အာဆန္အမက္ေတြၿပီးေတာ့ အေမရိကန္အမက္ေတြလာၿပီ !
” NUG အစိုးရကို ေထာက္ခံအားေပးဖို႔ အေမရိကန္အမတ္ေတြတိုက္တြန္း ” တဲ့ တိုက္တြန္း႐ုံပဲ ဘာျဖစ္မွာလဲဆို ဖိအားေပးမႈေတြ ပါဝင္တဲ့အျပင္ NUGကို လိုအပ္တဲ့ အေထာက္အပံ့ေတြ ကူညီပံ့ပိုးေပးဖို႔ရယ္ စစ္တပ္စီးပြားေရးလုပ္ငန္းေတြကို ခ်က္ျခင္း ဒဏ္ခတ္ ပိတ္ဆို႔မႈေတြလုပ္ဖို႔နဲ႔ ေ႐ြးေကာက္လက္မခံဖို႔အတြက္
အေမရိကန္အစိုးရေရာ ကုလလုံၿခဳံေရးေကာင္စီနဲ႔ အာဆီယံ အပါအဝင္ ႏိုင္ငံတကာနဲ႔ ပူးေပါင္းၿပီး ျမန္မာ့အေရးကို ပိုတိုးလုပ္ေဆာင္ဖို႔နဲ႔ စစ္ေခါင္းေဆာင္ေတြကိုအေရးယူဖို႔ ကုလၿခဳံေရးေကာင္စီမွာ ရထားတဲ့အခြင့္အာဏာကို အသုံးခ်ဖို႔လိုေၾကာင္းလည္း ေထာက္ျပထားေတာ့
ထိုကုလအခြင့္အာဏာဆိုတာ Resolution 2669 အပါဝင္ျဖစ္တဲ့အတြက္ ဘိုင္ဒန္ေရာ ထုတ္ေပးထားတဲ့ ကုလေခါင္းပါ ဝိုင္းေခါက္ေနၾကေတာ့ ထိုဖိအားကေန အရွိန္ျပင္းတဲ့ တြန္းကန္အားေတြအျဖစ္ ေျပာင္းလဲလာခဲ့ၾကရင္
ဒါ့အျပင္ အေမရိကန္အထက္လႊတ္ေတာ္ ရီပတ္ဘလစ္ကန္ေခါင္းေဆာင္ မစ္ခ်္ မက္ေကာ္နယ္ (Mitch McConnell)ကလည္း ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြ႕လုပ္ငန္း (MOGE) အပါအဝင္ စစ္တပ္ရဲ႕ စီးပြားေရးေတြကို ထပ္တိုးအေရးယူဒဏ္ခတ္ဖို႔နဲ႔
သမၼတဂ်ိဳးဘိုင္ဒင္ လက္မွတ္ေရးထိုးျပ႒ာန္းလိုက္တဲ့ NDAA အရ ျမန္မာႏိုင္ငံ ကာကြယ္ေရး PDF တပ္ေတြနဲ႔ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕ေတြအတြက္ နည္းပညာအေထာက္အပံ့ေတြ ကူညီေပးႏိုင္မည္ျဖစ္ေၾကာင္းနဲ႔ ျမန္မာျပည္သူေတြ ဒီမိုကေရစီတိုက္ပြဲဝင္ေနတာအတြက္ ဂုဏ္ယူေၾကာင္း စစ္တပ္ကို ထိေရာက္စြာ အေရးယူဖို႔ တိုက္တြန္းေဆာ္ဩထားပါေသးတယ္
ဒီေတာ့ အားလုံးကေတာ့ ရသလို က်ားကန္ ဝိုင္းတြန္းေနၿပီး ျမန္မာ့အေရး အခ်ိန္က်ၿပီလို႔ အသိေပးေနတဲ့အတြက္ မျဖစ္မေန လုပ္ေဆာင္ရမည့္ အေ႐ြ႕ အေျပာင္းလဲေတြ ျမင္ေတြ႕ရဖြယ္ရွိေနလို႔ မအလကေတာ့ ႏိုင္ငံတကာသဘ္ောသီးေထာင္း စားရေတာ့မလားဆိုတာ အရသာရွိရွိ ထိုင္ၾကည့္ခ်င္ေနပါၿပီလိုစ့္ !
