Local News

ေၾကာက္ပါတယ္ဆိုမွ ၿဖဲေျခာက္ေန ဂယ္ဘဲ ဂယ္ဘဲ

ေၾကာက္ပါတယ္ဆိုမွ ၿဖဲေျခာက္ေန ဂယ္ဘဲ ဂယ္ဘဲ

” NDAA ႏွင့္ စပ္လ်ဥ္း၍ NUGအစိုးရကအေမရိကန္ျပည္ေထာင္စုရွိ Advocacy Group မ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ထား ” တဲ့

ဒီခ်ိန္ မင္းေအာင္လွ္ိုင္ ဘာလုပ္ေနလဲ မေမးနဲ႔ တႏိုင္ငံလုံး တပ္ေတြ အသင့္ျပင္ဆိုၿပီး ဘုရားသြား ယၾတာေခ်ေနတယ္

ေအာက္က ေကာင္ေတြက သူတို႔ရႈံးေနတာကို မသိေအာင္ ခုလို အာ႐ုံလြဲၿပီး ဘုရားတကာဟန္လုပ္ျပေနတာကို သိပုံမေပၚဘူး

ေနာက္ ဘုရားက မအလမ်က္ခြက္နဲ႔ တူေနတယ္ သန္းေ႐ႊေက်ာက္စိမ္းဘုရားလို အႀကံက တခ်ိန္ သူတို႔ျပစ္မႈေတြ ေမ့ေပ်ာက္ၿပီး လူေတြက သူတို႔ကိုယ္ပြား ႐ုပ္ထုဘုရားဟန္ေတြကို ရွင္းခိုးဉီးခိုက္ေစဖို႔ထက္ မပိုတဲ့ ယၾတာအစီရင္ ဘုရားေတြမို႔ ကိုယ္ေတြက တသက္လုံး လက္အုပ္ခ်ီ မကန္ေတာ့ဘူးပဲ

ဘာပဲေျပာ အဖက္ဖက္ အရႈံးနဲ႔ ဖိအားမ်ားေနခ်ိန္ စိတ္ထြက္ေပါက္အတြက္ ဘုရားသြား အားကိုးေနပုံ လုပ္ေနကတည္းက မအလ ရင္ထဲ ဘယ္ေလာက္ေသြးပ်က္ေနသလဲဆိုတာနဲ႔ ဟန႔္ကို မာန္နဲ႔ ထိန္းေနရတဲ့ အဆင့္မို႔ ဘာမွမျဖစ္သလို ဟန္ေဆာင္ေနေပမယ့္

အခ်ိန္က စကားေျပာလာမွာျဖစ္လို႔ ျပည္သူေတြအေနနဲ႔ MRTV အတြက္ ဂ်င္းဝါဒျဖန႔္ဖို႔သက္သက္ သ႐ုပ္ေဆာင္ေနတဲ့ မင္းေအာင္လွ္ိုင္ကို စစ္ေရးကာခ်ဳပ္မလုပ္ပဲ ဓာတ္ရွင္မင္းသားလုပ္ဖို႔နဲ႔ (ငယ္က မင္းသား႐ူးသိရ)

အမ်ားအျမင္ဟန္ပန္မွာ မအလဘာမွမျဖစ္ဘူး စစ္တပ္ရႈံးမွာ ေသခ်ာလားဆိုတဲ့ သံသယေတြ ပယ္ေဖ်ာက္ရန္နဲ႔ ထင္ျမင္ေအာင္ လုပ္ေနတဲ့အကြက္မွာ ၿငိမ္းခါနီးမီးလို ရသလို ေလာင္ကြၽမ္းျပေနမႈကို အဟုတ္ႀကီး မထင္ၾကပါနဲ႔လို႔ အသိေပးရင္း ၂၀၂၃ ဟာ စ‌ေ-ခြးမ်ိဳးသုန္းမည့္ႏွစ္ဆိုတာ က်ိမ္းေသေျပာရဲပါတယ္ဗ်ာ

ခု မအလအေနထားက ေသမွာေၾကာက္လို႔ ဘုရားသြား အားကိုးထား အပူၿငိမ္းေစလုပ္ေနတဲ့ဟန္ ဒီထက္မပိုပါဘူးဗ် အျပင္ပန္းသ႑န္ထက္_ကိုမၾကည့္နဲ႔အတြင္းထဲကို ျမင္ေအာင္ၾကည့္ပါ အေျဖက ကြက္ကြင္း အနီးေလးပါ ျမင္ၿပီမဟုတ္လား

သတင္းေတြအရ ဘယ္ေလာက္ပ်ာယာခက္ေနၿပီလဲ‌ဆိုတာနဲ႔ ေၾကာက္လန႔္တၾကား ဘုရားေျပး ကာဗာလုပ္ စိတ္ေျဖေနတာ အ႐ူးပါးဗ်

