Local News

ဘိန္းဘုရင္ ၾကင္စိုး ေျပာတဲ့ တိုင္းျပည္အေျခေနမႈမမွန္ေသးဘူးဆိုတာ ဒီမွာ

ဘိန္းဘုရင္ ၾကင္စိုး ေျပာတဲ့ တိုင္းျပည္အေျခေနမႈမမွန္ေသးဘူးဆိုတာ ဒီမွာ

ေျမာင္းျမၿမိဳ႕က အာဏာသိမ္း ၆ လ ထပ္တိုးမႈ ေထာက္ခံပြဲအၿပီးမွာ ေန႔စားခ က်ပ္ ၁၀၀၀၀ အျပည့္မရလို႔ ပါဝင္သူေတြ အခ်င္းခ်င္းစကားမ်ားရန္ျဖစ္

ဧရာဝတီတိုင္းမ္

ေဖေဖာ္ဝါရီလ ၃ ရက္

ဧရာ၀တီတိုင္း၊ ေျမာင္းျမၿမိဳ႕မွာ မေန႔က ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ မနက္ပိုင္းက ႀကံ့ခိုင္ေရးပါတီ၀င္အခ်ိဳ႕ရဲ႕ ဦးေဆာင္မႈနဲ႔ လူအင္အား ၅၀၀ေက်ာ္ပါဝင္တဲ့ စစ္ေကာင္စီရဲ႕ အာဏာသိမ္း ၆ လထပ္တိုးမႈ ေထာက္ခံပြဲ ျပဳလုပ္ခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ပြဲအၿပီးမွာေတာ့ စစ္ေကာင္စီေထာက္ခံပြဲမွာ ပါဝင္သူေတြကို ေန႔စားခရွင္းရာမွာ တစ္ဦးကို က်ပ္ ၁၀၀၀၀စီ အျပည့္မရတာေၾကာင့္ စကားမ်ားရန္ျဖစ္ခဲ့ၾကတယ္လို႔ ေဒသခံေတြေျပာပါတယ္။

‌”စစ္ေကာင္စီောက္ခံပြဲလိုက္တဲ့သူအခ်င္းခ်္ ဘယ္ေလာက္ရလဲေမးရင္းနဲ႔ တခ်ိဳ႕က တစ္ေသာင္းရတယ္။ ေျပာတာကေန မရတဲ့လူေတြက သူတို႔ကို ေငြရွင္းတဲ့လူကို ေမးရင္းနဲ႔ ရန္ထျဖစ္တာ။

႐ုပ္ပ်က္ဆင္းပ်က္ပဲ။ ထိုးမယ္ႀကိတ္မယ္ေတြျဖစ္ကုန္တာ”လို႔ မ်က္ျမင္ေတြ႕ရွိတဲ့ အသက္ ၃၀ ဝန္းက်င္ ေဒသခံအမ်ိဳးသမီးတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။

႐ုတ္႐ုတ္သဲသဲျဖစ္ေနခ်ိန္မွာ ေထာက္ခံပြဲကိုလုံၿခဳံေရးယူေပးေနတဲ့ စစ္ေကာင္စီတပ္သားမ်ား ေရာက္ရွိလာၿပီး အကုန္လုံးကိုဖမ္းမယ္ဆိုၿပီး ၿခိမ္းေျခာက္ေျပာဆိုခဲ့တာေၾကာင့္ လူစုခြဲသြားၾကတယ္လို႔ ​​ေဒသခံေတြက ဆိုပါတယ္။

ေျမာင္းျမၿမိဳ႕နယ္ရွိ ေက်း႐ြာအမ်ားစုမွ တပ္ေထာက္ခံပြဲပါဝင္သူအင္အား ၅၀၀ ေက်ာ္ခန္႔ဟာ စၾကၤာနႏၵ ဘုရားေရွ႕မွစတင္ကာ ၁၁ လမ္း ရွမ္းကုန္ပိုင္းလမ္းထိပ္ ဦးဘခ်ိဳလမ္းႏွင့္ ၇ လမ္း ႐ုံးလမ္းအတိုင္း ​ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ေရွ႕ မွ ၿမိဳ႕မေဘာလုံးကြင္းထိ လမ္းေလ်ာက္ခ်ီတက္ေထာက္ခံပြဲျပဳလုပ္ခဲ့ၾကၿပီး ေနစားခတစ္ေသာင္းနဲ႔ စားေသာက္စရာမ်ားရရွိတာေတြ႕တယ္လို႔ၿမိဳ႕ခံေတြကေျပာပါတယ္။

