ျပစ္မႈ႕အျဖစ္နဲ႔ အမိန္႔ခ်ခံရသူက ဆီးရီးယားႏိုင္ငံက ေထာက္လွမ္းေရး အႀကီးအကဲတစ္ေယာက္ပါ ။ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈ႕ေတြကို ထင္ရွားစြာ စစ္ေဆးႏိုင္ခဲ့တဲ့အတြက္ ေထာင္ဒဏ္တစ္သက္ ခ်မွတ္ခံခဲ့ရပါတယ္ ။

သုံးသပ္ရမယ္ဆိုရင္ ……..၊ျမန္မာ့အေရးဟာ ျပည္တြင္းေတာ္လွန္အားနဲ႔ PDF လူငယ္ေတြရဲ႕ တိုက္ခိုက္ေရးစြမ္းရည္ေတြ ျမင့္တက္လာပါတယ္ ။ လြန္ခဲ့တဲ့ ၂ ရက္က ရန္ကုန္-မႏၲေလး အျမန္လမ္းေပၚမွာ ႏွိမ္နင္းခံလိုက္ရတဲ့ တပ္မေတာ္အရာရွိႀကီးတစ္ဦးကို ႏွိမ္နင္းလိုက္တဲ့ မစ္ရွင္ဆိုရင္ အခ်ိတ္အဆက္မိတဲ့ အက္ရွင္ဇာတ္ကားေကာင္းတစ္ခုလို အံ့ၾသစရာေကာင္းလွပါတယ္ ။

လူငယ္ေတြလည္းျဖစ္ ၊ မတရားမႈ႕ကို လူငယ္ေတြပီပီ မခံမရပ္ႏိုင္ၾကေတာ့ ၂ ႏွစ္သာရွိေသးတဲ့ လူငယ္ေတြရဲ႕ စစ္ေရးစြမ္းရည္က စစ္အကယ္ဒမီဆင္းေတြ ထိတ္လန္႔သြားရတဲ့အထိ ျဖစ္သြားရပါတယ္ ။

ဒီမစ္ရွင္ရဲ႕ ေနာက္ကြယ္မွာ ဘားမားအက္ရဲ႕ နည္းပညာ ပံ့ပိုးမႈ႕ေတြ ရွိေနမလားလို႔လည္း ေတြးၾကည့္ႏိုင္ပါတယ္ ။ နည္းစနစ္က်တဲ့ တိုက္ခိုက္ေရးစြမ္းရည္ကို လူငယ္ေတြ ရရွိထားၿပီဆိုတာကေတာ့ ဒီအျဖစ္အပ်က္ကို ၾကည့္မယ္ဆိုရင္ သိႏိုင္ပါတယ္ ။

လက္နက္ကိုင္ေတာ္လွန္ေရးမွာ စစ္အာဏာရွင္ေတြ မ်က္လုံးျပဴးေနရသလို ၊ ႏိုင္ငံတကာ ဥပေဒနည္းလမ္းကို အသုံးခ်ၿပီး က်ဴံးသြင္းခံေနရတဲ့ လႈပ္ရွားမႈ႕ေတြကလည္း စစ္အာဏာရွင္အတြက္ အေျခမလွေတာ့ပါဘူး ။

ဒီေန႔ တရားစြဲဖို႔ ေတာင္းဆိုလိုက္တဲ့ ဂ်ာမနီတရား႐ုံးဟာ ႏိုင္ငံတကာ ရာဇဝတ္မႈ႕ေတြနဲ႔ စစ္ရာဇဝတ္မႈ႕ေတြကို လက္ခံၾကားနာ ၊ ျပစ္ဒဏ္ေပးႏိုင္တဲ့ တရား႐ုံးပါ ။ ဆီးရီးယား ေထာက္လွမ္းေရး အႀကီးအကဲတစ္ေယာက္ကို သက္ေသခိုင္လုံစြာနဲ႔ အျပစ္ေပးႏိုင္ခဲ့တဲ့ သာဓကလည္း ရွိေနပါတယ္ ။

ဘားမားအက္ကလည္း အသက္ဝင္ေတာ့မွာဆိုေတာ့ ျပည္တြင္းေတာ္လွန္အားကလည္း စိတ္ဓာတ္ေတြ တက္ႂကြလာၿပီး ၊ နည္းပညာအသုံးခ်မႈ႕အပိုင္းက တိုက္ခိုက္ေရးစြမ္းရည္ကို ျမႇင့္တင္ေပးလာႏိုင္ပါတယ္ ။ လုံၿခဳံေရးေကာင္စီကလည္း ဆုံးျဖတ္ခ်က္ခ်ထားၿပီးၿပီဆိုေတာ့ အေမရိကန္နဲ႔ ႏိုင္ငံတကာအေနနဲ႔လည္း ျမန္မာစစ္အာဏာရွင္ေတြကို ႏွိမ္နင္းဖို႔အတြက္ ေနာက္ေၾကာင္းျပန္ အေရးယူမႈ႕ေတြကို ထည့္တြက္စရာ မလိုေတာ့ပါဘူး ။

