US ရဲ႕ ဒီစကားတခြန္း ႀကိဳက္စ္ !
USအေနနဲ႔ ျမန္မာျပည္သူေတြရဲ႕ ေႏြဦးေတာ္လွန္ေရးနဲ႔ NUG ကိုပံ့ပိုးကူညီမႈေတြကို ဒီႏွစ္အတြင္းမွာပိုမိုလုပ္ေဆာင္သြားမွာျဖစ္ၿပီးေတာ့မ-ႏွစ္-ၿမိဳ႕-စရာေကာင္းတဲ့ ၃ ႏွစ္ေျမာက္ အာဏာသိမ္းမႈႏွစ္ပတ္လည္ေန႔ဆိုတာ ထပ္ၿပီးရွိလာမွာမဟုတ္ေတာ့ပါဘူး
ဒဲရက္ခ္ေခ်ာလက္( US ႏိုင္ငံျခားေရးအတိုင္ပင္ခံ )
စစ္အာဏာသိမ္း ၃ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ ထပ္ရွိလာေတာ့မည္မဟုတ္ဟု အေမရိကန္ေျပာ
အေမရိကန္ႏိုင္ငံအေနနဲ႔ ျမန္မာျပည္သူေတြရဲ႕ ေႏြဦးေတာ္လွန္ေရးနဲ႔ NUG အစိုးရကို အခုႏွစ္မွာပံ့ပိုးကူညီမႈေတြ ပိုမိုလုပ္ေဆာင္သြားမွာျဖစ္ၿပီး မႏွစ္ၿမိဳ႕စရာေကာင္းတဲ့ ၃ ႏွစ္ေျမာက္ အာဏာသိမ္းမႈႏွစ္ပတ္လည္ေန႔ဆိုတာ ထပ္ရွိလာမွာမဟုတ္ေတာ့ဘဲ ျမန္မာႏိုင္ငံ ဒီမိုကေရစီ လမ္းေၾကာင္းေပၚျပန္ေရာက္လာေတာ့မယ္လို႔ ေမွ်ာ္လင့္ေၾကာင့္ အေမရိကန္ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံပုဂၢိဳလ္ ဒဲရက္ခ္ေခ်ာလက္က ေျပာၾကားလိုက္ပါတယ္။
ျမန္မာစစ္အာဏာရွင္ေတြ ရက္စက္ၾကမ္းၾကတ္မႈေတြအေပၚမွာ တာဝန္ခံမႈရွိေစေရးအတြက္ အေမရိကန္ရဲ႕ႀကိဳးပမ္းမႈေတြ၊ ျမန္မာႏိုင္ငံသားေတြအတြက္ အေမရိကန္ရဲ႕ ေဆာင္႐ြက္ခ်က္ေတြနဲ႔ပတ္သက္လို႔ အတိုင္ပင္ခံပုဂၢိဳလ္ ဒဲရက္ခ္ေခ်ာလက္ဟာ ေဖေဖာ္ဝါရီ ၁ ရက္က အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ အာရွပစိဖိတ္ေဒသဆိုင္ရာမီဒီယာဆုံမွတ္ကတဆင့္ သတင္းေထာက္ေတြရဲ႕ ေမးျမန္းခ်က္ေတြကို တယ္လီဖုန္းကေနတဆင့္ ေျဖၾကားရာမွာ ေျပာၾကားခဲ့တာပါ။
အေမရိကန္အေနနဲ႔ ျမန္မာစစ္ေကာင္စီအေပၚ ႏိုင္ငံေရးနဲ႔ စီးပြားေရးဆိုင္ရာ ဖိအားေတြ ပိုမိုမ်ားျပားလာေအာင္ ေဆာင္႐ြက္ၿပီး စစ္ေကာင္စီရဲ႕ အရည္အေသြးနဲ႔ လုပ္ႏိုင္စြမ္းေတြ ေလ်ာ့က်လာေအာင္ ေဆာင္႐ြက္ေနေၾကာင္းနဲ႔ ျမန္မာ့ဒီမိုကေရစီအေရးလႈပ္ရွားမႈေတြအေပၚမွာ ေထာက္ပံ့ကူညီေနတာေၾကာင္းေျပာပါတယ္။
