Local News

ေျပာတဲ့အတိုင္း ႏွစ္ဆလုပ္ၿပီ !

ေျပာတဲ့အတိုင္း ႏွစ္ဆလုပ္ၿပီ !

အျခား‌ေနရာေတြ ပိတ္ဆို႔ အေရးယူေနေပမယ့္ လြတ္ေနတဲ့ လုပ္မရပဲ ဒဲ့ဆိုင္ေနရတဲ့ ႐ုရွားရဲ႕ လနက္တင္ပို႔ေနမႈကို ကန႔္သတ္ႏိုင္ဖို႔ အေမရိကန္နည္းလမ္းရွာမည္ဟု Derek Chollet က ေျပာၾကားၿပီ

” ျမန္မာစစ္တပ္ လ-က္နက္ရရွိေနတာ ပိုၿပီးခက္ခဲလာေအာင္ ပိုမိုတင္းၾကပ္ အေရးယူ ပိတ္ဆို႔ႏိုင္ေအာင္ ဆက္လက္နည္းလမ္းရွာမယ္

တရားမွ်တမႈ မရွိတဲ့ ေ႐ြးေကာက္လုပ္ခ်င္ေနတဲ့ စစ္တပ္ဟာ ျမန္မာ့ပိုင္နက္ ၅၀ % နီးပါး ထိန္းခ်ဳပ္ထားႏိုင္တာ မဟုတ္ဘူး ” လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန အႀကံေပးအရာရွိ Derek Chollet က ေျပာၾကားလိုက္ပါတယ္

ဒါ့ျပင္ စစ္တပ္ကို အေရးယူ ဒဏ္ခတ္မႈ အသစ္ေတြခ်မွတ္တာ အပါအဝင္ ဆက္လက္ဖိအားေပးမယ္လို႔လည္း Derek Chollet က သူ႔လူမႈကြန္ရက္ twitter မွာေရးသားထားပါတယ္

ဒီေတာ့ Derek ဟာ ေျပာတဲ့အတိုင္း ႏွစ္ဆလုပ္ၿပီဟု တြက္ဆမိသလို ႐ုရွားနဲ႔ ထိပ္တိုက္ေတြ႕ လုပ္ေဆာင္လာမႈ အေပၚလည္း ႀကိဳဆိုၿပီး ရင္ခုန္ရတယ္ ဒါမွ ခ်ာပါတီနဲ႔ ေပါက္စီလည္း ၀ပ္ဆင္းသြားမွာ မဟုတ္လား !

မင္းၾကည္ညိဳေန

စစ္ေကာင္စီကို ႐ုရွားလက္နက္တင္ပို႔တာ ကန႔္သတ္ႏိုင္ဖို႔ အေမရိကန္နည္းလမ္းရွာမည္

ျမန္မာစစ္ေကာင္စီ လက္နက္ရရွိေနတာ ပိုၿပီးခက္ခဲလာေအာင္ ပိုမိုတင္းတင္းက်ပ္က်ပ္ အေရးယူဒဏ္ခတ္ပိတ္ဆို႔ႏိုင္ေအာင္ ဆက္လက္နည္းလမ္းရွာမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန အႀကံေပးအရာရွိ Derek Chollet က ေျပာၾကားလိုက္ပါတယ္။

ျမန္မာစစ္ေကာင္စီကို ႐ုရွားက လက္နက္ေတြေပးပို႔ေနတာ အေမရိကန္ျပည္ေထာင္စုက အထူးစိုးရိမ္မကင္းျဖစ္ရၿပီး ဒီလို ပူးေပါင္းေဆာင္႐ြက္ေနတာ ကန႔္သတ္ႏိုင္ဖို႔ ဆက္လက္ႀကိဳးစားမယ္လို႔လည္း ေျပာပါတယ္။ စစ္ေကာင္စီကို အေရးယူဒဏ္ခတ္မႈ အသစ္ေတြခ်မွတ္တာ အပါအဝင္ စစ္ေကာင္စီကို ဆက္လက္ဖိအားေပးမယ္လို႔လည္း Derek Chollet က သူ႔လူမႈကြန္ရက္ twitter မွာေရးသားထားပါတယ္။

အေရးေပၚကာလကို ေဖေဖာ္ဝါရီ ၁ ရက္မွာ ေနာက္ထပ္ေျခာက္လ သက္တမ္းတိုးလိုက္တယ္လို႔ သိရပါတယ္လို႔လည္း ေျပာၿပီး စစ္ေကာင္စီက က်င္းပတဲ့ ဘယ္ေ႐ြးေကာက္ပြဲမဆို လြတ္လပ္ၿပီး တရားမွ်တမဟုတ္ဘူးလို႔ Derek Chollet က သုံးသပ္ပါတယ္။

ဒါဟာ ေ႐ြးေကာက္ပြဲမွာ ၿပိဳင္ဖက္အျဖစ္ အလားအလာရွိသူအားလုံးကို အက်ဥ္းခ်ဖို႔ ဒါမွမဟုတ္ ၿခိမ္းေျခာက္ဖို႔ ျဖစ္တယ္လို႔ ေျပာပါတယ္။ တကယ္ေတာ့ စစ္ေကာင္စီဟာ ျမန္မာ့ပိုင္နက္ ၅၀ % နီးပါး ထိန္းခ်ဳပ္ထားႏိုင္တာ မဟုတ္ဘူးလို႔လည္း ေျပာပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဌာန အႀကံေပးအရာရွိ Derek Chollet ကို ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းၿမိဳ႕ရွိ အေမရိကန္သံမတ္၏ ေနအိမ္မွာ ၂၀၂၂ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔က ေတြ႕ရစဥ္။ (Photo: AFP)

RFA Burmese

ပြောတဲ့အတိုင်း နှစ်ဆလုပ်ပြီ !

