Local News

ေဝါၿမိဳ႕နယ္ ျမစ္က်ိဳးနယ္ေျမရဲစခန္းႏွင့္ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို

ေဝါၿမိဳ႕နယ္ ျမစ္က်ိဳးနယ္ေျမရဲစခန္းႏွင့္ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ဒ႐ုန္းျဖင့္ ဗုံးသီးခ်တိုက္ခိုက္၊ ရဲမ်ားထြက္ေျပး

ေက်ာ္ေဇာ/People’s Spring

ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္ရွိ ျမစ္က်ိဳးနယ္ေျမရဲစခန္းႏွင့္ စစ္ေကာင္စီအုပ္ခ်ဳပ္ေရးမႉး႐ုံးတို႔ကို KNLA၊ PDF ပူးေပါင္းတပ္က ဒ႐ုန္းျဖင့္ ဗုံးသီးခ်တိုက္ခိုက္ခဲ့ေၾကာင္း ေဝါၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕က ေျပာသည္။

ယမန္ေန႔(ေဖေဖာ္ဝါရီ ၂)ည ၇ နာရီ ၅၀မိနစ္ခန္႔က ေဝါၿမိဳ႕နယ္ ျမစ္က်ိဳးေက်း႐ြာရွိ စစ္ေကာင္စီလက္ေအာက္ခံ နယ္ေျမရဲစခန္းအား KNLA၊ PDF ပူးေပါင္းတပ္မ်ားက ဒ႐ုန္းျဖင့္ ဗုံးသီးတစ္လုံးပစ္ခ်ကာ ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

အဆိုပါတိုက္ခိုက္မႈေၾကာင့္ ျမစ္က်ိဳးစခန္းရွိ စစ္ေကာင္စီရဲမ်ား စခန္းအျပင္သို႔ ထြက္ေျပးသြားၿပီး ထိခိုက္ေသဆုံးမႈရွိ၊မရွိ ဆက္လက္စုံစမ္းဆဲျဖစ္ေၾကာင္း ေဝါ(ပ.က.ဖ)မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အလားတူ ယမန္ေန႔ည ၈ နာရီ ၅၅ မိနစ္ခန္႔တြင္ ေဝါၿမိဳ႕နယ္ လက္ပန္ေက်း႐ြာရွိ စစ္ေကာင္စီတပ္မ်ား တပ္စြဲထားသည့္ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ဒ႐ုန္းျဖင့္ ဗုံးသီးတစ္လုံးပစ္ခ် တိုက္ခိုက္ခဲ့သည္ဟု အထက္ပါတာဂန္ရွိသူက ဆို သည္။

ထို႔ေနာက္ တိုက္ခိုက္ခံရသည့္ေနရာမ်ားသို႔ စစ္ေကာင္စီတပ္မွ တပ္ကူလႊတ္၍ လာေရာက္ႏိုင္ ေျခရွိေသာလမ္းပိုင္း၌ မိုင္းပြိဳင့္ဆင္၍ ေဖာက္ခြဲတိုက္ခိုက္ရန္ျပင္ဆင္ခဲ့ရာ မိုင္းဆင္ရင္း မေတာ္ တဆျဖစ္၍ ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက်ဆုံးခဲ့ေၾကာင္း ေဝါ(ပ.က.ဖ)က အတည္ျပဳသည္။

“​ေျမျပင္က လာမယ့္လမ္းေၾကာင္းကို မိုင္းသြားေထာင္တာ။ လက္ထဲမွာ မိုင္းကြဲသြားတာ”ဟု ေဝါ (ပ.က.ဖ)က ေျပာသည္။

ထို႔ေၾကာင့္ အထက္ပါ စစ္ေကာင္စီတပ္၏ စစ္ေရးပစ္မွတ္ေနရာ ႏွစ္ခုအား KNLA၊ PDF ပူးေပါင္းတပ္မ်ားတိုက္ခိုက္မႈတြင္ ရဲေဘာ္တစ္ဦး မိုင္းမေတာ္တဆျဖစ္ၿပီး က်ဆုံးခဲ့ေသာ္လည္း က်န္ရဲေဘာ္မ်ားအထိ အခိုက္မရွိခဲ့ေၾကာင္း အသိေပးထားသည္။

ဝေါမြို့နယ် မြစ်ကျိုးနယ်မြေရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်၊ ရဲများထွက်ပြေး

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ မြစ်ကျိုးနယ်မြေရဲစခန်းနှင့် စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတို့ကို KNLA၊ PDF ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂)ည ၇ နာရီ ၅၀မိနစ်ခန့်က ဝေါမြို့နယ် မြစ်ကျိုးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းအား KNLA၊ PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် မြစ်ကျိုးစခန်းရှိ စစ်ကောင်စီရဲများ စခန်းအပြင်သို့ ထွက်ပြေးသွားပြီး ထိခိုက်သေဆုံးမှုရှိ၊မရှိ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ဝေါ(ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ည ၈ နာရီ ၅၅ မိနစ်ခန့်တွင် ဝေါမြို့နယ် လက်ပန်ကျေးရွာရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချ တိုက်ခိုက်ခဲ့သည်ဟု အထက်ပါတာဂန်ရှိသူက ဆို သည်။

ထို့နောက် တိုက်ခိုက်ခံရသည့်နေရာများသို့ စစ်ကောင်စီတပ်မှ တပ်ကူလွှတ်၍ လာရောက်နိုင် ခြေရှိသောလမ်းပိုင်း၌ မိုင်းပွိုင့်ဆင်၍ ဖောက်ခွဲတိုက်ခိုက်ရန်ပြင်ဆင်ခဲ့ရာ မိုင်းဆင်ရင်း မတော် တဆဖြစ်၍ တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဝေါ(ပ.က.ဖ)က အတည်ပြုသည်။

“မြေပြင်က လာမယ့်လမ်းကြောင်းကို မိုင်းသွားထောင်တာ။ လက်ထဲမှာ မိုင်းကွဲသွားတာ”ဟု ဝေါ (ပ.က.ဖ)က ပြောသည်။

ထို့ကြောင့် အထက်ပါ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်နေရာ နှစ်ခုအား KNLA၊ PDF ပူးပေါင်းတပ်များတိုက်ခိုက်မှုတွင် ရဲဘော်တစ်ဦး မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့သော်လည်း ကျန်ရဲဘော်များအထိ အခိုက်မရှိခဲ့ကြောင်း အသိပေးထားသည်။