အေမရိကန္လႊတ္ေတာ္ကလည္း ျမန္မာ့ဒီမိုကေရစီအေရး လႈပ္ရွားေနသူေတြကို ကူညီေထာက္ပံ့ႏိုင္ဖို႔ BURMA ACT ဥပေဒကို အတည္ျပဳေပးခဲ့ၿပီး စစ္အာဏာရွင္ေတြကို သူတို႔ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြအတြက္ အျပစ္ေပးႏိုင္ေရး၊ ဒီမိုကေရစီအေရးလႈပ္ရွားသူေတြကို ကူညီေထာက္ပံ့ေရး၊ လိုအပ္တဲ့ ေနရာေတြမွာ လူသာခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြေပးေရးတို႔အတြက္ အေမရိကန္ လႊတ္ေတာ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနသလို အမ်ိဳးသားညီၫြတ္ေရး အစိုးရ (NUG) နဲ႔လည္း မၾကာခဏေတြ႕ဆုံၿပီး လိုအပ္တာေတြကို တတ္ႏိုင္သေလာက္ ကူညီေပးေနတယ္လို႔ဆိုပါတယ္။
ျမန္မာႏိုင္ငံမွာ ပိုပိုၿပီးလိုအပ္ေနတဲ့ လူသာခ်င္းစာနာမႈအကူအညီေတြေပးပို႔ေထာက္ပံ့ႏိုင္ေရး ေဆာင္႐ြက္ေနၿပီး အေမရိကန္ႏိုင္ငံဟာ ျမန္မာႏိုင္ငံက ပဋိပကၡေတြ အတြက္ ေထာက္ပံ့ကူညီမႈ အမ်ားဆုံးေပးခဲ့တဲ့ ႏိုင္ငံျဖစ္တယ္၊ အာဏာသိမ္းၿပီေနာက္ပိုင္း ျမန္မာႏိုင္ငံက အေရးေပၚအကူအညီလိုအပ္ေနတဲ့ေနရာေတြနဲ႔ ႏိုင္ငံရပ္ျခားထြက္ေျပးခိုလႈံေနၾကရသူေတြအတြက္ အေမရိကန္က ေဒၚလာ သန္း ၅၀၀ နီးပါး ေထာက္ပံ့ေပးခဲ့ၿပီး ျဖစ္တယ္လို႔ ဒဲရက္ခ္ေခ်ာလက္က ေျပာပါတယ္။
အဲဒါေတြအျပင္ အာဆီယံက ခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္ ငါး ခ်က္အတိုင္း ျမန္မာစစ္အာဏာရွင္ေတြ လိုက္နာေဆာင္႐ြက္ေရးကို ေထာက္ခံအားေပးေနသလို အာဆီယံမွာ ျမန္မာစစ္အာဏာရွင္ေတြရဲ႕အဆင့္ကို ပိုမိုေလ်ာ့ခ်ႏိုင္ေရးကိုလည္း အာဆီယံမိတ္ဖက္ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ေျပာပါတယ္။
အတိုင္ပင္ခံပုဂၢိဳလ္ ဒဲရက္ခ္ေခ်ာလက္က “အေရွ႕ေတာင္အာရွဟာ အေမရိကန္အတြက္အေရးပါတဲ့ ေဒသျဖစ္တာေၾကာင့္ ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရးကို ထိခိုက္ေစႏိုင္တဲ့ ျမန္မာ့အေရးဟာ က်ေနာ္တို႔အတြက္လည္း အေရးႀကီးတဲ့ ကိစၥ ျဖစ္ပါတယ္။ အေမရိကန္နဲ႔ အေရွ႕ေတာင္အာရွႏိုင္ငံေတြ ဆက္ဆံေရးပိုမိုေကာင္းမြန္လာေစဖို႔အတြက္ ရည္႐ြယ္ၿပီး သမၼတဘိုင္ဒန္ကလည္း ၿပီးခဲ့တဲ့ ေမလမွာ အေမရိကန္ – အာဆီယံ ညီလာခံကို ဝါရွင္တန္မွာ က်င္းပခဲ့ပါတယ္။