အခြား‌နေရာတွေ ပိတ်ဆို့ အရေးယူနေပေမယ့် လွတ်နေတဲ့ လုပ်မရပဲ ဒဲ့ဆိုင်နေရတဲ့ ရုရှားရဲ့ လနက်တင်ပို့နေမှုကို ကန့်သတ်နိုင်ဖို့ အမေရိကန်နည်းလမ်းရှာမည်ဟု Derek Chollet က ပြောကြားပြီ

” မြန်မာစစ်တပ် လ-က်နက်ရရှိနေတာ ပိုပြီးခက်ခဲလာအောင် ပိုမိုတင်းကြပ် အရေးယူ ပိတ်ဆို့နိုင်အောင် ဆက်လက်နည်းလမ်းရှာမယ်

တရားမျှတမှု မရှိတဲ့ ရွေးကောက်လုပ်ချင်နေတဲ့ စစ်တပ်ဟာ မြန်မာ့ပိုင်နက် ၅၀ % နီးပါး ထိန်းချုပ်ထားနိုင်တာ မဟုတ်ဘူး ” လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet က ပြောကြားလိုက်ပါတယ်

ဒါ့ပြင် စစ်တပ်ကို အရေးယူ ဒဏ်ခတ်မှု အသစ်တွေချမှတ်တာ အပါအဝင် ဆက်လက်ဖိအားပေးမယ်လို့လည်း Derek Chollet က သူ့လူမှုကွန်ရက် twitter မှာရေးသားထားပါတယ်

ဒီတော့ Derek ဟာ ပြောတဲ့အတိုင်း နှစ်ဆလုပ်ပြီဟု တွက်ဆမိသလို ရုရှားနဲ့ ထိပ်တိုက်တွေ့ လုပ်ဆောင်လာမှု အပေါ်လည်း ကြိုဆိုပြီး ရင်ခုန်ရတယ် ဒါမှ ချာပါတီနဲ့ ပေါက်စီလည်း ဝပ်ဆင်းသွားမှာ မဟုတ်လား !

မင်းကြည်ညိုနေ

စစ်ကောင်စီကို ရုရှားလက်နက်တင်ပို့တာ ကန့်သတ်နိုင်ဖို့ အမေရိကန်နည်းလမ်းရှာမည်

မြန်မာစစ်ကောင်စီ လက်နက်ရရှိနေတာ ပိုပြီးခက်ခဲလာအောင် ပိုမိုတင်းတင်းကျပ်ကျပ် အရေးယူဒဏ်ခတ်ပိတ်ဆို့နိုင်အောင် ဆက်လက်နည်းလမ်းရှာမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်ကောင်စီကို ရုရှားက လက်နက်တွေပေးပို့နေတာ အမေရိကန်ပြည်ထောင်စုက အထူးစိုးရိမ်မကင်းဖြစ်ရပြီး ဒီလို ပူးပေါင်းဆောင်ရွက်နေတာ ကန့်သတ်နိုင်ဖို့ ဆက်လက်ကြိုးစားမယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီကို အရေးယူဒဏ်ခတ်မှု အသစ်တွေချမှတ်တာ အပါအဝင် စစ်ကောင်စီကို ဆက်လက်ဖိအားပေးမယ်လို့လည်း Derek Chollet က သူ့လူမှုကွန်ရက် twitter မှာရေးသားထားပါတယ်။

အရေးပေါ်ကာလကို ဖေဖော်ဝါရီ ၁ ရက်မှာ နောက်ထပ်ခြောက်လ သက်တမ်းတိုးလိုက်တယ်လို့ သိရပါတယ်လို့လည်း ပြောပြီး စစ်ကောင်စီက ကျင်းပတဲ့ ဘယ်ရွေးကောက်ပွဲမဆို လွတ်လပ်ပြီး တရားမျှတမဟုတ်ဘူးလို့ Derek Chollet က သုံးသပ်ပါတယ်။

ဒါဟာ ရွေးကောက်ပွဲမှာ ပြိုင်ဖက်အဖြစ် အလားအလာရှိသူအားလုံးကို အကျဉ်းချဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ တကယ်တော့ စစ်ကောင်စီဟာ မြန်မာ့ပိုင်နက် ၅၀ % နီးပါး ထိန်းချုပ်ထားနိုင်တာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ အမေရိကန်သံမတ်၏ နေအိမ်မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

RFA Burmese