မေန႔ကတိုင္းၿမိဳ႕ေတာ္ ပုသိမ္အပါအဝင္ ဧရာဝတီတိုင္းက ၿမိဳ႕နယ္အခ်ိဳ႕မွာ စစ္တပ္ေထာက္ခံသူေတြနဲ႔ ႀကံ့ခိုင္ေရးပါတီဝင္ေတြက အာဏာသိမ္း ၆ လ ထပ္တိုးမႈကို ေထာက္ခံပြဲမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။

Ayeyarwaddy_Times

ဘိန်းဘုရင် ကြင်စိုး ပြောတဲ့ တိုင်းပြည်အခြေနေမှုမမှန်သေးဘူးဆိုတာ ဒီမှာ

မြောင်းမြမြို့က အာဏာသိမ်း ၆ လ ထပ်တိုးမှု ထောက်ခံပွဲအပြီးမှာ နေ့စားခ ကျပ် ၁၀၀၀၀ အပြည့်မရလို့ ပါဝင်သူတွေ အချင်းချင်းစကားများရန်ဖြစ်

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီလ ၃ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ မနေ့က ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်းက ကြံ့ခိုင်ရေးပါတီဝင်အချို့ရဲ့ ဦးဆောင်မှုနဲ့ လူအင်အား ၅၀၀ကျော်ပါဝင်တဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်း ၆ လထပ်တိုးမှု ထောက်ခံပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပွဲအပြီးမှာတော့ စစ်ကောင်စီထောက်ခံပွဲမှာ ပါဝင်သူတွေကို နေ့စားခရှင်းရာမှာ တစ်ဦးကို ကျပ် ၁၀၀၀၀စီ အပြည့်မရတာကြောင့် စကားများရန်ဖြစ်ခဲ့ကြတယ်လို့ ဒေသခံတွေပြောပါတယ်။

‌”စစ်ကောင်စီောက်ခံပွဲလိုက်တဲ့သူအချင်းချ် ဘယ်လောက်ရလဲမေးရင်းနဲ့ တချို့က တစ်သောင်းရတယ်။ ပြောတာကနေ မရတဲ့လူတွေက သူတို့ကို ငွေရှင်းတဲ့လူကို မေးရင်းနဲ့ ရန်ထဖြစ်တာ။

ရုပ်ပျက်ဆင်းပျက်ပဲ။ ထိုးမယ်ကြိတ်မယ်တွေဖြစ်ကုန်တာ”လို့ မျက်မြင်တွေ့ရှိတဲ့ အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ ထောက်ခံပွဲကိုလုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး အကုန်လုံးကိုဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် လူစုခွဲသွားကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြောင်းမြမြို့နယ်ရှိ ကျေးရွာအများစုမှ တပ်ထောက်ခံပွဲပါဝင်သူအင်အား ၅၀၀ ကျော်ခန့်ဟာ စင်္ကြာနန္ဒ ဘုရားရှေ့မှစတင်ကာ ၁၁ လမ်း ရှမ်းကုန်ပိုင်းလမ်းထိပ် ဦးဘချိုလမ်းနှင့် ၇ လမ်း ရုံးလမ်းအတိုင်း ဗိုလ်ချုပ်ကြေးရုပ်ရှေ့ မှ မြို့မဘောလုံးကွင်းထိ လမ်းလျောက်ချီတက်ထောက်ခံပွဲပြုလုပ်ခဲ့ကြပြီး နေစားခတစ်သောင်းနဲ့ စားသောက်စရာများရရှိတာတွေ့တယ်လို့မြို့ခံတွေကပြောပါတယ်။

မနေ့ကတိုင်းမြို့တော် ပုသိမ်အပါအဝင် ဧရာဝတီတိုင်းက မြို့နယ်အချို့မှာ စစ်တပ်ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေက အာဏာသိမ်း ၆ လ ထပ်တိုးမှုကို ထောက်ခံပွဲများ ပြုလုပ်ခဲ့ကြပါတယ်။

Ayeyarwaddy_Times