မည္သို႔ပင္ဆိုေစကာမူ ျမန္မာႏိုင္ငံသားေတြရဲ႕ ျပႆနာနဲ႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္ေရာက္ေရးတို႔ဟာ က်ေနာ္တို႔အတြက္ အေရးပါတဲ့ ကိစၥအျဖစ္ မွတ္ယူထားပါတယ္။ စစ္အာဏာရွင္ေတြကို ပိုမိုအထီးက်န္ အင္အားနည္းလာေအာင္နဲ႔ သူတို႔ကို အျပစ္ေပးအေရးယူႏိုင္ေအာင္ ေဆာင္႐ြက္ေနသလို ျမန္မာ့ဒီမိုကေရစီအေရး လႈပ္ရွားမႈေတြကိုကူညီေရးနဲ႔ အကူအညီလိုအပ္ေနတဲ့ ျမန္မာႏိုင္ငံသားေတြဆီ လူသာခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြ ေပးပို႔ေထာက္ပံ့ႏိုင္ေရးကိုလည္း က်ေနာ္တို႔ ႀကိဳးပမ္း ေဆာင္႐ြက္ေနပါတယ္။
အာဆီယံညီလာခံေတြနဲ႔ အဆင့္ျမင့္အစည္းအေဝးေတြမွာ ျမန္မာစစ္အာဏာရွင္ကို မပါဝင္ႏိုင္ေရးအတြက္ အေမရိကန္က ေဆာင္႐ြက္ေနတယ္လို႔ ေျပာေပမဲ့ အခုလထဲမွာ ဘန္ေကာက္မွာ ထိုင္းနဲ႔ အေမရိကန္တို႔ ပူးတြဲအိမ္ရွင္အျဖစ္က်င္းပမဲ့ အာဆီယံ ေဒသတြင္း ကာကြယ္ေရးဝန္ႀကီးမ်ား အစည္းအေဝးမွာ ျမန္မာစစ္ေကာင္စီကို တက္ေရာက္ဖို႔ ဖိတ္ၾကားတာနဲ႔ ပတ္သက္ၿပီးလည္း ဒဲရက္ခ္ေခ်ာလက္က ရွင္းလင္းေျပာသြားပါတယ္။
“အာဆီယံက ဦးေဆာင္တဲ့ လုပ္ငန္းစဥ္ေတြကို က်ေနာ္တို႔က ကူညီေထာက္ပံ့ေပးေနျခင္းေၾကာင့္ ျမန္မာစစ္အာဏာရွင္ေတြကို တရားဝင္မႈေပးျခင္းမျဖစ္ေအာင္ က်ေနာ္တို႔ အထူးေလးထားတယ္ဆိုတာကို အသိေပးခ်င္ပါတယ္။ ေဖေဖာ္ဝါရီလထဲမွာ ထိုင္းမွာက်င္းပဖို႔ရွိေနတဲ့ အာဆီယံကာကြယ္ေရးဝန္ႀကီးမ်ားႏွင့္ သက္ဆိုင္ရာ ပညာရွင္မ်ား အစည္းအေဝးဟာ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္းမွာ ကပ္ေရာဂါအေျခအေနေၾကာင့္ အြန္လိုင္းကေနတစ္ဆင့္ ေျခာက္လတစ္ႀကိမ္ က်င္းပခဲ့တာျဖစ္ၿပီး အခုတစ္ေခါက္မွာေတာ့ လူကိုယ္တိုင္ တက္ေရာက္ရမယ့္ အစည္းအေဝးျဖစ္ပါတယ္။