အႏွစ္ခ်ဳပ္ရရင္ ၊ ျပည္တြင္းမွာ ႏွစ္ဘက္ တိုက္ပြဲေတြ ၾကမ္းလာႏိုင္သလို ၊ ႏိုင္ငံတကာရဲ႕ တုံ႔ျပန္မႈ႕ေတြကလည္း ေ႐ြးေကာက္ပြဲအထိ မေရာက္ႏိုင္ေအာင္ ခ်ဳပ္ကြက္ေကာင္းေကာင္းေလးေတြ သုံးလာႏိုင္ပါတယ္ ။

ဘႀကီးေအာင္ LA

“နိုင်ငံတကာ တရားစီရင်ခွင့်ရှိတဲ့ ဂျာမနီတရားရုံးမှာ စစ်အာဏာရှင်တွေကို တရားစွဲတော့မယ် ”

မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှု့တွေ ကျူးလွန်နေတဲ့ မြန်မာအာဏာသိမ်းခေါင်းဆောင်တွေကို ဂျာမဏီနိုင်ငံက တရားရုံးမှာ တရားစွဲလိုက်ပါတယ် ။ စစ်အာဏာသိမ်းပြိးချိန်မှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေနဲ့ ရိုဟင်ဂျာကိစ္စမှာ ကျူးလွန်ထားတဲ့ ရာဇဝတ်မှု့တွေအတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဦးဆောင်ပြီး တရားစွဲလိုက်တာပါ ။ မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှု့တွေကို တာဝန်ခံဖို့အတွက် နိုင်ငံတကာ တရားစီရင်ရေးနဲ့ တရားစွဲဖို့ ကြိုးပမ်းမှု့ပါ။

တရားစွဲမှု့မှာ ဦးဆောင်ခဲ့တဲ့ Fortify Rights အဖွဲ့ဟာ အပြည်ပြည်ဆိုင်ရာ တရားစီရင်ခွင့် နိယာမကို အသိအမှတ်ပြုထားတဲ့ ဂျာမနီနိုင်ငံကို ရွေးချယ်ခဲ့ပါတယ် ။ ဒီအမှု့ကို ဂျာမနီ အမျိုးသားတရားရုံးကလည်း စစ်ဆေးခွင့်ရှိတယ်လို့ ဆိုပါတယ် ။

ဒီတိုင်ကြားမှု့မှာ မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ စနစ်တကျ သတ်ဖြတ်ခြင်း ၊ မီးရှို့ဖျက်စီးခြင်း ၊ အဓမ္မပြုခြင်း ၊ ညှဉ်းပန်းနှိပ်စက်ခြင်း ၊ မတရား ထောင်ချခြင်း ၊ ဖမ်းဆီးခံရရာမှ ပျောက်သွားခြင်း ၊ လူမျိုးတုံးသတ်ဖြတ်ခြင်း ၊ စိတ်ဒဏ်ရာရအောင် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှု့နဲ့ စစ်ရာဇဝတ်မှု့တွေကို ကိုယ်တွေ့ကြုံခဲ့ရသူတွေ ၊ အထောက်အထားတွေနဲ့ စွဲဆိုထားတာပါ ။

ဂျာမနီမှာ တိုင်ကြားထားတဲ့ တိုင်ကြားချက်နဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ မေးမြန်းခဲ့ပေမဲ့ ဖြေကြားခြင်း မရှိခဲ့ပါဘူး ။

” ဂျာမနီအစိုးရဟာ ဒီတိုင်ကြားချက်ကို လက်ခံပြီး စုံစမ်းမှု့တစ်ခု စတင်လိမ့်မယ်လို့ ယူဆပါတယ် “လို့ Fortify Rights အဖွဲ့ရဲ့ အမှု့ဆောင်အရာရှိချုပ် Matthew Smith က ပြောကြားထားပါတယ် ။

ဂျာမနီတရားရုံးကို တိုင်ကြားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်အတွင်းက ရက်စက်ကြမ်းကြုတ်မှု့တွေကို ပြစ်ဒဏ်ပေးနိုင်ခဲ့တဲ့ သာဓကလည်း ရှိနေခဲ့တော့ ဂျာမနီတရားရုံးဟာ ဘက်လိုက်မှု့မရှိပဲ နိုင်ငံတကာတရားဥပဒေအရ တရားစီရင်ခွင့်လည်း ရှိပါတယ် ။

