ေရး ဘီလူးဟု ေခၚသည္
မြန္ျပည္နယ္တခြင္းက….ဖိုက္တာ ျပည္သူအခ်စ္ေတာ္….
ေရး ဘီလူး တပ္ဖြဲ႕ကေတာ့…..စစ္အုပ္ခ်ဳပ္ေရးေၾကာျငာတဲ့….မအလအတြက္…..ေျမျပင္မွာဆို….ႀကိဳက္သေလာက္အင္အားနဲ႔လာခဲ့….🐕မ်ိဳးျပဳတ္ေအာင္ ျဖဳတ္ဖို႔……အဆင္သင့္ပါပဲတဲ့…..
“ေအာင္လင္းေဒြးမကလို႔ ေအာင္လင္းေဒြးအဘ မင္းေအာင္လႈိင္ပဲလာလာ ေဆာ္မွာပဲ ” မာရွယ္ေလာထုတ္ျပန္မႈအေပၚ ေရးဘီလူးအဖြဲ႕ေခါင္းေဆာင္တုန္႔ျပန္
Saw Smith
ေဖေဖာ္ဝါရီ ၃၊ ၂၀၂၃။
စစ္ေကာင္စီက အာဏာသိမ္းကာလကို ၆လသက္တမ္း ထပ္မံတိုးခဲ့ၿပီးေနာက္ ၎တို႔၏ အုပ္ခ်ဳပ္ေရးေကာင္စီ အတြင္းေရးမႉးျဖစ္လာသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္လင္းေဒြးက ၿမိဳ႕နယ္ ၃၇ ၿမိဳ႕နယ္ကို စစ္အုပ္ခ်ဳပ္ေရး မာရွယ္ေလာအာဏာက်င့္သုံးရန္ ယမန္ေန႔တြင္ ထုန္ျပန္ေၾကညာခဲ့သည္။
ထိုေၾကညာခ်က္တြင္ အေရွ႕ေတာင္ တိုင္းစစ္ဌာနခ်ဳပ္အတြင္းရွိ မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ႏွင့္ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီး၊ ေကာ့ကရိတ္ၿမိဳ႕နယ္တို႔ ပါဝင္လာခဲ့သည္။
အဆိုပါေၾကညာခ်က္ႏွင့္ ပတ္သက္၍ ေရးဘီလူးအဖြဲ႕ေခါင္းေဆာင္က သံလြင္ခက္၏ ေမးျမန္းမႈကို ယခုကဲ့သို႔ေျဖၾကားသည္။
” အာဏာစသိမ္းၿပီးကတည္းက စစ္ေကာင္စီရဲ႕ အုပ္ခ်ဳပ္မႈ ေဒသလို႔ပဲ ကြၽန္ေတာ္တို႔က ျမင္တယ္။ သူတို႔ဟာ သူတို႔ဘယ္လိုပုံစံပဲ ေျပာင္းေျပာင္း ေနာက္ထပ္စစ္အုပ္ခ်ဳပ္ေရးနဲ႔ သြားမယ့္ပုံစံမ်ိဳးေတြ ဘယ္ေလာက္ပဲ ေျပာေျပာ ကြၽန္ေတာ္တို႔ရဲ႕ အျမင္မွာကေတာ့ ဒီေကာင္ေတြက ျပည္သူကို ဖိႏွိပ္တယ္။
ျပည္သူ႔အာဏာကို လုယူထားတဲ့အတြက္ေၾကာင့္ စစ္အုပ္ခ်ဳပ္မႈစနစ္က ဟိုးအာဏာစသိမ္းၿပီးကတည္း ၂၀၂၁ ကတည္းက အုပ္ခ်ဳပ္မႈစနစ္က လည္ပတ္ေနတာပဲ ။
ကြၽန္ေတာ္တို႔အေနနဲ႔ ရွည္ရွည္ေဝးေဝး ေျပာဖို႔ မရွိဘူး ။ ဘယ္လိုပုံစံမ်ိဳးပဲ အုပ္ခ်ဳပ္အုပ္ခ်ဳပ္ ကြၽန္ေတာ္တို႔ေတြက ေတာ္လွန္သြားမယ္။ မရ ရတဲ့နည္းနဲ႔ ခ်ရမယ္။
ဒီေကာင္ေတြကို အလြတ္မေပးဘူး၊ အလစ္မေပးဘူး။ လစ္ရင္ လစ္သလိုေဆာ္မွာ။ ဒီ့ထက္မက ကြၽန္ေတာ္တို႔ ႀကီးမားတဲ့ သက္ေရာက္မႈမ်ိဳးေတြ လုပ္ဖို႔ အမ်ားႀကီး ျပင္ဆင္ထားတယ္။ ေနာက္တစ္ခုက ေခြးနဲ႔ ပ်ဴေတြ အကုန္လုံး ရဲေခြးေတြေကာ တစ္ၿပိဳင္တည္း သုတ္သင္ရွင္းလင္းဖို႔ အမ်ားႀကီး ျပင္ဆင္ထားတာမ်ိဳးေတြရွိတယ္။
ကြၽန္ေတာ္အေနနဲ႔က ဂ႐ုကိုမစိုက္တာ ေအာင္လင္းေထြးမကလို႔ ေအာင္လင္းေဒြးရဲ႕အဘ မင္းေအာင္လႈိင္ပဲ လာလာ မြန္ျပည္နယ္ထဲကို လာတာနဲ႔ ကြၽန္ေတာ္တို႔က ေဆာ္မွာ ”
ေရးဘီလူးေတာ္လွန္ေရးတပ္ဖြဲ႕သည္ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္အတြင္း၌ စစ္ေကာင္စီ စခန္းမ်ား၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္လမ္းေၾကာင္းမ်ားကို တိုက္ခိုက္ျခင္းႏွင့္ စစ္ေကာင္စီေဒါက္တိုင္မ်ားကို ရွင္းလင္းျခင္း အစရွိသည္တို႔အပါအဝင္ မစ္ရွင္မ်ားစြာ ေဆာင္႐ြက္ထားသည္။
ရေး ဘီလူးဟု ခေါ်သည်
မွန်ပြည်နယ်တခွင်းက….ဖိုက်တာ ပြည်သူအချစ်တော်….