ျမန္မာႏိုင္ငံဟာလည္း အာဆီယံအဖြဲ႕ဝင္ျဖစ္ေနေသးတာေၾကာင့္ သူတို႔ကို ဖိတ္ၾကားရတာျဖစ္ေပမဲ့ ႏိုင္ငံေရးအရကိုယ္စားျပဳအဆင့္မဟုတ္ဘဲ နည္းပညာအရကြၽမ္းက်င္သူအဆင့္ကိုသာ ဖိတ္ၾကားမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္း အခုလို ကြၽမ္းက်င္မႈနဲ႔ ပညာရပ္ဆိုင္ရာ အာဆီယံအစည္းအေဝးေတြမွာလည္း ျမန္မာႏိုင္ငံဟာ၊ အြန္လိုင္းကေနတဆင့္ တက္ေရာက္တာ ဒါမွမဟုတ္ ကြၽမ္းက်င္သူအေနနဲ႔ တက္ေရာက္တာ ဒါမွမဟုတ္ လုံးဝမတက္ေရာက္တာပဲ ရွိခဲ့ပါတယ္။ အာဆီယံအစည္းအေဝးေတြမွာ ျမန္မာကိုယ္စားျပဳအဆင့္ျမင့္အရာရွိေတြ မပါဝင္ႏိုင္ေရးအတြက္ အာဆီယမိတ္ဖက္ႏိုင္ငံေတြနဲ႔ က်ေနာ္တို႔ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။”
အာဆီယံရဲ႕ သေဘာတူညီခ်က္ ၅ ခ်က္ကိုလည္း ေထာက္ခံအားေပးေၾကာင္း၊ အရင္ႏွစ္ေတြက အာဆီယံဥကၠ႒ေတြနဲ႔ ျမန္မာ့အေရးကို ပူးေပါင္းေဆာင္႐ြက္ခဲ့သလို အခုႏွစ္ရဲ႕ အာဆီယံဥကၠ႒ အင္ဒိုးနီးရွားနဲ႔လည္း ပူးေပါင္းေဆာင္႐ြက္သြားျဖစ္တယ္လို႔ သတင္းေထာက္ေတြရဲ႕ ေမးခြန္းေတြကို အေမရိကန္ႏိုင္ငံျခားေရး အတိုင္ပင္ခံပုဂၢိဳလ္က ျပန္လည္ ေျဖၾကားခဲ့ပါတယ္။
ျမန္မာစစ္တပ္နဲ႔ အေပါင္းပါေတြကို စီးပြားေရးနဲ႔ လက္နက္ဝယ္ယူခြင့္ပိတ္ဆို႔လိုက္တာေတြေၾကာင့္ စစ္အာဏာရွင္ေတြအတြက္ ဝင္ေငြရရွိမႈ ေလ်ာ့နည္းသြားသလို အၾကမ္းဖက္ရာမွာ အသုံးျပဳဖို႔ လက္နက္ဝယ္ယူႏိုင္စြမ္းလည္း ေလ်ာ့က်သြားေၾကာင္း၊ ႐ုရွားနဲ႔ ျမန္မာဆက္ဆံေရး ပိုမိုေကာင္းမြန္လာၿပီး ျမန္မာႏိုင္ငံသားေတြအေပၚမွာ ႐ုရွားရဲ႕ စစ္လက္နက္ေတြ အသုံးျပဳတိုက္ခိုက္ေနတဲ့ အေပၚမွာလည္း ထိန္းခ်ဳပ္တားျမစ္ႏိုင္ေအာင္ ႀကိဳးစားသြားမွာျဖစ္ေၾကာင္းလည္း အေမရိကန္ အရာရွိက ေျပာပါတယ္။
စစ္အာဏာရွင္ ဦးေဆာင္က်င္းပတဲ့ ေ႐ြးေကာက္ပြဲဟာ လြတ္လပ္မွ်တမႈရွိမွာမဟုတ္သလို၊ ျမန္မာျပည္သူေတြရဲ႕ အျပည့္အဝ ပါဝင္မႈမရွိတဲ့ ေ႐ြးေကာက္ပြဲဟာ စစ္တပ္က အာဏာကို ဆက္လက္ဆြဲကိုင္ထားဖို႔ ေျဗာင္က်က်ႀကိဳးပမ္းမႈျဖစ္တယ္လို႔လည္း ဒဲရက္ခ္ေခ်ာလက္က ေျပာၾကားသြားပါတယ္။
source-DVB
US ရဲ့ ဒီစကားတခွန်း ကြိုက်စ် !
USအနေနဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးနဲ့ NUG ကိုပံ့ပိုးကူညီမှုတွေကို ဒီနှစ်အတွင်းမှာပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီးတော့မ-နှစ်-မြို့-စရာကောင်းတဲ့ ၃ နှစ်မြောက် အာဏာသိမ်းမှုနှစ်ပတ်လည်နေ့ဆိုတာ ထပ်ပြီးရှိလာမှာမဟုတ်တော့ပါဘူး
ဒဲရက်ခ်ချောလက်( US နိုင်ငံခြားရေးအတိုင်ပင်ခံ )
စစ်အာဏာသိမ်း ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ထပ်ရှိလာတော့မည်မဟုတ်ဟု အမေရိကန်ပြော
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးနဲ့ NUG အစိုးရကို အခုနှစ်မှာပံ့ပိုးကူညီမှုတွေ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး မနှစ်မြို့စရာကောင်းတဲ့ ၃ နှစ်မြောက် အာဏာသိမ်းမှုနှစ်ပတ်လည်နေ့ဆိုတာ ထပ်ရှိလာမှာမဟုတ်တော့ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်လာတော့မယ်လို့ မျှော်လင့်ကြောင့် အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က ပြောကြားလိုက်ပါတယ်။
မြန်မာစစ်အာဏာရှင်တွေ ရက်စက်ကြမ်းကြတ်မှုတွေအပေါ်မှာ တာဝန်ခံမှုရှိစေရေးအတွက် အမေရိကန်ရဲ့ကြိုးပမ်းမှုတွေ၊ မြန်မာနိုင်ငံသားတွေအတွက် အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်ဟာ ဖေဖော်ဝါရီ ၁ ရက်က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာမီဒီယာဆုံမှတ်ကတဆင့် သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို တယ်လီဖုန်းကနေတဆင့် ဖြေကြားရာမှာ ပြောကြားခဲ့တာပါ။
အမေရိကန်အနေနဲ့ မြန်မာစစ်ကောင်စီအပေါ် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေ ပိုမိုများပြားလာအောင် ဆောင်ရွက်ပြီး စစ်ကောင်စီရဲ့ အရည်အသွေးနဲ့ လုပ်နိုင်စွမ်းတွေ လျော့ကျလာအောင် ဆောင်ရွက်နေကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေအပေါ်မှာ ထောက်ပံ့ကူညီနေတာကြောင်းပြောပါတယ်။
အမေရိကန်လွှတ်တော်ကလည်း မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေကို ကူညီထောက်ပံ့နိုင်ဖို့ BURMA ACT ဥပဒေကို အတည်ပြုပေးခဲ့ပြီး စစ်အာဏာရှင်တွေကို သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် အပြစ်ပေးနိုင်ရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ကူညီထောက်ပံ့ရေး၊ လိုအပ်တဲ့ နေရာတွေမှာ လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးရေးတို့အတွက် အမေရိကန် လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်နေသလို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့လည်း မကြာခဏတွေ့ဆုံပြီး လိုအပ်တာတွေကို