စစ္ေကာင္စီကို ဒုဝန္ႀကီးခ်ဳပ္ ၅ ေနရာနဲ႔ ျပင္ဆင္ဖြဲ႕စည္း၊ ႏိုင္ငံျခားေရးဝန္ႀကီး ဝဏၰေမာင္လြင္ စစ္ေကာင္စီဝင္အျဖစ္ ေ႐ႊ႕ေျပာင္းခံရ
မဲေခါင္၊ ေဖေဖာ္ဝါရီ ၂
အာဏာသိမ္း ၂ ႏွစ္ျပည့္တဲ့ေန႔မွာ မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္ေကာင္စီကို ဒုဝန္ႀကီးခ်ဳပ္ ၅ ဦးနဲ႔ ျပင္ဆင္ ဖြဲ႕စည္းလိုက္ပါတယ္။
အသစ္ဖြဲ႕စည္းတဲ့ စစ္ေကာင္စီမွာ ဥကၠ႒နဲ႔ ဝန္ႀကီးခ်ဳပ္ ရာထူးကို မင္းေအာင္လႈိင္ ကသာ ရယူထားေပမယ့္ ဒုခ်ဳပ္ စိုးဝင္း အပါအဝင္ အျခားဝန္ႀကီး ၄ ဦးကေတာ့ ဒုဝန္ႀကီးခ်ဳပ္ ရာထူးေတြနဲ႔ ပြဲထြက္လာတာကို ေတြ႕ရပါတယ္။
ထူးျခားခ်က္အျဖစ္ အေရးပါတဲ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဝန္ႀကီးျဖစ္သူ ဝဏၰေမာင္လြင္ ကိုေတာ့ အသစ္ဖြဲ႕စည္းတဲ့ စစ္ေကာင္စီမွာ ေကာင္စီဝင္ အျဖစ္ ေျပာင္းေ႐ႊ႕ခန႔္ထားၿပီး သူ႔ေနရာမွာ ဦးသန္းေဆြ ဆိုသူ တာဝန္ယူမွာ ျဖစ္ပါတယ္။
ဒါ့အျပင္ စစ္ေကာင္စီ အဖြဲ႕ဝင္ အခ်ိဳ႕ကို ထပ္မံ အားျဖည့္ထားၿပီး မင္းေအာင္လႈိင္ အပါအဝင္ ၂၀ ဦးနဲ႔ ျပန္လည္ ဖြဲ႕စည္းထားကာ လူ ၉ ဦးပါဝင္တဲ့ အႀကံေပး အဖြဲ႕ကိုလည္း ဖြဲ႕စည္းထားပါေသးတယ္။
မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ ကာလုံ အစည္းအေဝးကို မေန႔က ေနျပည္ေတာ္မွာ က်င္းပၿပီး အေျခခံ ဥပေဒ ပုဒ္မ ၄၂၅ ကို ကိုးကားကာ ကာလုံ အစည္းအေဝးကေန မင္းေအာင္လႈိင္ကို အာဏာသက္တမ္း ၆ လ တိုးေပးလိုက္ၿပီးေနာက္ အခုလို စစ္ေကာင္စီကို ျပင္ဆင္ ဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။
MekongNews
စစ်ကောင်စီကို ဒုဝန်ကြီးချုပ် ၅ နေရာနဲ့ ပြင်ဆင်ဖွဲ့စည်း၊ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် စစ်ကောင်စီဝင်အဖြစ် ရွှေ့ပြောင်းခံရ
မဲခေါင်၊ ဖေဖော်ဝါရီ ၂
အာဏာသိမ်း ၂ နှစ်ပြည့်တဲ့နေ့မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို ဒုဝန်ကြီးချုပ် ၅ ဦးနဲ့ ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။
အသစ်ဖွဲ့စည်းတဲ့ စစ်ကောင်စီမှာ ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ် ရာထူးကို မင်းအောင်လှိုင် ကသာ ရယူထားပေမယ့် ဒုချုပ် စိုးဝင်း အပါအဝင် အခြားဝန်ကြီး ၄ ဦးကတော့ ဒုဝန်ကြီးချုပ် ရာထူးတွေနဲ့ ပွဲထွက်လာတာကို တွေ့ရပါတယ်။
ထူးခြားချက်အဖြစ် အရေးပါတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဝဏ္ဏမောင်လွင် ကိုတော့ အသစ်ဖွဲ့စည်းတဲ့ စစ်ကောင်စီမှာ ကောင်စီဝင် အဖြစ် ပြောင်းရွှေ့ခန့်ထားပြီး သူ့နေရာမှာ ဦးသန်းဆွေ ဆိုသူ တာဝန်ယူမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ အဖွဲ့ဝင် အချို့ကို ထပ်မံ အားဖြည့်ထားပြီး မင်းအောင်လှိုင် အပါအဝင် ၂၀ ဦးနဲ့ ပြန်လည် ဖွဲ့စည်းထားကာ လူ ၉ ဦးပါဝင်တဲ့ အကြံပေး အဖွဲ့ကိုလည်း ဖွဲ့စည်းထားပါသေးတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ ကာလုံ အစည်းအဝေးကို မနေ့က နေပြည်တော်မှာ ကျင်းပပြီး အခြေခံ ဥပဒေ ပုဒ်မ ၄၂၅ ကို ကိုးကားကာ ကာလုံ အစည်းအဝေးကနေ မင်းအောင်လှိုင်ကို အာဏာသက်တမ်း ၆ လ တိုးပေးလိုက်ပြီးနောက် အခုလို စစ်ကောင်စီကို ပြင်ဆင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။