မင္းၾကည္ညိဳေန

NDAA ႏွင့္ စပ္လ်ဥ္း၍ NUGအစိုးရကအေမရိကန္ျပည္ေထာင္စုရွိ Advocacy Group မ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ထား

ဇန္နဝါရီ၂၈ရက္

NDAA ႏွင့္ စပ္လ်ဥ္း၍ NUGအစိုးရကအေမရိကန္ျပည္ေထာင္စုရွိ Advocacy Group မ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ထားတယ္လို႔သတင္းရရွိပါတယ္။

ဇန္နဝါရီ၂၈ရက္မွာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ပုံမွန္လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဆာဆာက ရွင္းလင္းဆိုပါတယ္။

“NDAA ႏွင့္ စပ္လ်ဥ္း၍ ဝန္ႀကီးဌာနအေနျဖင့္ အေမရိကန္ျပည္ေထာင္စုရွိ Advocacy Group မ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ထားရွိမႈမ်ား၊ အေမရိကန္ျပည္ေထာင္စု၏ သက္ဆိုင္ရာဥပေဒျပဳလႊတ္ေတာ္ေကာ္မတီမ်ား၊ လႊတ္ေတာ္အမတ္မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ထားရွိမႈမ်ား၊

ကြၽမ္းက်င္ပညာရွင္မ်ား၊ အဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ထားရွိမႈမ်ား၊ ၎ဥပေဒျပဳျခင္းႏွင့္စပ္လ်ဥ္း၍ မဲေပးပိုင္ခြင့္ရွိေသာ အေမရိကန္ျပည္ေထာင္စုျပည္သူမ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္ထားရွိမႈ၊ မီဒီယာမ်ားႏွင့္ Talk Show မ်ားတြင္ ေဆာင္႐ြက္ထားရွိမႈမ်ား၊ NDAA အတည္ျပဳလာျခင္းအတြက္ တုံ႔ျပန္လာႏိုင္ေသာကိစၥရပ္မ်ားအား အက်ယ္တဝင့္ ျပည္ေထာင္စုဝန္ႀကီးက ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

အစည္းအေဝးတြင္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ဥကၠ႒ ဦးေအာင္ၾကည္ၫြန႔္က အဖြင့္အမွာစကားေျပာၾကားခဲ့ပါတယ္။

ထို႔ေနာက္တက္ေရာက္လာၾကသည့္ေကာ္မတီဝင္မ်ားက သိရွိလိုသည္မ်ားအား ေမးျမန္းကာ ျပည္ေထာင္စုဝန္ႀကီးက ျပန္လည္ေျဖၾကား၍ လႊတ္ေတာ္က႑အေနျဖင့္ ေရွ႕လုပ္ငန္းစဥ္မ်ားတြင္ မည္သို႔ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္သည္ကို အႀကံျပဳေဆြးေႏြးခဲ့ၾကပါတယ္။

အစည္းအေဝးသို႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ ဥကၠ႒ ဦးေအာင္ၾကည္ၫြန႔္ႏွင့္အဖြဲ႕ဝင္မ်ား၊ ေရးရာေကာ္မတီမ်ားမွ ဥကၠ႒မ်ားႏွင့္ အတြင္းေရးမႉးမ်ား၊ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဆာဆာတို႔ တက္ေရာက္ခဲ့ၾကပါတယ္။

Moe Joe News

ကြောက်ပါတယ်ဆိုမှ ဖြဲခြောက်နေ ဂယ်ဘဲ ဂယ်ဘဲ

” NDAA နှင့် စပ်လျဉ်း၍ NUGအစိုးရကအမေရိကန်ပြည်ထောင်စုရှိ Advocacy Group များနှင့် ညှိနှိုင်းဆောင်ရွက်ထား ” တဲ့

ဒီချိန် မင်းအောင်လှိုင် ဘာလုပ်နေလဲ မမေးနဲ့ တနိုင်ငံလုံး တပ်တွေ အသင့်ပြင်ဆိုပြီး ဘုရားသွား ယတြာချေနေတယ်

အောက်က ကောင်တွေက သူတို့ရှုံးနေတာကို မသိအောင် ခုလို အာရုံလွဲပြီး ဘုရားတကာဟန်လုပ်ပြနေတာကို သိပုံမပေါ်ဘူး

နောက် ဘုရားက မအလမျက်ခွက်နဲ့ တူနေတယ် သန်းရွှေကျောက်စိမ်းဘုရားလို အကြံက တချိန် သူတို့ပြစ်မှုတွေ မေ့ပျောက်ပြီး လူတွေက သူတို့ကိုယ်ပွား ရုပ်ထုဘုရားဟန်တွေကို ရှင်းခိုးဉီးခိုက်စေဖို့ထက် မပိုတဲ့ ယတြာအစီရင် ဘုရားတွေမို့ ကိုယ်တွေက တသက်လုံး လက်အုပ်ချီ မကန်တော့ဘူးပဲ