တတ်နိုင်သလောက် ကူညီပေးနေတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပိုပိုပြီးလိုအပ်နေတဲ့ လူသာချင်းစာနာမှုအကူအညီတွေပေးပို့ထောက်ပံ့နိုင်ရေး ဆောင်ရွက်နေပြီး အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံက ပဋိပက္ခတွေ အတွက် ထောက်ပံ့ကူညီမှု အများဆုံးပေးခဲ့တဲ့ နိုင်ငံဖြစ်တယ်၊ အာဏာသိမ်းပြီနောက်ပိုင်း မြန်မာနိုင်ငံက အရေးပေါ်အကူအညီလိုအပ်နေတဲ့နေရာတွေနဲ့ နိုင်ငံရပ်ခြားထွက်ပြေးခိုလှုံနေကြရသူတွေအတွက် အမေရိကန်က ဒေါ်လာ သန်း ၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့ ဒဲရက်ခ်ချောလက်က ပြောပါတယ်။
အဲဒါတွေအပြင် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါး ချက်အတိုင်း မြန်မာစစ်အာဏာရှင်တွေ လိုက်နာဆောင်ရွက်ရေးကို ထောက်ခံအားပေးနေသလို အာဆီယံမှာ မြန်မာစစ်အာဏာရှင်တွေရဲ့အဆင့်ကို ပိုမိုလျော့ချနိုင်ရေးကိုလည်း အာဆီယံမိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က “အရှေ့တောင်အာရှဟာ အမေရိကန်အတွက်အရေးပါတဲ့ ဒေသဖြစ်တာကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့ မြန်မာ့အရေးဟာ ကျနော်တို့အတွက်လည်း အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ဆက်ဆံရေးပိုမိုကောင်းမွန်လာစေဖို့အတွက် ရည်ရွယ်ပြီး သမ္မတဘိုင်ဒန်ကလည်း ပြီးခဲ့တဲ့ မေလမှာ အမေရိကန် – အာဆီယံ ညီလာခံကို ဝါရှင်တန်မှာ ကျင်းပခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံသားတွေရဲ့ ပြဿနာနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးတို့ဟာ ကျနော်တို့အတွက် အရေးပါတဲ့ ကိစ္စအဖြစ် မှတ်ယူထားပါတယ်။ စစ်အာဏာရှင်တွေကို ပိုမိုအထီးကျန် အင်အားနည်းလာအောင်နဲ့ သူတို့ကို အပြစ်ပေးအရေးယူနိုင်အောင် ဆောင်ရွက်နေသလို မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကိုကူညီရေးနဲ့ အကူအညီလိုအပ်နေတဲ့ မြန်မာနိုင်ငံသားတွေဆီ လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့ထောက်ပံ့နိုင်ရေးကိုလည်း ကျနော်တို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။
အာဆီယံညီလာခံတွေနဲ့ အဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာစစ်အာဏာရှင်ကို မပါဝင်နိုင်ရေးအတွက် အမေရိကန်က ဆောင်ရွက်နေတယ်လို့ ပြောပေမဲ့ အခုလထဲမှာ ဘန်ကောက်မှာ ထိုင်းနဲ့ အမေရိကန်တို့ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမဲ့ အာဆီယံ ဒေသတွင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို တက်ရောက်ဖို့ ဖိတ်ကြားတာနဲ့ ပတ်သက်ပြီးလည်း ဒဲရက်ခ်ချောလက်က ရှင်းလင်းပြောသွားပါတယ်။