ဂျာမနီတရားရုံးကနေ ပထမဆုံး နိုင်ငံတကာ ပြစ်မှု့အဖြစ်နဲ့ အမိန့်ချခံရသူက ဆီးရီးယားနိုင်ငံက ထောက်လှမ်းရေး အကြီးအကဲတစ်ယောက်ပါ ။ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု့တွေကို ထင်ရှားစွာ စစ်ဆေးနိုင်ခဲ့တဲ့အတွက် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ် ။

သုံးသပ်ရမယ်ဆိုရင် ……..၊မြန်မာ့အရေးဟာ ပြည်တွင်းတော်လှန်အားနဲ့ PDF လူငယ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ မြင့်တက်လာပါတယ် ။ လွန်ခဲ့တဲ့ ၂ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ နှိမ်နင်းခံလိုက်ရတဲ့ တပ်မတော်အရာရှိကြီးတစ်ဦးကို နှိမ်နင်းလိုက်တဲ့ မစ်ရှင်ဆိုရင် အချိတ်အဆက်မိတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ခုလို အံ့သြစရာကောင်းလှပါတယ် ။

လူငယ်တွေလည်းဖြစ် ၊ မတရားမှု့ကို လူငယ်တွေပီပီ မခံမရပ်နိုင်ကြတော့ ၂ နှစ်သာရှိသေးတဲ့ လူငယ်တွေရဲ့ စစ်ရေးစွမ်းရည်က စစ်အကယ်ဒမီဆင်းတွေ ထိတ်လန့်သွားရတဲ့အထိ ဖြစ်သွားရပါတယ် ။

ဒီမစ်ရှင်ရဲ့ နောက်ကွယ်မှာ ဘားမားအက်ရဲ့ နည်းပညာ ပံ့ပိုးမှု့တွေ ရှိနေမလားလို့လည်း တွေးကြည့်နိုင်ပါတယ် ။ နည်းစနစ်ကျတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို လူငယ်တွေ ရရှိထားပြီဆိုတာကတော့ ဒီအဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် သိနိုင်ပါတယ် ။

လက်နက်ကိုင်တော်လှန်ရေးမှာ စစ်အာဏာရှင်တွေ မျက်လုံးပြူးနေရသလို ၊ နိုင်ငံတကာ ဥပဒေနည်းလမ်းကို အသုံးချပြီး ကျူံးသွင်းခံနေရတဲ့ လှုပ်ရှားမှု့တွေကလည်း စစ်အာဏာရှင်အတွက် အခြေမလှတော့ပါဘူး ။

ဒီနေ့ တရားစွဲဖို့ တောင်းဆိုလိုက်တဲ့ ဂျာမနီတရားရုံးဟာ နိုင်ငံတကာ ရာဇဝတ်မှု့တွေနဲ့ စစ်ရာဇဝတ်မှု့တွေကို လက်ခံကြားနာ ၊ ပြစ်ဒဏ်ပေးနိုင်တဲ့ တရားရုံးပါ ။ ဆီးရီးယား ထောက်လှမ်းရေး အကြီးအကဲတစ်ယောက်ကို သက်သေခိုင်လုံစွာနဲ့ အပြစ်ပေးနိုင်ခဲ့တဲ့ သာဓကလည်း ရှိနေပါတယ် ။

ဘားမားအက်ကလည်း အသက်ဝင်တော့မှာဆိုတော့ ပြည်တွင်းတော်လှန်အားကလည်း စိတ်ဓာတ်တွေ တက်ကြွလာပြီး ၊ နည်းပညာအသုံးချမှု့အပိုင်းက တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးလာနိုင်ပါတယ် ။ လုံခြုံရေးကောင်စီကလည်း ဆုံးဖြတ်ချက်ချထားပြီးပြီဆိုတော့ အမေရိကန်နဲ့ နိုင်ငံတကာအနေနဲ့လည်း မြန်မာစစ်အာဏာရှင်တွေကို နှိမ်နင်းဖို့အတွက် နောက်ကြောင်းပြန် အရေးယူမှု့တွေကို ထည့်တွက်စရာ မလိုတော့ပါဘူး ။

အနှစ်ချုပ်ရရင် ၊ ပြည်တွင်းမှာ နှစ်ဘက် တိုက်ပွဲတွေ ကြမ်းလာနိုင်သလို ၊ နိုင်ငံတကာရဲ့ တုံ့ပြန်မှု့တွေကလည်း ရွေးကောက်ပွဲအထိ မရောက်နိုင်အောင် ချုပ်ကွက်ကောင်းကောင်းလေးတွေ သုံးလာနိုင်ပါတယ် ။

ဘကြီးအောင် LA