Update News- ဟုမၼလင္းတြင္ PDF က ပစ္ခ်လိုက္ေသာ စစ္ေကာင္ စီ ရဟတ္ယာဥ္မွာ ႐ုရွား Mi 17 အမ်ိဳးအစား ေထာက္ပို႔ ရဟတ္ယာဥ္ ျဖစ္ ေၾကာင္း ေျမျပင္တပ္ဖြဲ႕အတည္ျပဳ
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၃
စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕နယ္၊ ေ႐ႊျပည္ေအးၿမိဳ႕သစ္တြင္ PDF တပ္မ်ားက ပစ္ခ်လိုက္ေသာ စစ္ေကာင္စီရဟတ္ယာဥ္မွာ ႐ုရွား Mi 17 အမ်ိဳးအစား ေထာက္ ပို႔ ရဟတ္ယာဥ္ျဖစ္ေၾကာင္း HPDF မိုးႀကိဳးအဖြဲ႕မွ ျပန္ၾကားေရးတာဝန္ခံက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွစတင္ ဟုမၼလင္းၿမိဳ႕နယ္၊ ေ႐ႊျပည္ေအး ၿမိဳ႕သစ္တြင္ စစ္တပ္ႏွင့္ PDF တပ္မ်ား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ၿပီး ေ႐ႊျပည္ေအး ၿမိဳ႕သစ္ကို PDF တပ္မ်ားက ထိန္းခ်ဳပ္ခဲ့ေၾကာင္း၊ ယင္းေနာက္ တိုက္ပြဲမ်ား ဆက္တိုက္ဆိုသလိုျဖစ္ပြားၿပီး ယေန႔တြင္ Mi17 ေထာက္ပို႔ ရဟတ္ယာဥ္ကို ပစ္ခ်ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ရဟတ္ယာဥ္ ပစ္ခ်တာကိုေတာ့ အတည္ျပဳႏိုင္ပါတယ္။ ရဟတ္ယာဥ္ အမ်ိဳးအစားက Mi 17 အမ်ိဳးအစားျဖစ္ပါတယ္။ ပစ္တဲ့ လက္နက္ကိုေတာ့ က်ေနာ္တို႔ ေျပာျပလို႔ရမပါဘူး။ ရဟတ္ယာဥ္ ပ်က္က်ေအာင္ ပစ္ခ်ႏိုင္ခဲ့တာကိုေတာ့ Confirm ေပးႏိုင္ပါတယ္။ အခု ေ႐ႊျပည္ေအးၿမိဳ႕သစ္ဘက္ကို ဖုန္းလိုင္းေတြ ျဖတ္ထားပါတယ္” ဟု HPDF မိုးႀကိဳးမွ ျပန္ၾကားေရးတာဝန္ခံက ေျပာဆိုသည္။
ယေန႔ တိုက္ပြဲတြင္ စစ္ေကာင္စီဘက္မွ ၂၀ ဦးထက္မနည္းေသဆုံးၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၂ ဦး က်ဆုံးေၾကာင္း NUG ကာကြယ္ေရး ဝန္ႀကီးဌာနက တရားဝင္ သတင္းထုတ္ျပန္ထားသည္။
ဟုမၼလင္း၊ ေ႐ႊျပည္ေအးၿမိဳ႕သစ္တြင္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္(PDF) ခႏၲီးခ႐ိုင္တပ္ရင္း (၁)- ဟုမၼလင္း၊HPDF-124 ၊ HPDF၊HPDF မိုးႀကိဳး အပါအဝင္ မဟာမိတ္ တပ္ေပါင္းစုမ်ားက စစ္ေကာင္စီတပ္မ်ားကို တိုက္ခိုက္ေနျခင္း ျဖစ္ သည္။
ဓာတ္ပုံ- စစ္တပ္၏ Mi 17 ရဟတ္ယာဥ္တစ္စီးကို ေတြ႕ရစဥ္။
Update News- ဟုမ္မလင်းတွင် PDF က ပစ်ချလိုက်သော စစ်ကောင် စီ ရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက်ပို့ ရဟတ်ယာဉ် ဖြစ် ကြောင်း မြေပြင်တပ်ဖွဲ့အတည်ပြု
ရန်ကုန်၊ ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်တွင် PDF တပ်များက ပစ်ချလိုက်သော စစ်ကောင်စီရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက် ပို့ ရဟတ်ယာဉ်ဖြစ်ကြောင်း HPDF မိုးကြိုးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေး မြို့သစ်တွင် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရွှေပြည်အေး မြို့သစ်ကို PDF တပ်များက ထိန်းချုပ်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားပြီး ယနေ့တွင် Mi17 ထောက်ပို့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရဟတ်ယာဉ် ပစ်ချတာကိုတော့ အတည်ပြုနိုင်ပါတယ်။ ရဟတ်ယာဉ် အမျိုးအစားက Mi 17 အမျိုးအစားဖြစ်ပါတယ်။ ပစ်တဲ့ လက်နက်ကိုတော့ ကျနော်တို့ ပြောပြလို့ရမပါဘူး။ ရဟတ်ယာဉ် ပျက်ကျအောင် ပစ်ချနိုင်ခဲ့တာကိုတော့ Confirm ပေးနိုင်ပါတယ်။ အခု ရွှေပြည်အေးမြို့သစ်ဘက်ကို ဖုန်းလိုင်းတွေ ဖြတ်ထားပါတယ်” ဟု HPDF မိုးကြိုးမှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။
ဟုမ္မလင်း၊ ရွှေပြည်အေးမြို့သစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုး အပါအဝင် မဟာမိတ် တပ်ပေါင်းစုများက စစ်ကောင်စီတပ်များကို တိုက်ခိုက်နေခြင်း ဖြစ် သည်။
ဓာတ်ပုံ- စစ်တပ်၏ Mi 17 ရဟတ်ယာဉ်တစ်စီးကို တွေ့ရစဉ်။