“အာဆီယံက ဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေကို ကျနော်တို့က ကူညီထောက်ပံ့ပေးနေခြင်းကြောင့် မြန်မာစစ်အာဏာရှင်တွေကို တရားဝင်မှုပေးခြင်းမဖြစ်အောင် ကျနော်တို့ အထူးလေးထားတယ်ဆိုတာကို အသိပေးချင်ပါတယ်။ ဖေဖော်ဝါရီလထဲမှာ ထိုင်းမှာကျင်းပဖို့ရှိနေတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် သက်ဆိုင်ရာ ပညာရှင်များ အစည်းအဝေးဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကပ်ရောဂါအခြေအနေကြောင့် အွန်လိုင်းကနေတစ်ဆင့် ခြောက်လတစ်ကြိမ် ကျင်းပခဲ့တာဖြစ်ပြီး အခုတစ်ခေါက်မှာတော့ လူကိုယ်တိုင် တက်ရောက်ရမယ့် အစည်းအဝေးဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာလည်း အာဆီယံအဖွဲ့ဝင်ဖြစ်နေသေးတာကြောင့် သူတို့ကို ဖိတ်ကြားရတာဖြစ်ပေမဲ့ နိုင်ငံရေးအရကိုယ်စားပြုအဆင့်မဟုတ်ဘဲ နည်းပညာအရကျွမ်းကျင်သူအဆင့်ကိုသာ ဖိတ်ကြားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အခုလို ကျွမ်းကျင်မှုနဲ့ ပညာရပ်ဆိုင်ရာ အာဆီယံအစည်းအဝေးတွေမှာလည်း မြန်မာနိုင်ငံဟာ၊ အွန်လိုင်းကနေတဆင့် တက်ရောက်တာ ဒါမှမဟုတ် ကျွမ်းကျင်သူအနေနဲ့ တက်ရောက်တာ ဒါမှမဟုတ် လုံးဝမတက်ရောက်တာပဲ ရှိခဲ့ပါတယ်။ အာဆီယံအစည်းအဝေးတွေမှာ မြန်မာကိုယ်စားပြုအဆင့်မြင့်အရာရှိတွေ မပါဝင်နိုင်ရေးအတွက် အာဆီယမိတ်ဖက်နိုင်ငံတွေနဲ့ ကျနော်တို့ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ကိုလည်း ထောက်ခံအားပေးကြောင်း၊ အရင်နှစ်တွေက အာဆီယံဥက္ကဋ္ဌတွေနဲ့ မြန်မာ့အရေးကို ပူးပေါင်းဆောင်ရွက်ခဲ့သလို အခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌ အင်ဒိုးနီးရှားနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည် ဖြေကြားခဲ့ပါတယ်။
မြန်မာစစ်တပ်နဲ့ အပေါင်းပါတွေကို စီးပွားရေးနဲ့ လက်နက်ဝယ်ယူခွင့်ပိတ်ဆို့လိုက်တာတွေကြောင့် စစ်အာဏာရှင်တွေအတွက် ဝင်ငွေရရှိမှု လျော့နည်းသွားသလို အကြမ်းဖက်ရာမှာ အသုံးပြုဖို့ လက်နက်ဝယ်ယူနိုင်စွမ်းလည်း လျော့ကျသွားကြောင်း၊ ရုရှားနဲ့ မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာပြီး မြန်မာနိုင်ငံသားတွေအပေါ်မှာ ရုရှားရဲ့ စစ်လက်နက်တွေ အသုံးပြုတိုက်ခိုက်နေတဲ့ အပေါ်မှာလည်း ထိန်းချုပ်တားမြစ်နိုင်အောင် ကြိုးစားသွားမှာဖြစ်ကြောင်းလည်း အမေရိကန် အရာရှိက ပြောပါတယ်။
စစ်အာဏာရှင် ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိမှာမဟုတ်သလို၊ မြန်မာပြည်သူတွေရဲ့ အပြည့်အဝ ပါဝင်မှုမရှိတဲ့ ရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ဆက်လက်ဆွဲကိုင်ထားဖို့ ဗြောင်ကျကျကြိုးပမ်းမှုဖြစ်တယ်လို့လည်း ဒဲရက်ခ်ချောလက်က ပြောကြားသွားပါတယ်။
source-DVB