ဘာပဲပြော အဖက်ဖက် အရှုံးနဲ့ ဖိအားများနေချိန် စိတ်ထွက်ပေါက်အတွက် ဘုရားသွား အားကိုးနေပုံ လုပ်နေကတည်းက မအလ ရင်ထဲ ဘယ်လောက်သွေးပျက်နေသလဲဆိုတာနဲ့ ဟန့်ကို မာန်နဲ့ ထိန်းနေရတဲ့ အဆင့်မို့ ဘာမှမဖြစ်သလို ဟန်ဆောင်နေပေမယ့်

အချိန်က စကားပြောလာမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ MRTV အတွက် ဂျင်းဝါဒဖြန့်ဖို့သက်သက် သရုပ်ဆောင်နေတဲ့ မင်းအောင်လှိုင်ကို စစ်ရေးကာချုပ်မလုပ်ပဲ ဓာတ်ရှင်မင်းသားလုပ်ဖို့နဲ့ (ငယ်က မင်းသားရူးသိရ)

အများအမြင်ဟန်ပန်မှာ မအလဘာမှမဖြစ်ဘူး စစ်တပ်ရှုံးမှာ သေချာလားဆိုတဲ့ သံသယတွေ ပယ်ဖျောက်ရန်နဲ့ ထင်မြင်အောင် လုပ်နေတဲ့အကွက်မှာ ငြိမ်းခါနီးမီးလို ရသလို လောင်ကျွမ်းပြနေမှုကို အဟုတ်ကြီး မထင်ကြပါနဲ့လို့ အသိပေးရင်း ၂၀၂၃ ဟာ စ‌ေ-ခွးမျိုးသုန်းမည့်နှစ်ဆိုတာ ကျိမ်းသေပြောရဲပါတယ်ဗျာ

ခု မအလအနေထားက သေမှာကြောက်လို့ ဘုရားသွား အားကိုးထား အပူငြိမ်းစေလုပ်နေတဲ့ဟန် ဒီထက်မပိုပါဘူးဗျ အပြင်ပန်းသဏ္ဍန်ထက်_ကိုမကြည့်နဲ့အတွင်းထဲကို မြင်အောင်ကြည့်ပါ အဖြေက ကွက်ကွင်း အနီးလေးပါ မြင်ပြီမဟုတ်လား

သတင်းတွေအရ ဘယ်လောက်ပျာယာခက်နေပြီလဲ‌ဆိုတာနဲ့ ကြောက်လန့်တကြား ဘုရားပြေး ကာဗာလုပ် စိတ်ဖြေနေတာ အရူးပါးဗျ

မင်းကြည်ညိုနေ

NDAA နှင့် စပ်လျဉ်း၍ NUGအစိုးရကအမေရိကန်ပြည်ထောင်စုရှိ Advocacy Group များနှင့် ညှိနှိုင်းဆောင်ရွက်ထား

ဇန်နဝါရီ၂၈ရက်

NDAA နှင့် စပ်လျဉ်း၍ NUGအစိုးရကအမေရိကန်ပြည်ထောင်စုရှိ Advocacy Group များနှင့် ညှိနှိုင်းဆောင်ရွက်ထားတယ်လို့သတင်းရရှိပါတယ်။

ဇန်နဝါရီ၂၈ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ရှင်းလင်းဆိုပါတယ်။

“NDAA နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် အမေရိကန်ပြည်ထောင်စုရှိ Advocacy Group များနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှုများ၊ အမေရိကန်ပြည်ထောင်စု၏ သက်ဆိုင်ရာဥပဒေပြုလွှတ်တော်ကော်မတီများ၊ လွှတ်တော်အမတ်များနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊

ကျွမ်းကျင်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊ ၎င်းဥပဒေပြုခြင်းနှင့်စပ်လျဉ်း၍ မဲပေးပိုင်ခွင့်ရှိသော အမေရိကန်ပြည်ထောင်စုပြည်သူများနှင့် ဆက်သွယ်ဆောင်ရွက်ထားရှိမှု၊ မီဒီယာများနှင့် Talk Show များတွင် ဆောင်ရွက်ထားရှိမှုများ၊ NDAA အတည်ပြုလာခြင်းအတွက် တုံ့ပြန်လာနိုင်သောကိစ္စရပ်များအား အကျယ်တဝင့် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ထို့နောက်တက်ရောက်လာကြသည့်ကော်မတီဝင်များက သိရှိလိုသည်များအား မေးမြန်းကာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြား၍ လွှတ်တော်ကဏ္ဍအနေဖြင့် ရှေ့လုပ်ငန်းစဉ်များတွင် မည်သို့ချိတ်ဆက်ဆောင်ရွက်နိုင်သည်ကို အကြံပြုဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့ တက်ရောက်ခဲ့ကြပါတယ်။

Moe Joe News