မင္းၾကည္ညိဳေန
NUG အစိုးရကို ေထာက္ခံအားေပးဖို႔ အေမရိကန္အမတ္ေတြတိုက္တြန္း
အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)ကို လိုအပ္တဲ့ အေထာက္အပံ့ေတြ ကူညီပံ့ပိုးေပးဖို႔ အေမရိကန္အစိုးရကို အေမရိကန္လႊတ္ေတာ္အမတ္ေတြက တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။
ျမန္မာ့အေရး တက္ႂကြလႈပ္ရွားတဲ့ ဒီမိုကရက္လႊတ္ေတာ္အမတ္ Ben Cardin၊ Jeff Merkley နဲ႔ ရီပါဘလစ္ကန္ လႊတ္ေတာ္အမတ္ Todd Young နဲ႔ Susan Collins တို႔ေလးဦး စုေပါင္းၿပီး စစ္အာဏာသိမ္း ႏွစ္ႏွစ္ျပည့္တဲ့ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုတာ ျဖစ္ပါတယ္။
အေမရိကန္အစိုးရအေနနဲ႔ Burma Act လို ဥပေဒေတြ ျပ႒ာန္းၿပီး ျမန္မာျပည္သူေတြကို ကူညီေပးဖို႔၊ စစ္တပ္စီးပြားေရးလုပ္ငန္းေတြကို ပစ္မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်က္ခ်င္းထပ္တိုးခ်မွတ္ဖို႔လည္း ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။
ကုလသမဂၢ လုံၿခဳံေရးေကာင္စီနဲ႔ အာဆီယံ အပါအဝင္ ႏိုင္ငံတကာနဲ႔ေပါင္းၿပီး ျမန္မာ့အေရး ပိုတိုးလုပ္ေဆာင္ဖို႔နဲ႔ တရားမွ်တမႈနဲ႔ စစ္ေခါင္းေဆာင္ေတြ တာဝန္ခံမႈရွိလာေအာင္ အေမရိကန္အစိုးရအေနနဲ႔ လုံၿခဳံေရးေကာင္စီမွာ ရထားတဲ့အခြင့္အာဏာကို အသုံးခ်ဖို႔လိုေၾကာင္းလည္း ေထာက္ျပထားပါတယ္။
စစ္တပ္က က်င္းပမယ့္ ဘယ္ေ႐ြးေကာက္ပြဲကိုမဆို အသိအမွတ္မျပဳဘဲ ကန႔္ကြက္ရႈတ္ခ်ဖို႔လည္း အေမရိကန္အစိုးရကို တိုက္တြန္းထားပါတယ္။
ျမန္မာစစ္တပ္အေနနဲ႔ မတရားဖမ္းဆီးထားသူေတြကို အျမန္ျပန္လႊတ္ေပးၿပီး၊ ျပည္သူလူထုေ႐ြးေကာက္ခံ အစိုးရဆီ အျမန္ဆုံး အာဏာျပန္လႊဲေပးဖို႔ကိုလည္း အေမရိကန္အမတ္ေတြက ေတာင္းဆိုပါတယ္။
Photo: AFP
အာဆန်အမက်တွေပြီးတော့ အမေရိကန်အမက်တွေလာပြီ !
