Local News
မအလရဲ့ကူးတို့ခတောင် ဈေးတက်သွားပြီ။ အရင်က ငါးထောင်၊ အခု တသောင်းခွဲ အနည်းဆုံး။
ဒါတောင် ဟိုပွဲဒီပွဲ လူစုရတာ မလွယ်ဘူးတဲ့။ ဘယ်လွယ်ပါ့။ အစောင့်နဲ့ အရှောက်နဲ့ ဗီနိုင်းလေး ငါးမိနစ်လောက် ထောင်ပြရင်တောင် အခန့်မသင့် ရှော့ခံထိတာလေ။ ပေးသင့်ဘာဒယ် ကြင်စိုးရယ်။
ကျားစီးဖားစီး ဝိသမရှာဖွေထားတာတွေက ကိုယ့်နောက်ပါတော့မှာမှ မဟုတ်ဘဲ။ မသင်ခေ တောင် မျိုဆို့ထားသမျှ ပြန်အန်နေရပြီ။
နုကြည်ရောင်းသမျှ ဝယ်လိုက်ကြတဲ့ ကွန်ဒိုတွေ၊ မြေတွေ။ ရောင်းမလောက်လို့ ဒီည အခန်း ၂၃၀ ထပ်တိုးရောင်းတော့လည်း နာရီပိုင်းတွင်းကုန်တော့မယ်တဲ့။ ဥစ္စာရင်းမှန် ပြည်သူ့လက်ဝယ် ပြန်ရောက်နေကြပြီ။
မအလရေ … သေးပြီး ကိုယ့်နောက်ပါတာလေး မဖြစ်မနေလုပ်ချင်သပဆိုရင် လည်ပင်းမှာ မနီလာကြိုးကြီးပုံ တက်တူးထိုးပြီး တဖွဲ့လုံး အတူသာကြွ။ တပြိုင်နက်တက်လို့ စင်ကျိုးတော့လည်း ဒေါက်ဖြုတ်ရသက်သာတာပေါ့။
စိနန်းတော် ရွနန်းတော် မောင်နှံလည်း ဒစ်လည်ပုန်းကြောင်နေပြီတဲ့။ 69 တခုယုတ်လည်း မောင်ပိုင့်လက် ထိုးအပ်လိုက်ရပြီ။ ဇာတ်တူသားချင်း အစားခံလိုက်ရရှာပီ။
ခုတော့ မဲမဲမြင် ပိုက်ချံလိုက်ချီးနေရတဲ့ ဘွဆိုက်ရော။ ရုပ်တွေကိုက မွေးရာပါ သဒေါင်းဇားရုပ်တွေနဲ့ဆိုတော့လည်း လိုက်ဖက်ပါပေ့။
ကဲ ခွေးတွေက သူ့ဇာတ်သူခင်းနေချိန် ငါတို့လူတွေက လူအလုပ် အားထည့်လုပ်ကြစို့။
စွမ်းသမျှ၊ နိုင်သမျှ၊ ကျသမျှဝန်ကိုထမ်း
ဒီလမ်းကို အဆုံးထိ တွဲညီညာရုန်း အပီဝုန်းကြ။
ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (ကြင်စိုးအခက် ဒို့အချက် ဆက်လက်ဝုန်းကြစို့ ကဏ္ဍ)