ရေး ဘီလူး တပ်ဖွဲ့ကတော့…..စစ်အုပ်ချုပ်ရေးကြောငြာတဲ့….မအလအတွက်…..မြေပြင်မှာဆို….ကြိုက်သလောက်အင်အားနဲ့လာခဲ့….🐕မျိုးပြုတ်အောင် ဖြုတ်ဖို့……အဆင်သင့်ပါပဲတဲ့…..
“အောင်လင်းဒွေးမကလို့ အောင်လင်းဒွေးအဘ မင်းအောင်လှိုင်ပဲလာလာ ဆော်မှာပဲ ” မာရှယ်လောထုတ်ပြန်မှုအပေါ် ရေးဘီလူးအဖွဲ့ခေါင်းဆောင်တုန့်ပြန်
Saw Smith
ဖေဖော်ဝါရီ ၃၊ ၂၀၂၃။
စစ်ကောင်စီက အာဏာသိမ်းကာလကို ၆လသက်တမ်း ထပ်မံတိုးခဲ့ပြီးနောက် ၎င်းတို့၏ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဖြစ်လာသည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး မာရှယ်လောအာဏာကျင့်သုံးရန် ယမန်နေ့တွင် ထုန်ပြန်ကြေညာခဲ့သည်။
ထိုကြေညာချက်တွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်အတွင်းရှိ မွန်ပြည်နယ် ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်တို့ ပါဝင်လာခဲ့သည်။
အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်ခက်၏ မေးမြန်းမှုကို ယခုကဲ့သို့ဖြေကြားသည်။
” အာဏာစသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ဒေသလို့ပဲ ကျွန်တော်တို့က မြင်တယ်။ သူတို့ဟာ သူတို့ဘယ်လိုပုံစံပဲ ပြောင်းပြောင်း နောက်ထပ်စစ်အုပ်ချုပ်ရေးနဲ့ သွားမယ့်ပုံစံမျိုးတွေ ဘယ်လောက်ပဲ ပြောပြော ကျွန်တော်တို့ရဲ့ အမြင်မှာကတော့ ဒီကောင်တွေက ပြည်သူကို ဖိနှိပ်တယ်။
ပြည်သူ့အာဏာကို လုယူထားတဲ့အတွက်ကြောင့် စစ်အုပ်ချုပ်မှုစနစ်က ဟိုးအာဏာစသိမ်းပြီးကတည်း ၂၀၂၁ ကတည်းက အုပ်ချုပ်မှုစနစ်က လည်ပတ်နေတာပဲ ။
ကျွန်တော်တို့အနေနဲ့ ရှည်ရှည်ဝေးဝေး ပြောဖို့ မရှိဘူး ။ ဘယ်လိုပုံစံမျိုးပဲ အုပ်ချုပ်အုပ်ချုပ် ကျွန်တော်တို့တွေက တော်လှန်သွားမယ်။ မရ ရတဲ့နည်းနဲ့ ချရမယ်။
ဒီကောင်တွေကို အလွတ်မပေးဘူး၊ အလစ်မပေးဘူး။ လစ်ရင် လစ်သလိုဆော်မှာ။ ဒီ့ထက်မက ကျွန်တော်တို့ ကြီးမားတဲ့ သက်ရောက်မှုမျိုးတွေ လုပ်ဖို့ အများကြီး ပြင်ဆင်ထားတယ်။ နောက်တစ်ခုက ခွေးနဲ့ ပျူတွေ အကုန်လုံး ရဲခွေးတွေကော တစ်ပြိုင်တည်း သုတ်သင်ရှင်းလင်းဖို့ အများကြီး ပြင်ဆင်ထားတာမျိုးတွေရှိတယ်။
ကျွန်တော်အနေနဲ့က ဂရုကိုမစိုက်တာ အောင်လင်းထွေးမကလို့ အောင်လင်းဒွေးရဲ့အဘ မင်းအောင်လှိုင်ပဲ လာလာ မွန်ပြည်နယ်ထဲကို လာတာနဲ့ ကျွန်တော်တို့က ဆော်မှာ ”
ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့သည် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌ စစ်ကောင်စီ စခန်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်လမ်းကြောင်းများကို တိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီဒေါက်တိုင်များကို ရှင်းလင်းခြင်း အစရှိသည်တို့အပါအဝင် မစ်ရှင်များစွာ ဆောင်ရွက်ထားသည်။
ရုပ္သံၾကည့္ရန္