” NUG အစိုးရကို ထောက်ခံအားပေးဖို့ အမေရိကန်အမတ်တွေတိုက်တွန်း ” တဲ့ တိုက်တွန်းရုံပဲ ဘာဖြစ်မှာလဲဆို ဖိအားပေးမှုတွေ ပါဝင်တဲ့အပြင် NUGကို လိုအပ်တဲ့ အထောက်အပံ့တွေ ကူညီပံ့ပိုးပေးဖို့ရယ် စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို ချက်ခြင်း ဒဏ်ခတ် ပိတ်ဆို့မှုတွေလုပ်ဖို့နဲ့ ရွေးကောက်လက်မခံဖို့အတွက်
အမေရိကန်အစိုးရရော ကုလလုံခြုံရေးကောင်စီနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး မြန်မာ့အရေးကို ပိုတိုးလုပ်ဆောင်ဖို့နဲ့ စစ်ခေါင်းဆောင်တွေကိုအရေးယူဖို့ ကုလခြုံရေးကောင်စီမှာ ရထားတဲ့အခွင့်အာဏာကို အသုံးချဖို့လိုကြောင်းလည်း ထောက်ပြထားတော့
ထိုကုလအခွင့်အာဏာဆိုတာ Resolution 2669 အပါဝင်ဖြစ်တဲ့အတွက် ဘိုင်ဒန်ရော ထုတ်ပေးထားတဲ့ ကုလခေါင်းပါ ဝိုင်းခေါက်နေကြတော့ ထိုဖိအားကနေ အရှိန်ပြင်းတဲ့ တွန်းကန်အားတွေအဖြစ် ပြောင်းလဲလာခဲ့ကြရင်
ဒါ့အပြင် အမေရိကန်အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ခေါင်းဆောင် မစ်ချ် မက်ကော်နယ် (Mitch McConnell)ကလည်း မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် စစ်တပ်ရဲ့ စီးပွားရေးတွေကို ထပ်တိုးအရေးယူဒဏ်ခတ်ဖို့နဲ့
သမ္မတဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးပြဋ္ဌာန်းလိုက်တဲ့ NDAA အရ မြန်မာနိုင်ငံ ကာကွယ်ရေး PDF တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် နည်းပညာအထောက်အပံ့တွေ ကူညီပေးနိုင်မည်ဖြစ်ကြောင်းနဲ့ မြန်မာပြည်သူတွေ ဒီမိုကရေစီတိုက်ပွဲဝင်နေတာအတွက် ဂုဏ်ယူကြောင်း စစ်တပ်ကို ထိရောက်စွာ အရေးယူဖို့ တိုက်တွန်းဆော်ဩထားပါသေးတယ်
ဒီတော့ အားလုံးကတော့ ရသလို ကျားကန် ဝိုင်းတွန်းနေပြီး မြန်မာ့အရေး အချိန်ကျပြီလို့ အသိပေးနေတဲ့အတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အရွေ့ အပြောင်းလဲတွေ မြင်တွေ့ရဖွယ်ရှိနေလို့ မအလကတော့ နိုင်ငံတကာသဘ်ောသီးထောင်း စားရတော့မလားဆိုတာ အရသာရှိရှိ ထိုင်ကြည့်ချင်နေပါပြီလိုစ့် !
မင်းကြည်ညိုနေ
NUG အစိုးရကို ထောက်ခံအားပေးဖို့ အမေရိကန်အမတ်တွေတိုက်တွန်း
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို လိုအပ်တဲ့ အထောက်အပံ့တွေ ကူညီပံ့ပိုးပေးဖို့ အမေရိကန်အစိုးရကို အမေရိကန်လွှတ်တော်အမတ်တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ ဒီမိုကရက်လွှတ်တော်အမတ် Ben Cardin၊ Jeff Merkley နဲ့ ရီပါဘလစ်ကန် လွှတ်တော်အမတ် Todd Young နဲ့ Susan Collins တို့လေးဦး စုပေါင်းပြီး စစ်အာဏာသိမ်း နှစ်နှစ်ပြည့်တဲ့နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုတာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ Burma Act လို ဥပဒေတွေ ပြဋ္ဌာန်းပြီး မြန်မာပြည်သူတွေကို ကူညီပေးဖို့၊ စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းထပ်တိုးချမှတ်ဖို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ပေါင်းပြီး မြန်မာ့အရေး ပိုတိုးလုပ်ဆောင်ဖို့နဲ့ တရားမျှတမှုနဲ့ စစ်ခေါင်းဆောင်တွေ တာဝန်ခံမှုရှိလာအောင် အမေရိကန်အစိုးရအနေနဲ့ လုံခြုံရေးကောင်စီမှာ ရထားတဲ့အခွင့်အာဏာကို အသုံးချဖို့လိုကြောင်းလည်း ထောက်ပြထားပါတယ်။
စစ်တပ်က ကျင်းပမယ့် ဘယ်ရွေးကောက်ပွဲကိုမဆို အသိအမှတ်မပြုဘဲ ကန့်ကွက်ရှုတ်ချဖို့လည်း အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။
မြန်မာစစ်တပ်အနေနဲ့ မတရားဖမ်းဆီးထားသူတွေကို အမြန်ပြန်လွှတ်ပေးပြီး၊ ပြည်သူလူထုရွေးကောက်ခံ အစိုးရဆီ အမြန်ဆုံး အာဏာပြန်လွှဲပေးဖို့ကိုလည်း အမေရိကန်အမတ်တွေက တောင်းဆိုပါတယ်။
Photo: AFP